Monday, May 4, 2015




တန်းစီ တိုင်ထိပ် ၊ တိုင်ထိပ် တန်းစီး
--------------------------------
သုံးတန်ပေါ်နိစ္စပြ ကနေ ထွက်လာတဲ့  တိုင်ပညာမှာ  နိစ္စပြကြိုးတွဲက တစ်ခါတစ်လေ ဒဲ့ ပြဿနာထရှာတာက တွေ့ ရလွယ်လို့  သိပ်မထူးဆန်းပေမယ့် 
တိုင်အပေါ်သုံးလုံး က ကောင်းပါတယ် ဆိုတဲ့ တိုင်ထိပ် တန်းစီး ဆိုတဲ့  နံတွေက အတွဲဖြစ်သွားချိန်မှာ အဲ့ အတွဲက  ထ ထ ရစ်ပုံက ထူးဆန်းတယ်.
..ဖြစ်တောင့်  ဖြစ်ခဲလည်း ဖြစ်ပေမယ့်  ကြုံတော့ ကြုံလေ့ ရှိတယ်...

၆၈ ၊ ၃ လပိုင်း မွေး ၆ကြွင်းတနင်္ဂနွေသား သိုက်ဘွားဟာ ကနေဒါ စီတဇင်ပါ...သူ့ မိန်းမက ၂လပိုင်း ၇၆ ဘွား သုည တနင်္လာ သိုက်ဘွား ပီအာပါ၊

အဲ့ လင်မယား ၂ ယောက် သင်္ကြန်တုံးက ဒီကို ခဏပြန်လာလည်ပါတယ်....သင်္ကြန်လည်ဖို့ စိတ်ကူးကြပေမယ့်  ဖြစ်ပုံက သင်္ကြန်မတိုင်ခင် တစ်ရက် ညနေပိုင်းမှာ ပေါက်စီ ၂ လုံးစားလိုက်တာ ချမ်းပီးချက်က ဒရစ်ပါချိတ်လိုက်ရတဲ့ ဘ၀ရောက်သွားလို့ သင်္ကြန်မလည်လိုက်ရဘူးဖြစ်သွားပါတယ်...

လက်တွေ့ အသုံးချ အခါတိုင်ပညာသဘောပါ..


လက်တွေ့ အသုံးချ အခါတိုင်ပညာသဘောပါ..
၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ပြဿနာက ကျနော်က စီကာပတ်ကုံးနဲ့ စာမသင်တတ်ဘူး ကိုယ်တိုင်ရဲ့ အတွေ့ အကြုံတွေ ဆရာတွေ ပြောပြတဲ့ အကြောင်းတွေ ကို ပဲ ပြန်ပြောတတ်တာရယ် ကိုယ်ဘယ်လို လေ့ လာခဲ့ တယ် ဘယ်လိုတွေးပါတယ် ဆိုတာကိုပဲ ပြန်ပြောတတ်တာ...ဒါကြောင့်  အင်္ဂါ့ ဝိဇ္ဇာ အခါတိုင်တွေသဘောကို စာပေပုံစံ ၀င်အောင်မရေးပြနိုင်တာမျိုးပဲ....ကျနော်ကိုင်ထားတာက န၀င်း ရယ် ခိုက်ရယ်..ဖြစ်တော်စဉ်က ယူထားတဲ့  အခြေခံရယ်သာ ကိုင်ထားတာ..အဲ့ ဘောင်ထဲကနေ စဉ်းစားပြောရတာကျနော်လေ့ လာခဲ့ ပုံအရ သူများအတွက်ဆို အခါတိုင်သုံးပုံက တစ်မျိုးဖြစ်ပြီး ကိုယ်ရေးကိုယ်တာအတွက်က တစ်ပုံစံသွားနေတယ်...အဲ့  ၂ ခုက ရောတဲ့ နေရာရော ကွဲတဲ့ နေရာကွဲပါတယ်...

