Wednesday, October 5, 2016
'' ရှယ်လီ ရဲ့ အပြုံး ''
'' ရှယ်လီ ရဲ့ အပြုံး ''
-----
'' ရှယ်လီ ရဲ့  ဒဿန '' ဆိုတာလေး သတိရလိုက်တော့  ဟို မဆလာခေတ်က ဘာညာသာရကာကြီး တွေ ညငှက်ကြီးတွေ တစ်ချို့ မှာ အဲ့ ခေတ်ရဲ့  ဟော့ အမည် ဘိုနာမည်  ကြုံသလိုပေးခဲ့ တာတွေရှိခဲ့ ကြတာမှာ ''ရှယ်လီ '' ဆိုတဲ့ အမည်မျိုးလည်း ပေးတတ်တယ်ပေါ့ လေ ဒီလိုအမည်ရှင်တွေက  ရူပါကော အမူအယာပါ ဆိုရှယ်ကျတယ်ပေါ့ .. အဲ့ မှာတစ်ခါက လမ်းထဲက အဖြစ်အပျက်လေးတစ်ခု ပြန်သတိရမိသေးတယ် ရယ်စရာလည်း ကောင်းသလိုလိုပဲပေါ့  လူတူမရှား အမည်တူမရှားသဘောတွေပေါ့ ..
ကျနော်တို့ လမ်းက လူချမ်းသာတွေနဲ့ လူလတ်တန်းစားအတွေက အများစုနေခဲ့ ကြတာဖြစ်ပြီး မိသားစုဘ၀ရပ်တည်ဖို့ အတွက် ကြက်ယက်သလိုယက်ပြီး နေ့ တဓူဝ တစ်နေ့ လုပ်တစ်နေ့ စား ပင်ပင်ပမ်းပမ်း ရှာဖွေနေကြရတဲ့ မိသားစုတစ်ချို့ နဲနဲပါးပါးရှိခဲ့ တယ် ၊ အဲ့ မိသားစုတစ်ချို့ က ဟိုး အထက်အညာကနေ ရေကြည်ရာမျက်နုရာ အောက်ပြည်ကိုဆင်းလာအခြေချကြတဲ့ အုပ်စုလေးတွေများတယ် ၊
သူတို့ တွေက မြို့ ကြီးပြကြီး ရဲ့ လူနေမှု့ စတိုင်အထာတွေကို မကျွမ်းသေးတာရယ်  နွမ်းပါးတဲ့ ဘ၀အတွက် သိမ်ငယ်စိတ်တွေရှိနေတတ်တာရယ်ကြောင့်  သူတို့ တွေက သင်းကွဲဂရုလေးတစ်ခုလို နေကြထိုင်ကြတယ်  တစ်ခြား လမ်းသားတွေနဲ့  ရောလေ့ မရှိပေါ့ လေ ၊
 တစ်ခြားလမ်းသားတွေကလည်း ဖာသိဖာသာပဲနေတတ်ကြပြီး ကိုယ့် စီးပွားသာ ကိုယ်ပိုစိတ်ဝင်စားနေလေ့ ရှိတယ် ၊ဒါပေမယ့် လူ့ သဘာဝ အတင်းတုတ်တဲ့ သဘောအရသူတို့ အုပ်စုတွေကို ခေါ်ကြတာက အညာအုပ်စုတွေလို နောက်ကွယ်ကနေ ခေါ်ကြတယ်...
