Monday, May 4, 2015

လက်တွေ့ အသုံးချ အခါတိုင်ပညာသဘောပါ..


လက်တွေ့ အသုံးချ အခါတိုင်ပညာသဘောပါ..
၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ပြဿနာက ကျနော်က စီကာပတ်ကုံးနဲ့ စာမသင်တတ်ဘူး ကိုယ်တိုင်ရဲ့ အတွေ့ အကြုံတွေ ဆရာတွေ ပြောပြတဲ့ အကြောင်းတွေ ကို ပဲ ပြန်ပြောတတ်တာရယ် ကိုယ်ဘယ်လို လေ့ လာခဲ့ တယ် ဘယ်လိုတွေးပါတယ် ဆိုတာကိုပဲ ပြန်ပြောတတ်တာ...ဒါကြောင့်  အင်္ဂါ့ ဝိဇ္ဇာ အခါတိုင်တွေသဘောကို စာပေပုံစံ ၀င်အောင်မရေးပြနိုင်တာမျိုးပဲ....ကျနော်ကိုင်ထားတာက န၀င်း ရယ် ခိုက်ရယ်..ဖြစ်တော်စဉ်က ယူထားတဲ့  အခြေခံရယ်သာ ကိုင်ထားတာ..အဲ့ ဘောင်ထဲကနေ စဉ်းစားပြောရတာကျနော်လေ့ လာခဲ့ ပုံအရ သူများအတွက်ဆို အခါတိုင်သုံးပုံက တစ်မျိုးဖြစ်ပြီး ကိုယ်ရေးကိုယ်တာအတွက်က တစ်ပုံစံသွားနေတယ်...အဲ့  ၂ ခုက ရောတဲ့ နေရာရော ကွဲတဲ့ နေရာကွဲပါတယ်...

တိုင်နဲ့ အတူနေ တိုင်နဲ့ အတူစား ဆိုတဲ့ သဘောက..မိုးလင်းကတည်းက အိပ်ခါနီးအထိ ဘယ်နှစ်နာရီဆို ဒါဟာ ဘယ်တိုင်ရောက်နေပြီလို့  တစ်ချိန်လုံးနာရီတကြည့် ကြည့် နဲ့  နေထိုင်စားသောက်နေခဲ့ တာကိုဆိုလိုတာ...အဲ့ လိုနေတဲ့ အခါ ဘယ်အခါတိုင်ဆိုတာ ဘေ့ စစ်က ဘယ်လို လို့  စိတ်ထဲမှာ သီအိုရီက ရှိနေပြီသား..



အဲတော့  လူမှာ အကြားနဲ့ အမြင် ဆိုတာရှိတယ် ..နားနဲ့  မျက်စိကို ဖွင့် ထားတယ်ပေါ့ ...ဒီတော့  ဆိုပါတော့  နာရီကြည့် လိုက်လို့  ....

သူရဇ္ဇတိုင်ဆိုတာနဲ့  ဒီ တစ်နာရီခွဲအတွင်းမှာ အကြားအရာ (သို့ ) အမြင်အရ ကိုယ်ပတ်ဝန်းကျင် တစ်ခုလုံးမှာ   တရားသံ ( သူရဇ္ဇတိုင် ရဲ့ န၀င်းတိုင်ထိပ် ကြာသာပတေးနံ ပညာအတွေးအခေါ် အလိုအရ သမမျှတတဲ့ အတွေးအခေါ်ဦးစီးနေတဲ့ ကောင်းတဲ့ အပြုအမူအပြောအဆိုတွေ) အမှု့ သံ ...(သူရဇ္ဇတိုင်ရဲ့ ခိုက် စနေနံ ပြဿနာသံတွေ လောဘသံတွေ မာန်မာနထွက်နေတဲ့ လေသံတွေ အရှက်တရား အကြောင်းတွေ အကြောမခံတဲ့ သဘောတွေ စသဖြင့် မကောင်းတဲ့ အပြုအမူတွေ ပြောသံဆိုသံတွေ) စသဖြင့်  တစ်ခုခု လွှမ်းမိုးနေလိမ့် မယ် ...ဒါဆို ဒီ သူရဇ္ဇတိုင် အခါ တစ်နာရီခွဲကာလဟာ အပြည့် ဝင်နေပြီ အခါမှန်နေပြီ...ဒီသဘောကိုကိုင်ထားလိုက်ပြီ.....