တိုင်နဲ့ အတူနေ တိုင်နဲ့ အတူစား ဆိုတဲ့ သဘောက..မိုးလင်းကတည်းက အိပ်ခါနီးအထိ ဘယ်နှစ်နာရီဆို ဒါဟာ ဘယ်တိုင်ရောက်နေပြီလို့  တစ်ချိန်လုံးနာရီတကြည့် ကြည့် နဲ့  နေထိုင်စားသောက်နေခဲ့ တာကိုဆိုလိုတာ...အဲ့ လိုနေတဲ့ အခါ ဘယ်အခါတိုင်ဆိုတာ ဘေ့ စစ်က ဘယ်လို လို့  စိတ်ထဲမှာ သီအိုရီက ရှိနေပြီသား..

'' ပင်ရင်း/ရန်ကုန်မြို့ လသာမြို့ နယ် ၁၇လမ်း အမှတ်....''

'



' ပင်ရင်း/ရန်ကုန်မြို့ လသာမြို့ နယ် ၁၇လမ်း အမှတ်....''
-------------
အဲ့ ဒါ အိမ်က လူက ဘာစိတ်ကူးပေါက်တယ် မသိဘူး အရုပ်လေးတွေ တောင်ကိုင်ကြည့် မြောက်ကိုင်ကြည့် နဲ့ ..တော်ကြာတော့  သူ့ ဆီက ရီသံ  ထွက်လာတယ်..''' ဟားဟားဟား...ဒူဘိုင်းက လက်ဆောင်လည်း တရုပ်လုပ်နဲ့ ကို မလွတ်ဘူး..ဟားဟား..''ဆိုလို့  ''ဟေ..ဘာတုန်း.''.ဆိုတော့ 
.''ဒီ ဒူဘိုင်းအမှတ်တရ အရုပ်လေးလေ ''တဲ့ ..ယူကြည့် လိုက်တော့ .

.'''သြော..မနှစ်က ဒူဘိုင်းပြန်တစ်ယောက် သယ်လာ လက်ဆောင်ပေးတဲ့ အမှတ်တရလေးပဲ...မှန်း '' ဆိုပြီး ဖင်လှန်ကြည့် တော့ 
 ''  MADE IN P.R.C  ဆိုပါလား...ဟီးဟီး အေးဟ တရုပ်လုပ်ကြီးဟ ဖစ်မှ ဖစ်ရလေ..ဟားဟားဟား..''  ပေါ့ လေ..သြော်..သူ့ ခမျာ ပြည်မကြီးကနေ လေယာဉ်အတန်တန် သင်္ဘောအတန်တန်နဲ့ ဒူဘိုင်းသွား ပြီးမှ ဒီဘက်ပြန်လာနဲ့ ..အတော် ခရီးပမ်းနေမှာလို့ .......အဟီးး..

အာ့ နဲ့  ဟိုတစ်ခါက အိမ်ကလူတွေ အညာသွားရင်း အညာပြန်ဆိုပြီး ၀ယ်လာတဲ့ ဆီးသီးထုပ်လေးတွေ အကြောင်းတောင်သတိရလိုက်မိသေးဗျာ.....ချောက် ရေနံချောင်းဘက်ကနေ ပြန်လာတော့  လမ်းမှာ ကားနားတုန်း တကူးတက ၀ယ်လာတာတဲ့  အစေ့ လွတ် စလေ ဆီးသီးထုပ်တွေ မနဲဘူး...၀ယ်လာတော့  ဖေါက်စားတာပေါ့ ...ဖေါက်စားရင်းက..တံဆိပ်ကြည့် တာ.''''ပင်ရင်း/ရန်ကုန်မြို့ လသာမြို့ နယ် ၁၇လမ်း အမှတ်...''' တဲ့ ..'' ဟားးးဟဲ့ ..နင့် အညာက သယ်လာတဲ့  အစေ့ လွတ်ကြီး က ပင်ရင်း ရန်ကုန်မြို့ ဆိုပါလား နင့် ဟာက ရန်ကုန်က ဆီးသီး အညာက ပြန်ဝယ်လာသလိုကြီးဖြစ်နေပြီ ..ဟားဟား '''.ရီပြီးပြောလိုက်တော့  မောင်နှစ်မတွေ..ဆီးထုပ်လာကြည့် ပြီး အေးဟဲ့ ဆိုပြီး ရီလိုက်ကြတာဆိုတာ...ဟီးး..