အဲ့ မိသားစုထဲမှာ ဘော်ဒီပြေပြစ် အသားအရည်အတော်လှ အတော်ဖြူဝင်း ဓါတ်ရှင်းမင်းသမီးပေါက်စလို မျက်နှာကျပါ ရူပါစားတဲ့ အမျိုးသမီးတစ်ယောက်ပါလာတယ်..အလှအပက ထူးခြားချွန်ထွက်နေတဲ့ သဘောရှိလို့  လမ်းသားတွေက သူ့ ကို '' အညာသူမ '' လို့ နောက်ကွယ်မှာ ခေါ်ကြတယ် ၊
( တကယ်က ငါတို့ က ဘောစိ မြို့ ကြီးသားတွေဆိုပြီး  နဲနဲ နှိမ်စိတ်တွေ မနာလိုစိတ်တွေပါနေတဲ့ သဘောရှိပါတယ်) အညာသူမတို့ အိမ်က လို့ အချင်းချင်း ပြောလိုက်ရင် ဘယ်အိမ်ဆိုတာ တစ်လမ်းလုံးသိ  အဲ သူတို့ ကိုယ်တိုင်ပါနောက်တော့ သိပေါ့ လေ၊
သူတို့ မိသားစုက သိပ်နွမ်းပါးတယ်  အိမ်ကို ငှားနေတာတောင် မီးဖိုဖက်ခြမ်းမှာနေရတဲ့ အနေအထား  အိမ်ရှေ့ ခြမ်းက မိသားစုနဲ့ စပ်တူ ငှားနေရတာမျိုး  ၊  အဲ့ မှာ အဲ့ အညာသူမလေးက ၈ တန်း၂နှစ်ဆက်ကျချိန်မှာ ကျောင်းထွက်လိုက်ရတယ် သူ့ အောက်မှာ သိပ်ငယ်သေးတဲ့ ညီမနဲ့ မောင် ကရှိနေသေးတော့ လေ အမေက အလွန်ရိုး အလွန်အ ဖအေက ယောင်စစ်စတီးလိုဖြစ်နေတော့  ခါနာအတွက်ကခက်လာတယ် ဒီတော့ သူက အကြီးဆုံးဆိုတော့  အလုပ်လုပ်ရတော့တာပေါ့ ၊
မနက်စောစော လမ်းထဲက ထွက်သွား မိုးကြီးချုပ်မှ လမ်းထဲပြန်ဝင်လာနဲ့ ဘာတွေလုပ်မှန်း မသိပေမယ့်  နောက်တော့  ညနက်သန်းခေါင်မှ အဲ့ ခေတ်က သထိမ်းမင်းဆိုသဟာတွေ စီးတဲ့ ဆီဒင်ကားလို ဖင်မလီယာ ဖိုးဒိုးလိုကားလေးတွေ နဲ့  အိမ်ပြန်လာပို့ တာတွေ ဖြစ်လာတော့  လမ်းသားတွေက မသင်္ကာတော့  ဘူး။ နောက်တော့  မြို့ ကို ရွာရိုးပတ်နေတဲ့  လမ်းထဲက ဂျလေဘီ ငပွေးတွေက အဲ့ အညာသူမ ဘယ် ရက်စတောရင့် မှာ တွေ့ ခဲ့ တယ် ဘာညာတွေပြန်အတင်းချရင်းက အညာသူမလေးတစ်ယောက်တော့   ဘာညာသာရကာတွေ ဖြစ်သွားပြီပေါ့ လေ...
နောက်တော့ အဲ့ လို ဖြစ်သွားတာကို လမ်းသားတွေက သိကုန်ပြီဆိုတာကိုလည်း အညာသူမလေးက ပါးနပ်သူဆိုတော့ နောက်တော့ သိသွားတော့  ချိုပြုံးရဲ့ ဓါတ်ရှင်ထဲက ဇာတ်ဝင်စကားဖြစ်သွားရောပေါ့ လေ
အဲ ''' လောကကြီးကို အရွဲ့ တိုက်ပစ်လိုက်တာ လောကကြီးကတော့  ရွဲ့ မသွားဘူး ကျမပဲ ရွဲ့ သွားတယ်ဆိုလား  လောကကြီးကို ရွဲ့ ပြီး ခါးစောင်းတင်လိုက်တာ ကျမပဲ ခါးစောင်းသွားတယ်ဆိုလား '''
  အဲ  အဲ့ လို  ဆိုတာမျိုး လမ်းသူလမ်းသားတွေက ဝေဖန်တာ အတင်းချတာတွေကို ဂရုကိုမစိုက်တော့ဘူးပေါ့ လေ..