ဒါကို သုံးတာက ကိုယ့် မွေးနံဟာ ဘယ်မှာရှိသလဲ ကို အရင်သတိထားလိုက်တာ..နာ၊ခိုက်၊ပျက် ၊ မူလမှာ ရှိနေရင် လောဘမာန မတက်အောင် ဆင်ဆင်ခြင်ခြင်နေမယ်ပြောဆိုဆက်ဆံမယ်..ငြိမ်ငြိမ်နေမယ် ကြိုသည်းခံထားလိုက်မယ် လုပ်ရိုးလုပ်စဉ်သာလုပ်နေမယ် မကောင်းတာတွေမလုပ်ဖူး မစွန့် စားဘူး .န၀င်း စီးပွား စုတ် နေရာမှာ ရှိနေရင်တော့  ကြံစည်ထားတဲ့  ကောင်းတဲ့ အပြုအမူတွေ အကောင်အထည် ထဖေါ်မယ်.ပိုကောင်းအောင်နေမယ် စိတ်က ဘုရားစာတစ်ခုခု ရွတ်ထားလိုက်တယ်....ဒါ ကိုယ်တိုင်အတွက်သုံးတဲ့ စတိုင်......

( အဲ့ ဒီမှာ ပညာတစ်ကွက်က ဘာနေ့ သားမဆိုပေါ့  သူရဇ္ဇတိုင်မှာ ၀န်းကျင်မှာ ခိုက်သံ ဆိုတဲ့ အပြစ်ဖွဲ့ စကားတွေ စွတ်စွဲပြောဆိုသံတွေ လောဘမာနသံတွေကြားလိုက်ရ မြင်လိုက်ရရင် သူတို့ ကတော့  ခိုက်ယူသွားပြီး ဒီတော့  န၀င်းကျန်တယ် ဒါကိုယ့်  အတွက်ပဲဆိုပြီး ပညာတစ်ခုခုထကစားလိုက်ရင် အာနိသင်ပြတာမြန်သွားတယ်..ဥပမာ မီးထွန်းပိုက်ဆံကို ထပြီး ဘုရားမီးပူဇော်လိုက်တာမျိုးပေါ့ ..၊ ပတ်ဝန်းကျင်မှာ အဲ့ သူရဇ္ဇတိုင် ရောက်မှ တရားခွေတစ်ခုခု ဖွင့် ပြီး ကားမောင်းသွားသံ ကြားလိုက်ရတဲ့ အခါ သူတို့ ကတော့  န၀င်းကို ယူသွားပြီး ကိုယ့် မှာ ခိုက်ကျန်ခဲ့ နိုင်တယ် ငါတော့ အပြောအဆို အပြုအမူတွေ ဆင်ခြင်မှ ခပ်ကုပ်ကုပ်နေမှ လို့  ဒိုင်လျိုလေးနေလိုက်တော့ တယ်..ဒါက အခါတိုင်ကို ပညာကစားတာ ပါ)

သူများအတွက် ဆိုရင်တော့  ဆိုပါတော့  သူရဇ္ဇတိုင်မှာဗေဒင်လာမေးသူတွေဟာ န၀င်းကိစ္စသဘော ပညာသမားတွေ ပညာသင်ဖို့ လုပ်နေတာ ပညာရေးလောကနဲ့ ပတ်သက်နေသူတွေ ဆရာသခင် ဘာညာကွိကွတွေ စသဖြင့် ကြာသာပတေးနံနဲ့ ပတ်သက်နေတဲ့ သူတွေပါလာတတ်သလို ခိုက်သတ္တိသဘော အမွေလုပွဲဆင်နွှဲနေသူတွေ လောတက်နေသူတွေ အင်ပရက်ရှင်ကိစ္စတွေ အရှက်ခွဲပွဲ သိက္ခာချပွဲတွေ အတိုင်အတောတွေ မာန်တက်နေသူတွေ စသဖြင့်  စနေနံနဲ့ ပတ်သက်နေသူတွေပါလာလေ့ ရှိတယ် ...

