'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, October 5, 2016
ခေါင်းစဉ်ပေးမထား
ခေါင်းစဉ်ပေးမထား 😁
--
ဗေဒင်ထဲ ဟိုလိုလို ဒီလိုလို ခဏလိုလို ၀ါသနာလိုလို စပ်စုသလိုလို သုတေသီလိုလို နဲ့ ခြေကျွံလာလိုက်တာ မထင်မှတ်ပဲ ကြေးစားဗေဒင်သည်ဖြစ်သွားလိုက်တာ အခုအထိ ပြန်မထွက်ဖြစ်သေးဘူး 😁
စ၀င်စကတည်းက စီးပွားသဘောစိတ် မဆန်ခဲ့ တော့  မေးသမျှကို သိသမျှ ပြန်ဖြေပေးရင်းက ဘာမေးရင် ဘယ်လောက်ဆိုတာမျိုး သပ်သပ်မှတ်မှတ်တွေ မရှိတော့ ပဲ...ဆိုင်လေး အမည်ပေးချင်လို့ 
ကုမ္ပဏီအသစ်လေးပြန်ဖွဲ့ မလို့ အမည်လေး ကလေးအမည်လေးလုပ်ပါဦးဆရာ အိမ်ဆောက်မလို့  ဘယ်နေ့ ပန္နက်ရိုက်ရမလဲဆရာတွေ လာတော့  ဟုတ်ဗျ ဆိုပြီး တွက်ချက်..အဲ့ လိုလေး နံကောက်ချည်းဗျ
ရှေ့ ဆုံးက ဘာနံ နောက်ဆံက ဘာနံဖြစ်ရင် အိုကေပြီ ဘာညာတွေပေါ့ လေ အဲ့ အတွက် နိုးသီးသန့် ကြေးဖြစ်ခဲ့ တာက ပိုများတယ်..ကျနော်တို့ ကလည်း ဘာဆိုဘယ်လောက်လို့ က နှုတ်မသွက်တတ် အစလုပ်ဖို့ လည်း တည်မရ (ငွေအကြောင်းပြောရင် ရှက်စိတ်က၀င်ဝင်လာတယ် ခ် ...) တစ်ချို့ ကတော့  ခေတ်အထာပေါက်လို့ နဲ့ တူတယ် ကလေးအမည်ပေးတာ ဘယ်လောက်ယူလည်းဆရာ လို့ ဒဲ့ ကြီး
မေးတော့ မှ သြော်.အင်း အဲ နဲ့ ရပါတယ် ဘာညာနဲ့ ...
အမှန်တော့  ကျနော်တို့ နဲ့ ကံ ဆုံခဲ့ ရတဲ့ မေးသူအများစုနဲ့  ကျနော်တို့ က မေးသူနဲ့ ဟောသူ လမ်းတွေ့ ကြုံတုန်းလေး မေးစမ်းသွား မေးပြီးဟောပြီး ပြီးပြီးရောတွေ သဘောတွေထက် မိတ်ဆွေတွေလို မိသားစုတွေလို တိုင်ပင်ဖေါ်တိုင်ပင်ဖက်တွေလိုတွေဖြစ်ကုန်တာမျိုးကြောင့် အရပ်ထဲစာစောင်တွေထဲမှာ မြင်နေကြတွေ့ တွေ့ နေကြ ဘာအတွက်ဆို ဘယ်လောက် ဆိုတဲ့  စီးပွားရေးဆန်ဆန် သဘောမျိုးတွေ ကျနော်တို့ မှာ ဖြစ်မလာတာမျိုးပါပဲဗျာ..အဲ့ လိုတွေသဘောမျိုးကလည်း လုပ်ယူလို့ ရပြန်ဘူး အစကတည်းက ကံတွေသဘောကိုက ရပ်တည်ရမယ့်  ဘ၀စတိုင်ကို သတ်မှတ်ပေးလိုက်တာမျိုးပဲ .
ထွေလီကာလီတွေ လျှောက်ပြောပြီး ပြောတာက ခုမှ မနေ့ က ပြီးခဲ့ တဲ့  လပိုင်းက မွေးတဲ့  ကြာသာပတေးသားလေး လသားလေး ( ၆ ကြွင်း ကြာသာပတေး အထွန်းဘွားလေး ) ကို အမည်မှည့် ပေးတာပြောမလို့ ။ ပထမက လူကြုံနဲ့ မေးလိုက်ါတော့  ကျနော်က ကြာပတေးအစ အင်္ဂါအလယ် ကြာသာပတေးအဆုံး တစ်မျိုး နဲ့  ကြာသာပတေးတွေချည်း ဆင့် မှည့် လိုရတယ်လို့  မှာလိုက်တာပေါ့ 
အဲ့ မှာ နေ့ လည်ကြတော့  လင်ရော မယားရော အဲ့ လသား ကလေးနုနုလေးပါ ရောက်ချလာရောဗျား.ကလေးအမည်လေးဆရာတဲ့  မမှည့် တတ်ဘူးဆရာပဲရွေးပေးပါတဲ့ ....
.ဟာ ကလေးလသား နုနုလေးနဲ့ အပြင်ကိုလို့ ...(သူတို့ အဖြစ်က ကလေးအမည်ပေးတာ ကလေးကိုပါ ခေါ်လာပြရမယ်ထင်နေတာ... 😁 )
အဲ့ မှာ ဗေဒင်မာရသွန်နည်းနဲ့  နံတွေကောက် စိတ်ထဲက နံသင့် တွေ တွေ ဟိုနံနဲ့ ဒီနံနဲ့ ကောက်ချိတ် ရွတ်ကြည့်  နဲ့  တက်သုတ်ရိုက်စဉ်းစားလိုက်တာ ''ဘုန်းဆက်ပိုင် '' နဲ့  ''မင်းမင်းမြတ် '' ဆိုပြီး
၆ ကြာသာပတေး အထွန်းဘွားလေး အမည် ရလာရောဗျာ ကဲ ရော့ ဗျာ အဲ့ ဒါပဲရတယ်ဆိုတော့  အာ..နှစ်မျိုးစလုံးကြိုက်တယ်ဆရာဟီးဟီး..တဲ့  အဲ..အာ့ တော့  မတတ်နိုင်ဘူး အိမ်ကြမှ တစ်အိမ်လုံးနဲ့ တိုင်ပင်ပြီး ဆက်ညှိနှိုင်းကြပါဗျား..လို့ .. မိသားစုဆန်တဲ့  စတိုင်ဆိုတာ အဲ့ ဒါမျိုးတွေ ... 😁
အဲ '' မင်းမင်းမြတ် '' ဆိုတာ အပျိုတော်နတ်ချင်းထဲက ♫ ♪♫ ဘုန်း ဘုန်းတန်း ဘုန်းတန်း တေဇာ ဖြာဖြာရောင်လင်းပါလို့  မင်းမင်းမြတ် ထွဋ်ခေါင်မွှေ ♫ ♪♫ စာသားထဲက
မင်းမင်းမြတ် ကို ယူလိုက်တာပါဗျား.) 😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..