( အဲ့ သူရှိနေတုန်းကဆို လမ်းတောင် ကိုယ့် မြို့ နယ်ထဲမှာ အမည်ပြောင်းသွားသေးတယ် အညာသူမတို့ လမ်းတဲ့ ဗျ အညာသူမလေးက ကိုယ့် မြို့ နယ်မှာ အဲ့ လောက် နာမည်ကြီးခဲ့ တာ ( ဘုရားလူကြီး ဓမ္မာရုံလူကြီးအသိုင်းအ၀ိုင်းကတော့  စိတ်ထဲ အစာမကြေဘူးပေါ့ လေ လမ်းလူငယ်တွေကတော့ အဲ့ အတွက် ပြဿနမရှိခဲ့ ကြပါဘူး  ပြဿနာမရှိဆို အဲ့ ခေတ်ထဲလည်း  ဒါမျိုးတွေ ရိုးနေပြီသဘောရှိနေကြလို့ ပေါ့ လေ......)
တစ်နေ့  လမ်းထဲက လမ်းခေါင်းဆောင်ထဲက တစ်ယောက်ဖြစ်တဲ့  လူပျိုဟိုင်း ကာလသားကြီးက ( မိသားစုက ချမ်းသာသလို  သူ့ ရူပါကလည်း အတော်လန်းတယ် အဝေးက အမှတ်တမဲ့ ဆို မင်းသားကြီးဦးကျော်ဟိန်း နုစဉ်က ရူပါနဲ့ မျက်နှာကျက  ခပ်ဆင်ဆင်ရယ်)
အဲ့ မှာ   သူ့ ထက် ၁၀နှစ်လောက်ကြီးတဲ့  တစ်ခြားသောအရပ်က ကမ္ဘာမြေဂြိုလ်သားဖြစ်တဲ့   အပျိုဟိုင်းမမကြီး နဲ့  နဖူးစာ လမ်းထဲရောက်လာပြီး အိမ်ထောင်ထပြုတယ်ပေါ့ လေ..အဲ့ မှာ လူပျိုကြီးက သူ့ မမကြီးနဲ့  ရူပါတွေ အသက်တွေ လယ်ဘယ် လိုလို ဘာလိုလို ထင်ရအောင် တစ်သက်လုံးမထားဖူးတဲ့  ၀င်းဦးနှုတ်ခမ်းမွှေးတွေပါ ထားကုန်တဲ့ အဖြစ်ရောက်ကုန်ရောဗျာ..အဖြစ်က ..ခ်...
သူ့ မမကြီးကလည်း ဖြောင့် တာတော့  အတော်ဖြောင့် တယ် ဟိုတုန်းက မော်လမြိုင်သူ မမကြီးတွေလို အသားဝါနုဖြူ နဲ့  လုံးကြီးပေါက်လှထဲဝင်တဲ့ ဘော်ဒီဖစ်ရှာမျိုးကြီး.
ဒီတော့ ကြွေချင်လည်း ကြွေလောက်စရာပါပဲပေါ့ လေ...ငိငိ ...
(  ရုပ်ရင့် အောင်သာ နှုတ်ခမ်းမွှေးထားလိုက်တာ မမကြီးက ဘယ်လို နုအောင်ပြင်ပြင် မမကြီးက  မမကြီးမှန်း တွဲသွားရင် ရိုက်စစ်စရာမလိုဘူးရယ်ဗျား ပြီးတော့  အတူတူတွဲသွားရင် အဖြစ်က အဲ့ 
လူပျိုကြီး အမှတ်တမဲ့ ကိုကျော်က သူ့ မမကြီးထက် အရပ်က နိမ့် နေတာ လူ သိသာနေသေးတယ် ...အဟီး...လွမ်းရတဲ့ အဖြစ်က အဲ့ လိုတွေဗျား...ခ်ခ်
ဒါပေမယ့်  လမ်းသားလူငယ်တွေအသိုင်းအ၀ိုင်းမှာ  ညဖက် ညဦးပိုင်းတွေ လမ်းထိပ်မှာ ဂစ်ခေါက် လူစုမိကြချိန်တွေမှာ အဲ့ လူပျိုကြီး အကြောင်းကို အတင်းချ  ကျိတ်ကျိတ်ပြီး  တဟီးဟီးတဟားဟားတွေနဲ့ ဟာသတွေလုပ် ရယ်ပွဲတွေဖွဲ့ လုပ်နေကြရောဗျာ .
