Tuesday, December 15, 2015

''စေလိုရာ စေခဲ့ စေပါမေ ''


''စေလိုရာ စေခဲ့ စေပါမေ ''
-------------
တံဆိပ်တွေကတော့ အစုံ အစုံ
အပုံ အပုံ ပါပဲ မေ.....၊

ပုံတွေ ဒီဇိုင်းတွေ နည်းတွေ အရသာတွေ
ဘယ်လောက်စုံစုံ...စုံခဲ့ စေ

မြေခင်းသာလေးထဲ ပုံလျက်သား
လဲကျစေတဲ့ အထိ ထွေစေမှာလား

ဖြည်းဖြည်း ညင်သာ ဆင်မယဉ်သာ ကကွက်နင်း
တပင်တိုင် ကကျိုးညှင်းလေးနဲ့ ထွေစေလေသလား

လေအလာ နဲ့ ရေဇလာ နဒီကြော လှိုင်းအိလေးနဲ့ မျောပါနေသလို
တအိအိတက် ဇရက်မင်းကဲ့ သို့ ထွေနေစေမှာလား

ဟက်ကနဲ့ လောကကို ရယ်သွမ်းသွေး
နွေးထွေးတဲ့  အတိတ်တရား လောကထဲ
တိုင်းမရှင်းလေး စီးမိလျက်နဲ့ ဖြစ်နေစေသလား...

ကြုံခဲ့ သမျှ အဖြစ် အထွေထွေကို မျက်လုံးလေးစင်း အဟင်းဟင်းလေး ရယ်နေယုံလား....
ဘယ်ပုံဘယ်နည်းနဲ့  လွမ်းတမ်းတ ချစ်ခြင်းတရားရဲ့  ရင်ခွင်သာမှာ
စင်တင် ဂီတလေး နားဆင်ရင်း မင့် ကို မမေ့ ရက်နိုင်ပါလို့
့လျှာဖျားလေးနဲ့  ငြီးတွား ရဲနေစေမှာလဲ

အရိုးများချေးခါး တံဆိပ်ကြွား
ကြွားချင်သလိုကြွား....
နဲနဲလေးမှ ထွေစေရော့ မထွေလာ
ကျွဲလိုလို မန်းသာသာ စပရိုက်အလားသာဖြင့် ...

 ငှင့် ...ထွေညီလာ ရီဝေ ကဗျာ
တီတာတာ အာအသွက် လျှာကလက်တွေ စကားဖွဲ့ နဲ့ 
ဝေရီနွယ် ဖီလင်လေး တစက်ကယ် တစ်ခုခု မှ မလာခဲ့ ရင်တော့ ....

စေချင်တဲ့  တံဆိပ်တွေ စေလိုရာ စေခဲ့ စေပါမေ.....

အားလုံးဟာ ဘလာ ဘလာ ဘလာ ဘလာ..
အသပြာ ဖြူခါကျ  ပြာနာတိပြာတာ
ရင်ထဲ အထိ လာမထိ
ဟိုမထိ ဒီ မငြိနဲ့ 
အီလယ်လယ် ဖွယ်တယ်တယ်နဲ့ 
ငွေကုန်ခံပေးရကျိုး မနပ်လှ ဖြစ်နေမှာပါမေ....။   ငိငိ..ခ်...-_-

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..