Tuesday, December 15, 2015

သူငယ်ချင်း သုည တနင်္လာ


သူငယ်ချင်း သုည တနင်္လာတစ်ယောက်ရဲ့  စိတ္တဇ တစ်ခုကို ကျနော်ရေးပြဖူးတယ် သူလဲ ဗေဒင်လိုင်းပေါင်းစုံ ၀ါသနာအိုးပဲ
သူ့ မှာ ဖြစ်ကျန်ခဲ့ တဲ  စိတ္တဇက မိန်းမယူပြီးရင် ဆင်းရဲလိမ့် မယ်လို့ ဗေဒင်ဆရာတစ်ယောက်က ငယ်တုန်းက ဟောခဲ့ တာကို
စိတ်ထဲစွဲနေတယ်လို့ ပြောတယ် အဲ့ ကတည်းက ရီးစားထားပြီး ယူဖို့  တွေ့ လိုက်တာနဲ့  ရန်ဖြစ်ကွဲ နဲ့  တကယ်ကတော့ 
သူကိုယ်ကို မိန်းမ မယူရဲ့ တော့ ဘူးလို့ ဆိုတယ် အဲ့ စိတ္တဇကိုမဆိုင်ပါဘူး ညာဘူးနဲ့  ဘယ်လိုမှ နှိပ်ကွပ်လို့ မရဘူးလို့ လဲဆိုတယ်
စိန ပါ။  ကျနော်ကလဲ နှိပ်ကွပ်လို့ မရရင် နှိပ်ကွပ်မနေနဲ့  မင်း မိန်းမ မယူလို့ ကမ္ဘာပျက် လူမျိုးတုံးသွားတာမဟုတ်ဖူး မင်းတို့ ဖက်မှာ မာဆတ်တွေ
ကေတီဗွီတွေ တစ်ပုံကြီးပဲ စိတ်ဆာလာရင် အဲ့ မှာ လက်လီသွားဝယ်စားလိုက်  တစ်ခုတော့  ပြောလိုက်မယ် ပိုက်ဆံချမ်းသာတာ
ဆင်းရဲတာ မိန်းမယူတာ မယူတာ သီလကောင်းတာ မကောင်းတာ  အဓိဌာန်ဝင်တာ မ၀င်တာ မင်းက ဗုဒ္ဓဘာသာဝင် ဖြစ်တာမဖြစ်တာနဲ့  ဘာမှမပတ်သက်ဘူး
မင့် ဟာမင်း ကံကောင်းနေရင် စွတ်လုပ်စွတ်ဖြစ်နေမှာပဲ ကံမကောင်းရင် မင်းလုပ်သမျှ မြောင်းထဲချည်းရောက်နေမှာပဲ လို့ တော့ ပြောလိုက်တာပေါ့ ဗျာ
အဲ့ မှာ သူ့ ဟာသူတွေးပြီး ခေါင်းတော့ စားသွားပုံရပါတယ်...ဘာလို့ ဆိုတော့  မိန်းမမယူပဲ ပတ်ပြေးလာခဲ့ တာ အသက်သာ ၄၀တော်တော်စွန်းလာတယ်
သိသာလောက်အောင် ဘာမှ ဖြစ်မလာဘူးလေ ပြီးတော့  သူ့ ပတ်ဝန်းကျင်မှာ အယုတ်ဆုံးလို့  သူပြောပြောနေတဲ့ ဘဲတွေက ထောပြီး လန်ထွက်နေကြတာကိုးဗျာ..
.ဟီးဟီး. အဓိက ပြောလိုက်တာက ယုံကြည်မှု့ ဟာ ယုံကြည်မှု့ သဘော ဖြစ်တယ်  အဲ့ ယုံကြည်မှု့ နဲ့ အရာရာ စံလိုက်တိုင်းနေရင် ကိုယ့် ယုံကြည်မှု့ ဟာ ၀ါးတားတားတွေဖြစ်လာလိမ့် မယ်
ကံ အကျိုးပေးစတိုင်တွေ ရဲ့ အမျိုးမျိုး အဖုံဖုံ သတ္တိတွေရဲ့ သဘောကို စာများများဖတ်မှ တော်တော်လေး နှိုက်ပြီး တွေးပြီးဖတ်မှ ပိုနားလည်နိုင်တာမျိုးလို့ ကျနော်က ပြောလိုက်တာပါ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..