..ပထမ ဟာသက ဟိုခေတ်က ပေါက်ပြီး ပလေးဘွုင်းတို့  အယ်လ်ပီဂျေတို့  စတိတ်ရှိုးပွဲတွေမှာ အသံတု လုပ်ပြတာနဲ့  နာမည်ကြီးနေတဲ့   ဟာသ သရုပ်ဆောင် အသံတု လူရွှင်တော်ကြယ်တစ်လုံး ရဲ့  သီချင်းလေး ဖြစ်တဲ့  ''နှုတ်ခမ်းမွှေးထားတယ် အချစ်ရယ် ဥပဓိခန့် အောင်ကွယ် '' ကို စောင်းစောင်း နောက်ဆိုကြတာရယ်.( ဆိုတာကလည်း အဲ့ စာသားလေးပဲ ဆိုကြတာ ခ်)
... ( အဲ့ လို နောက်နေကြတာကို ကိုလူပျိုကြီးက သိနေပေမယ့်  ဟီးဟီး ဟဲဟဲ ပါပဲ ..ရူးချင်ယောင်ဆောင်နေလိုက်တာပေါ့ လေ...ငိငိ)
( သူ့ ညီမကမနက် ဈေးသွားရင်း သူ့ အစ်ကို လူပျိုကြီးအကြောင်း သူတို့ လမ်းသူလယ်ဘယ်ဘော်ဒါတွေ အချင်းချင်း လမ်းမှာ ရပ်စကားပြော ပြန်အတင်းချလို့  လူပျိုကြီးဒေါခွီးနေကြောင်း တစ်လမ်းလုံး ပြန်သိကုန်တာ  အဲ့ တော့မှ ပိုရယ်ရတော့ တာဗျား)
လူပျိုကြီးဒေါပွနေတဲ့ အကြောင်းက  သူက သူ့ မမကြီးကို  အပြုံး အပြုံး လို့ ချစ်စနိုးခေါ်တာ မင်္ဂလာရက်ချိတ်ပြီး ၀င်ထွက်နေကြပြီဆိုပေမယ့်  မညားသေးဘူးပေါ့ လေ....အဲ့ မှာ အဲ့ အပြုံး အပြုံးလို့  ခေါ်တာ သူ့ အိမ်ထဲသူ ခေါ်နေတာကနေ  သူတို့  အသက် လယ်ဘယ်တန်း တွေ အချင်းချင်းတွေရှေ့ မှာပါ  ''အပြုံးကလေ  အပြုံးကလေ ''' နဲ့  စကားထဲထည့် ထည့်  ပြောလာတော့ 
အဲ့ မှာ လမ်းသားတွေက သူ့ ကွယ်ရာပြုံးစိစိတွေဖြစ်ကုန်တာမျိုး
ဖြစ်ပုံကဗျာ...လမ်းထဲက ဟို ဘာညာသာရကာ နေကြာကွာစိ ဆိုတဲ့   ''အညာသူမ '''  လို့ လူသိများတဲ့ အညာသူမလေး အမည်ရင်းကလည်း  '' အပြုံး '' တဲ့  သူ့ တို့ မိသားစုက အပြုံး တို့  မပြုံး တို့ ပဲခေါ်တယ်  လမ်းထဲကသူတို့ အိမ်နဲ့ ရင်းနှီသူ တစ်ချို ကလည်း အပြုံး လို့ ပဲ ခေါ်တယ်....တစ်ခါတစ်လေ လမ်းထဲကို လူလတ်ပိုင်း တစ်စိမ်းတွေ တစ်ချို့  အိမ်ရှာရင်  အပြုံးတို့ အိမ်ဘယ်အိမ်ပါလည်းဗျာတွေဘာတွေ နဲ့  အမေးခံရသေးတယ် ၊
အဲ့ မှာ အဲ့  အပြုံး နဲ့  ဟို သူ့  မမကြီး အပြုံး နဲ့  ..အဲ့ မှာ  ဟာသတွေလုပ် နောက်စရာတွေလုပ် ရယ်ကျ ပွဲကျနေကျတာပေါ့ လေ...အဲ့ ဒါကို ကိုလူပျိုကြီးနား ပြန်ပေါက်ကြားသွားလို့  သူ့ မမကြီးကို ဟိုအပြုံးနဲ့ နှိုင်းရမလားဆိုပြီး ဒေါထခွီးတော့ တာပါပဲဗျာ....ဟီးဟီး....တစ်ခါကတုန်းက လမ်းထဲမှာပေါ့ လေ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..