'''ဗေဒင်ဆရာတို့ သည်လည်း ဗေဒင်ယုံကြသူများကို ဗေဒင်ဟော မပျက်ကြသေးခြေ....''
-----------------------------------------
ဗေဒင်ဆရာတွေ အများစုက ဗေဒင်ယုံတဲ့ သူတွေကိုပဲ ဗေဒင်ဟောကြတယ်ဆိုတာ ယုတ္တိရှိနိုင်ပါသည်လား...

ဗေဒင် မယုံတဲ့ သူတွေကို ဗေဒင်ဟောပါရစေ ခင်ဗျာလို့   ဗေဒင်ဆရာဆိုသူတွေက တကူးတက လိုက်ခွင့် တောင်းပြီး ဟောကြတာ ကြားဘူးပါသလား ကြုံဘူးပါသလား.ကြုံဖူးကြားဖူးတယ်ဆိုရင် ဘယ်လိုဗေဒင်ဆရာမျိုးလဲဆိုတာ အကဲခတ်ခဲ့ ဘူးပါသလား...

နောက်.. ဗေဒင် မယုံပါဘူးဆိုတဲ့ သူတွေကို ဗေဒင်ဆရာဆိုသူတွေက ဗေဒင်ကို မယုံရင် မြေမြိုလိမ့် မယ်လို့  ခြိမ်းခြောက်တာကိုရော ကြားဘူးပါသလား ကြုံဘူးပါသလား.....

ဘာတွေ ဘယ်လို ဆိုနေကြစေ .ဗေဒင်ကို ယုံပါတယ်ဆိုတဲ့ သူတွေရော မယုံပါဘူးဆိုသူတွေရော တစ်ချိန်ချိန်မှာ သေဆုံးသွားကြပေမယ့်  ''''ဗေဒင်ပညာနဲ့ ဗေဒင်ဆရာတွေ ''' ဆိုတဲ့ ခေါင်းစဉ်ကြီးကတော့  လူ့ အဖွဲ့ အစည်းထဲမှာ တစ်နေရာမဟုတ် တစ်နေရာ တစ်ဒေသမဟုတ် တစ်ဒေသမှာ ရှင်သန်နေမြဲ ရှိနေသေးတာ မြင်တွေ့ နေရဆဲဖြစ်နေတာနဲ့  ................

ဗေဒင်ပညာတွေလို အပါအ၀င်  မကောင်းဘူးဆိုတဲ့  မမှန်ဘူးဆိုတဲ့  စနစ်တွေ အစ်ဇင်တွေ ၀ါဒတွေ မိစ္ဆာအယူ ဆိုတာတွေ အပါအ၀င် မယုံကြည်ထိုက်ဖူးဆိုတဲ အရာတွေ ဟာ ဘာကြာင့် များ ဒီနေ့ အထိ ဆက်လက် ရှင်သန်နေဆဲ ရှိနေသေးလဲဆိုတာက စဉ်းစားစရာ...

.ဤအရာတွေဟာ မယုံကြည်ထိုက်ဖူးလို့  ဆိုသူတွေက မယုံကြည်ထိုက်ဖူးဆိုတဲ့  အရာတွေကို ကမ္ဘာမြေပေါ်က အပြီးတိုင် ပျက်ဆီးပျောက်ကွယ်သွားအောင် ဖျက်နိုင်စွမ်း စွမ်းဆောင်နိုင်စွမ်း မရှိလို့ လား ၊ သဘာဝတ္တတရားကြီးက သူ့ အလုပ် သူလုပ်နေတဲ့ သဘောကြောင့်  ဘေးက ၀င်ခြယ်လှယ်ခွင့်  မရလို့ လား.တွေးစရာ...

