'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, March 6, 2015
ဆင်းရဲဒဏ် ချမ်းသာဒဏ်..
--------------
ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ဘူးတဲ့  သဘောက အများသိသလိုပဲ ဆင်းရဲတုန်းက ဆင်းရဲတဲ့ ဒဏ်ကိုခံနိုင်ကောင်းခံနိုင်ပေးမယ့် ချမ်းသာသွားရင်လွတ်ကုန်တတ်လို့ ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြဘူးပေါ့ လေ....အဲ့ ဒါနဲ့  ဒီလိုပဲ သြော် ဟုတ်မှာပါပဲပေါ့  ကိုယ်တွေလည်း ဖုတ်တသောသောထဲနေခဲ့ ဆော့ ခဲ့ တာဆိုတော့ ...နောက်တော့  စဉ်းစားမိပါတယ်...ဒါ သက်သက် ချွန်တွန်းလုပ်တဲ့ စကားပဲလို့  ဘယ်သူက အလကားနေရင်း ဆင်းရဲနေတာ အမြဲဆင်းရဲနေချင်ပါ့ မလဲနော့်  ဒါပေမယ့် ချမ်းသာဖို့ အခြေအအနေ မပေးသေးတဲ့ အခါ ဆင်းရဲတဲ့ ဒဏ် မခံနိုင်လည်း ရွေးစရာလမ်း မရှိတော့  ကြိတ်မှိတ်သည်းခံပြီး နေနေရတဲ့ ဟာ...တစ်ချို့ ဆို မခံနိုင်လွန်းတော့ လို့  ဆေးဖိုးမတတ်နိုင်တော့ လို့ သတ်တောင်သေသွားကြတာ အခုနောက်ပိုင်း ဂျာနယ်တွေထဲတောင်ပါပါလာသေးပဲ..ဒီလိုအဖြစ်အပျက်တွေက
.အရင် ကတည်းက ရှိနိုင်ပေမယ့်  သတင်းစားမျက်နှာပေါ်မရောက်လာသေးလိ့ သာလူမသိတာနေမှာ...အခတော့  ဆင်းရဲလွန်းလာတော့  လူသေတာထက်ဆိုး
သေးလို့ ဆိုနိင်မယ့် ဘ၀သေ အလုပ်တွေတောင် လုပ်မိလုပ်ရာလုပ်ကုန်လာတော့ တာ အရင် အင်္ဂလိပ်ခေတ်က မလုပ်ခဲ့ ကြတဲ့ အလုပ်အမျိုးအစားတွေတောင် လုပ်လာနေခဲ့ ကြတာ တွေ့ လာရပြီ....
နောက်တစ်ခါ ပြောသံကြားရသေးတာက အသစ်လို့ တောင်ဆိုရမလားမသိ....ချမ်းသာနေတဲ့ သူကလည်း ရုတ်တရက်ကြီးဆင်းရဲသွားရင် အဲ့ ဆင်းရဲတဲ့ ဒဏ်မခံနိုင်ပါဘူးတဲ့ ...ဆိုလိုတဲ့ သဘောက ပုံမှန်ရှိနေတဲ့  အခြေအနေတစ်ခုကနေ ရုတ်တရက် အရွေ့ တစ်ခု ဖြစ်သွားရင် ဖယိုဖရဲတွေ ဖြစ်ကုန်တတ်တဲ့ သဘောလို့ ချဲ့ တွေးပြတယ်...ရူပဗေဒသဘောတရားက အင်နားရှား သီဝရီသဘော တည်မြဲနေတဲ့ အခြေအနေမှာ ဆက်လက်တည်မြဲနေချင်တဲ့ သဘောတရားမျိုးပေါ့  ဘတ်စကားစီးတာနဲ့ နမူနာပြတယ် ရပ်ထားတဲ့ ကားပေါ်ထိုင်နေတုန်း ရုတ်တရက်ကားထွက်လိုက်ရင် နောက်လန်သွားတတ်တာ သွားနေတဲ့ ကားက ရုတ်တရက် ဘရိပ်နင်းရပ်လိုက်ရင် ကားပေါ်ထိုင်နေတဲ့ သူက ရှေ့ ငိုက်ကြသွားတာနဲ့ နမူနာပြတယ်.
..အဲ...ချမ်းသာနေဆဲလူက ရုတ်တရက်ဆင်းရဲသွားရင် ဆင်းရဲတဲ့ ဒဏ်မခံနိုင်ဘူး ဆိုတာ ငွေစက္ကူတွေ တရားမ၀င်လို့  ရုတ်တရက်ကြေငြာလိုက်တုန်းက ဒိန်းကနဲ နှလုံးရပ်သေသွားတဲ့ သူအကြောင်းရော ရူးသလိုလိုဖြစ်သွားတဲ့ သူတွေရော ရှိခဲ့ တယ်လို့ ကြားဖူးခဲ့ တယ်...
သက်တမ်းရလာတဲ့ အခြေအနေတစ်ခုကို အပြောင်းအလဲလုပ်ရင် အပြောင်းအလဲတွေ ဖြစ်သွားရင် အချိန်တစ်ခုအထိ ဖယိုဖရဲတေ အတိုင်းအတာတစ်ခုအထိဖြစ်တတ်တဲ့ သဘောပေါ့ .အဲ့ လို ဆင်းရဲဒဏ်ချမ်းသာဒဏ် ၂ခုမှာ ဆင်းရဲဒဏ်သမားတွေက ပိုကရုဏာ သက်စရာကောင်းတယ်လို့ တော့ ဖီးလ်ဖြစ်တယ်..ဘ၀တူတွေကိုး....စာလေးတစ်ကြောင်းတောင် ဖတ်မိတာ နှလုံးသားထဲ စွဲနေတယ်...အဲ့ ဒါလေးက ...
..'' ဆင်းရဲသားက ဆင်းရဲသားကို သနားသကိုး ''တဲ့ ...''အာရှတိုက် ရဲ့  အလင်းရောင်'' စာအုပ်ထဲက မောင်သာနိုး ဘာသာပြန်ချက်စာလုံးတွေနဲ့ တူပါရဲ့ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..