Saturday, December 19, 2015
အစွန်း.၊ ကံတစ်ကွက်ချန် ၊
အစွန်းရောက်တယ် တစ်ဖက်သတ်ဆန်လွန်းတယ်လို့ ထင်မိတဲ့  အမေး အတော်များများကို ဆန့် ကျင်လိုတဲ့ စိတ်က အလုပ်ထဲမှာ ပါပါသွားတတ်တယ်ဗျ  ( ကိုယ့် ဖီလင်ကနေ ရောပါသွားတဲ့  သဘောလဲဆန်မယ်)
တစ်ချို့ က မေးတယ် ခဏခဏ အမေးခံရတယ်  မိန်းမ အနှောက်အယှက် ရှိလားတဲ့   သူတို့ ဆိုလိုတာက မိန်းမက လာမြှုဆွယ်တာ ခံရနိုင်လား သဘောကို မေးတာမျိုး များတယ်..
---------------------
ဗေဒင်မေးခွန်းတွေကို တွေးတိုင်း သံသရာကြောက ပါလာတဲ့ ကံသတ္တိတစ်ခုကို တစ်ကွက်ချန်ထားပြီး ကျော်မပြောတာ ကျနော့် အမူအကျင့် လို ဖြစ်နေတယ်...ဥပမာ သားသမီး ယူလို့  ရပြီး ဘယ် သက်ရောက်မှာ ယူရမလဲလို့ မေးလာတိုင်း တွက်ရိုးအရ အလုပ်သဘောအရ ပြောပေး
ပေမယ့်  သားသမီးက ကိုယ်ယူချင်တဲ့  အချိန်တိုင်း ယူလို့  ရလို့ လား လို့ ပြန်ထောက်ကွက် မေးခွန်း ပြန်ထုတ်ပြလိုက်လေ့ ရှိတယ်...
အဲ့ ဒါ ကံ တစ်ကွက်ချိန်ထောက်ကွက်ပဲ  အကြောင်းက သားသမီးယူဖို ပိုက်ပိုက်တွေ ဒလဟောသုံး  ခေတ်သစ်နည်းပညာအစုံနဲ ဘန်ကောက်မှာ ဟိုမှာ ဒီမှာ  ကြိုးစားနေပေမယ့် မအောင်မြင်သူတွေ တစ်ပုံကြီးကြုံခဲ့ ရတာ  မလိုချင်လို့ ကာကွယ်ထားပေမယ့် ဘယ်လိုက ဘယ်လို ရသွားမှန်းမသိဆိုတာတွေ
စသဖြင့် တွေ အများကြီးကြုံခဲ့ ရတယ်  အဇာတသတ်ဇာတ်ကို ကြည့် ရင်ဟောကိန်း နမိတ်ကြောင့်   မလိုချင်ပေမယ့်  ရလာတဲ့ သဘောရှိတာလို့ လဲ အကြမ်းဖြင်း နားလည်နိုင်တယ်..သဘောက သံသရာက ကံ သတ္တိကို ကျော်ပြောနေပြီလို့ ထင်ရရင် သတိပြန်ပေးတဲ့ သဘောပေါ့  အဲ့ မှာ စကားလုံးချိန်းတယ် 
'ဒီကာလတွေအတွင်းမှာ '' ကြိုးစားကြည့် ပါဗျား '' ကျန်တာ ကံပေါ့  လို့  ဆန္ဒများ မပြည့် ခဲ့ ရင် စိတ်ဖြေရာ ရအောင်  သူ့ စိတ်ထဲကို ထည့် ပေးလိုက်တဲ့  သဘောပေါ့ ဗျာ 
----------------------
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..