'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, March 10, 2016
ဘ၀တစ်ကွေ့ မှာ..
ဘ၀တစ်ကွေ့ မှာ..
----------------------
မြစ်ထဲ ရေဆင်းကူးရင်း ရေနစ်သွားပြန်ပြီဆိုတဲ့ သတင်းဖတ်ရပြန်တော့ ..ဘေး သဘောတွေမှာ ကိုယ်တွေ့  ကြုံခဲ့ တာများတော့  အသားလွတ်ဘေးသဘောတွေကို ဖြုံတယ် ဘေးနဲ့  ကိုယ်နဲ့ က သိပ်ကင်းပုံမရဘူးဆိုတာ ကြီးတော့ ပြန်တွေးလို့ ရတယ်။ ၄ နှစ်သားနဲ့ ၂ ထပ်တိုက် ၀ရံတာက ပြုတ်ကျတာ ဆန်းရှိတ်ပေါ် တင်နေ့ လို့ သာ အခုအထိစာရိုက်နေနိုင်တာမျိုး၊ ကျောင်းပြေးတော့ ရထားခိုးစီး ပြေးတက်ပြေးဆင်းနဲ့ ကညော့ ရင်းက ရထားအထွက်မှာ ခိုထားတဲ့ လက်ချော်ထွက်ပြီး တွဲကြားထဲကျသွားတာ ပလက်ဖေါင်းဖက် ပြားနေအောင်ကပ်ထားမိခဲ့ လို့ သာ...အတော်ကြာတယ် ရထားတွဲတွေဆို ဖြုံနေတာ၊.
ဒီလိုပဲ ကျောင်းပြေးပြီး ကန်တော်ကြီးရေဆင်းကူးတော့ ရေနစ်ပြန်ရော ရေနစ်တာရေရေလည်လည် ခံရဆိုးတယ် ၀ူးဝူးဝါးဝါးပဲ ဘာအမေ ဘာဘုရားမှ တ မနေနိုင်ဘူး လက်ရောခြေရော ရုန်းနေချက်က ခေါင်းတစ်ခုလုံး ပေါက်ကွဲတော့ မတတ် ထူပိန်းမွန်းကျပ် ရင်ဘတ်ထဲဆို့ လာတာ ရေတွေဆိုတာ ရင်ခေါင်းထဲဝင်ဝင်လာတာ.. ကြောက်စိတ်က အသေကြောက်နေပြီ အဲ့ မှာလဲတော်သေးတယ် နစ်သွားရင်းက ရုတ်တရက် မြေအမာကို နင်းမိချိန် စွပ်ပြီး အားကုန် ခြေစုံကန်ထဲ့ လိုက်တာ ကမ်းဖက် ခြေဖျား ထောက်မှီတဲ့ ဖက်ပြန်ရောက်သွားလို့  သံချောင်းတို့ အဖေ ဖြစ်သွားတယ်.အဲ့ ဖြစ်နေတာ ကိုယ့် ဟာကိုယ်တော့ ရေထဲမှာတစ်ကမ္ဘာလောက်ထင်နေတာ အမှန်က ခဏလေးပဲ . အမျိုးသား ရေကူးကန်မှာ သွားသွားကူးနေလို့ ရေကူးတတ်တယ် ဆိုတဲ့ ဘ၀င်က ဒုက္ခပေးတာမျိုးအဲ့ မှာ တော်တော်နဲ့ ကန်တွေ မြစ်တွေ ရေဆင်းမဆော့ ရဲဘူးဖြစ်သွားတယ်၊
နောက်တစ်ခါ နစ်တာက တောက အဖိုးအဖွားတွေဆီနွေကျောင်းပိတ်ရက် သွားလည်ရင်းမြစ်ထဲရေဆင်းကူးတာ...အဲ့ မှာလဲ ရေကူးတတ်တယ်ဆိုတဲ့ မာန်ခံနေတော့  ကူးနည်းစုံနဲ့ ကူးနေတာ အဖွားက ကမ်းပါးထိပ်ပေါ်က စိုးရိမ်လို့ ပြန်တက်ခဲ့ ဆိုတာ မြစ်ထဲကနေ လှမ်းပြောင်ပြ လိုက်သေးတယ်. .သိပ်မကြာဘူး နစ်ရော အဲ့ မှာ အေးအေးလူလူမြစ်ရေချိုး အ၀တ်လျှော်နေတဲ့ မအေက ရေအိုးတစ်လုံး ဖက်ပြီး လာဆယ် ကမ်းဖက်ပြန်ကူးလာလို မသေပြန်ဘူး. .ငယ်ထိပ်တော့ ဖုသွားတယ်.အခေါက်ခံရတာ..ကံကောင်းတာက ရေစီးနှေးနေတဲ့ နေရာလေးဖြစ်လို့ ...မြစ်တွေချောင်းတွေဟာ တစ်နယ်သားကို လူစားတတ်တယ်လို့ ဆိုသကိုး.အဖွားက အာ့ ကြောင့် စိုးရိမ်နေတာ.ပြီးတော့  ရှင်လဲပြုခါနီးနေပြီလေ...။
ကျောင်းပြီးတော့  ကားမောင်းစားဘူးတယ်...ကားမောင်းမစားခင်မှာကို မီးပွိုင့် မှာ ရပ်ထားတဲ့ ကားရှေ့ ကရော်ကမယ်နဲ့ ဖြတ်အလျှောက် ကားက ရုတ်တရက်ထထွက်လာ လန့် ပြီးခုန်ရှောင်လိုက်ပေမယ့်  မလွတ်တလွတ်နဲ့ ဖင်ကိုတိုက်ခံလိုက်ရတော့  ပစ်လဲ ခြေသန်းလေးကျိုးပေါ့ ..နောက်ကားမောင်းစားတော့  မသေထိုက်သေးလို့ ဆိုတာက ၂ ခါလောက်နဲ့  အသေးစားက ၃ ခါလောက် ကိုယ်က သွားဖဲ့ တာကမှ ၁ ခါထဲ သူများလာဖဲ့ သွားတာချည်းပဲ..အဲ့ မှာ တွေးဖြုံပြီး ....ဆက်မောင်းစားနေရင် မြန်မြန်ဂိမယ့် ပုံပဲ ကံပါပုံ ရတယ်တယ်ဆိုပြီး ကားမောင်းမစားတော့ ဘူးဖြစ်သွားတယ်.. အရင်ကသံထည်ကိုယ်တွေနဲ့  ပန်ကာနဲ့  သတိလစ်လုလု သေလုလုအထိ ဓါတ်လိုက်ခံရပြီးနောက်ပိုင်း ဘယ်လျပ်စစ်မှ လျှော့ မတွက်ရဲ့ တော့ ဘူး.. ဘ၀တစ်ကွေ့ ရဲ့ တစ်ချို့ အကွေ့ တွေဟာ ဘ၀အတွေ့ အကြုံကနေ ဘ၀နေမှု့ စတိုင်ကို ပြောင်းလဲပေးလိုက်တာမျိုးလဲရှိတတ်တယ်ပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..