ဒါပေမယ့် အများအားဖြင့်  ခိုက်သံထွက်နေတဲ့ သူတွေသာပိုလာတာများတယ်..ဒါကလည်း အကြောင်း ယုတ္တိရှိတာက ဗေဒင်ကို အရွယ်ရသူတွေ လာမေးတယ်ဆိုတာ ပျော်လို့  လာမေးတာ မဟုတ်ပဲ ပြဿနာတစ်ခုခု ရှိလို့ သာ နဲ့ အဲ့ ပြဿနာတွေကို သူတို့ ဟာသူတို့  ခေါင်းစားရတာ အားမရလို့  မနိုင်တော့ လို့  လာမေးကြတာများလို့ ကြောင့် ပဲ..

အဲ့ ဒီလို အများအတွက် အဟောအဖြစ် အခါတိုင်ကို သုံးတဲ့ အခါ တိုင်ချည်းသက်သက် သဘောက တပွဲတိုးတော့  ဖြေရှင်းပေးလို့ ရတယ် သဘောက လာမေးသူဟာ တိုင်ရဲ့  အပေါ် သုံးလုံးနေ့သားတွေလား ဒါမှမဟုတ် တိုင်ရဲ့  မူလကနေ အောက်သုံးလုံးသမားလားပေါ့ ...အပေါ်သမားဆိုရင် အနိုင်ဘက်က (သို့ ) ကူညီပေးရတာ လွယ်ပြီ အောက်သမားဆိုရင် ခံနေရပြီ ကူညီရတာ လက်ဝင်မယ်..ဒီလို စခွဲလိုက်တာ...
ရေရှည်ကြတော့  ဘာအခါတိုင်နဲ့ လာလာ တိုင်မှာ အပေါ်နေ့ သားအောက်နေ့သားတွေ ဖြစ်နေပါစေ နောက်ဆုံးရလာဒ်က သက်ရောက်မှာ အဖြေချုပ်တယ်..

သဘောက သူရဇ္ဇတိုင် နဲ့ ကြာသာပတေးသားတစ်ယောက်လာတယ် ပြဿနာဖြစ်နေတယ်ပြောတယ် န၀င်းသမားဖြစ်လို့  လောလောဆယ်တော့ အိုကေနေပုံရတယ် ယတြာကူလို့  တပွဲတိုးတော့  စမတ်ကျနိုင်တယ်..ဒါပေမယ့်  သူ့ အသက်က ၄၈ နှစ် စနေသက်ရောက် ဖြစ်နေတယ်..ဒါဆို ဒီကြာသာပတေးသားရဲ့ အနိုင်ဟာ (သို့ ) ဟန်ကျနေတယ်ပြောတာဟာ ယာယီ သာယာနေတဲ့  သဘောသာဖြစ်တယ် မကြာခင်မုန်တိုင်းလာတော့ မယ်...ဒီလိုသိလိုက်တာ..

ဒီ သူရဇ္ဇတိုင် တိုင်မှာပဲ ခိုက်သမား စနေသားတစ်ယောက်လာတယ်.. .သေခြာတယ်ကွိုင်တက်နေပြီ ညစ်နေပြီ ဒါပေမယ့်  သူ့  အသက်က ၄၆ နှစ် တနင်္လာသက်ရောက် အကောင်းဖြစ်နေတယ်..အိုကေ သက်ရောက်ကောင်းတော့  သူပါလာတဲ့ ပြဿနာဟာ ယာယီပဲ ရှင်းလို့ နိုင်လိမ့် မယ် ယတြာကူရင်အောင်မြင်လိမ့် မယ် အဆင်ပြေရင် ဆရာတောင် ရမ်းပေး တဲ့ ယတြာနဲ့ တောင် အလုပ်ဖြစ်သွားတတ်လို့  ယတြာစွမ်းတယ်ဆိုပြီး နာမည်ကြီးသွားနိုင်တယ်..ဒီလိုသိလိုက်ပြီ .ဒီလို သုံးတာဟာ လွယ်ကူထိရောက်ပြီး..အလွန်အသုံးတည့် ပြီး အဲ...အလွန်အသုံးတည့် ပါတယ် ခီညာ....ငိငိ.
ဒါဟာ အခါတိုင်နဲ့ သက်ရောက်ကို တွဲပြီး သူများအတွက် ဘယ်လို သုံးသွားတယ်ဆိုတာ ကျနော်သုံးနေတဲ့ စတိုင်ကို ပြန်ရေးပြတာပါ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..