မည်သို့ ဆိုစေ..သဘာဝတ္တတရားကြီး နဲ့  လူ့ အဖွဲ့ အစည်းတွေကတော့  ကုသိုလ် အကုသိုလ် ကောင်းမှု့ မကောင်းမှု့ တွေနှင့်  လုံးထွေး ရှုတ်ပွလျက် သူ့ ပုံစံမပျက် ရှေ့ ကို ဆက်သွားနေလေ၏...

ကမ္ဘာကြီးကလည်း နေ့ တစ်လှည့် ညတစ်လှည့်  နေတစ်လှည့်  လတစ်လှည့် ဖြင့် ဆက်လက် လည်ပတ်နေမြဲဖြစ်သကဲ့ သို့ 

ဗေဒင်ဆရာတို့ သည်လည်း ဗေဒင်ယုံကြသူများကို ဗေဒင်ဟော မပျက်ကြသေးခြေ.......

'''နင့် ဟယ်...ငါမွေးထားတုန်းက........''















'''နင့် ဟယ်...ငါမွေးထားတုန်းက........''
---------------
မငယ့် တငယ် အိမ်နားက လမ်းထိပ်က မီးပွိုင့် နားမှာ ကားတိုက်ခံရဘူးတယ် ပွတ်ယုံလေးပါ..ဒါပေမယ့်  ကိုယ့် ဟာကိုယ်ဖင်ထိုင်လျက်သားလေးကနေ ထုံကျင်နေတဲ့ ခြေထောက်ကို လျှောက်စမ်းကြီးတော့  ခြေညှိုးလေးက အတွေ့ အထိ မသိတော့ ဘူး ( နောက်တော့ သိရတာ အက်သွားတယ်.)


ကတ္တရာလမ်းမပေါ်မှာ ဖင်ထိုင်လျက်သားလေးကနေလည်း ချက်ချင်းမထနိုင်ဘူး..နာတာရယ် သွေးလန့် သွားတာရယ် လူတွေဝိုင်းလာကြည့် လို့  ရှက်နေတာရယ် နဲ့  ခေါင်းထဲလည်း ဘာမှ မသိတော့ ဘူး ကြောင်စီစီကြီးဖြစ်နေတယ် .အရပ်အသံကတော့  '''ဟာ...ကားတိုက်သွားပြီ '' လို့  ၀ိုင်းအော်လိုက်တော့  လူတွေ ၀ိုင်းလာတယ် နောက်တော့  ဒီလမ်းထဲက ဘယ်အိမ်က ဘယ်သူ့ သားလေး ဆိုတာ သတင်းပျံ့ သွားပြီး အဲ့ သတင်းက အိမ်ရောက်သွားတယ်...
'

''အမေ '''....ဆံပင်ဖါးလျားကြီးနဲ့  ပြေးချလာပြီး လူတွေကြားထဲကနေ အတင်းဝင်ဖက်တယ်....
''' ဟယ်....သား..သားး..ဘယ်နေရာ ကျိုးသွားလဲ..နင့် ဟယ်...မသေကောင်းမပျောက်ကောင်း.''  နဲ့  ....ပါးစပ်က စကားတွေ တတွတ်တွတ်ရွတ် မျက်ရေတွေ ဒလဟောနဲ့  တစ်ကိုယ်လုံးကို လျောက်စမ်းတော့ တယ်...

အဲ့ ဒီ တတွတ်တွတ် စကားတွေထဲမှာ မှတ်မှတ်ရရ စကားလုံးလေး...''နင့် ဟယ်...ငါမွေးထားတုန်းက ခြေစုံလက်စုံ အင်္ဂါစုံလေးပါဟယ်.ကျိုးပဲ့ ကန်းလို့ ကတော့  ငါရင်ကျိုးပါပြီဟယ်.....''' တဲ့ ....