'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, December 11, 2015
မြေညီထပ်မှာလေ...
မြေညီထပ်မှာလေ...
-------------
မြေညီထပ်နေရတဲ့  ဘွအကြောင်း အတွေ့ အကြုံလေးပါ။ ပထမဦးဆုံး စကား ကွပ်ပစ်ခံလိုတာက တိုက်ခန်းတွေ အများစုဟာ အတွင်း သစ်သားတံခါးနဲ့  အပြင်ဘာဂျာတံခါးဆိုပြီး
တံခါး ၂ ထပ် ရှိနေတတ်ပေမယ့်  အတွင်းသစ်သားတံခါးကို သိပ်မသုံးပဲ အများအားဖြင့်  ဘာဂျာတံခါးကိုသာ လုံအောင် ပိတ်တဲ့  သဘောများပါတယ် .အကြောင်းက တိုက်ချင်းဆက်တွေ ဖြစ်နေလို့  မြေညီတွေမှာ ဘေးပြူတင်းမရှိ
တတ်လို့  အိမ်ရှေ့ နဲ့ နောက်ဖေး အပေါက်ကြီးက လေ ကို ပဲ အားပြု အသက်၀၀ ရူနေရတာမျိုးမို့ ပါ၊ ..ပြီးတော့  ဒုက္ခတစ်ခုက အုပ်နံရံတွေရဲ့  အပူစုတ် တန်ခိုးက ညဆို အုပ်ပူပျံပြီး လှောင်အိုက်နေတတ်ပြန်ပါတယ် အဲ့ အတွက် ပန်ကာ
အကြီးအသေး ဆိုဒ်ပေါင်းစုံ ဒီဇိုင်စုံနဲ့  အဲကွန်းတွေနဲ့ ဖြေရှင်းယူရပါတယ် အဲ့ အတွက်မီတာက တစ်အိမ်လုံးသုံးရဲ့  သုံးပုံ ၁ပုံခွဲလောက်ကို ကျပြီး ပေးနေရတာမျိုးပါခီညာ...
အရင်က ဘာဂျာ တံခါးကို လူ့  ရင်ခေါင်း တံခါး အလယ် လောက်မှာသာ သော့ ခတ် အိပ်တာမျိုးပါ...နောက် စစ်ဆုတ်ခေတ်ကို ခပ်သုတ်သုတ်ရောက်လာလေလေ သူခိုး ထူပြောလာလေလေ ဖြစ်လာပါတယ် ပထမ သူခိုးခေတ်စတင်ခြင်း
သဘောကို စိန်တံခြူခေတ်လို့ တင်စားကြပုံရပါတယ် အိမ်ထဲက ချိတ်ထားလှမ်းထားတတ်တဲ့  အင်းကျီတွေ ထီးတွေကို ၀ါးလုံးထိပ် စူးချိတ်တပ်ပြီး အပြင်ကနေ ဆွဲချိတ်ယူတာမျိုးပါ...ဖိနပ်ပါ မခံနိုင် ညည အိမ်ထဲ ထည့် ချိတ်သိမ်းထားတတ်တဲ့  သစ်ခွပန်းပင်ပါ မခံနိုင်ပါဘူးဗျာ
အာ့ နဲ့  ဘာသစ်ခွမှ မစိုက်ရဲတော့ တာ ကြာပါပီ...ငိငိ
ဒေါင်းတောင်းနေတွေဟာ ညဆို သန်းခေါင်းသန်းလွဲကြမှ အိပ်ယာဝင်တတ်ကြလို့  အိပ်ပြီဆို ငလျင်မဆိုထားနဲ့  သံချပ်ကားဖြတ်မောင်းသွားတာတောင်မကြားမိလိုက်ဖူး အထိ ခလူးခလောဖြစ်နေတတ်ပါတယ်...အဲ့ တော့  ငတိုတွေက အိပ်မောကျနေတတ်တဲ့  ည ၂ချက်ကျော် ၃နာရီလောက်က
စပြီး မနက် ၄နာရီ ၅နာရီလောက်ကြားမှာ ဘယ်အိမ်ကို ၀င်တိုလို့ ရမလဲလို့ ခြေစကြ်ာ ဖြန့် တတ်လေ့ ရှိပါတယ် အဲ့ အချိန်တွေကြားမှာ အခိုးခံထိတာများတာမျိုးပေါ့ လေ..
တံခါးသော့ အကြောင်း ပြန်ဆက်ရရင် သော့ ကို သောတု နဲ့ ဖွင့် ခိုးတတ်လာကြလို ကာကွယ်ရေး အဆင့် တိုးမြှင့် ကြပုံက သံကြိုးတွေနဲ့  ဘာဂျာတံခါးကို ပတ်ပြီးမှ သောခတ်ပါတယ် သံကြီုးသံကြားရင် နိုးအောင်ပေါ့  နောက်တော့  အဲ့ ဒါလဲ မရပြန်ပါဘူး..င်္ဒီတော့  နောက်ထပ် ဖန်တီးချက်
ဘာဂျာ တံခါးကို လက်လျို နှိုက်လို့ အရအောင် သောခလောက်ချိတ်တဲ့  ကွင်းကို သင်္ဘောဆေးပုံးလွတ်လေးအရင် စွပ် ပြီးမှ လက်လျို သောခတ်တာမျိုး ၁ ပေပတ်လည် သံပြားဝိုင်းကြီး စွပ်ပြီးမှ သော့ ခတ်တာမျိုးတွေ လ်ုလာကြရပါတယ်..
အဲ့ လို သော့ ဖွင့် ရခက်အောင် လုပ်လိုက်လို့ အေးပြီထင်နေတုန်း....သူခိုးဝင်ခိုး သွားပုံက....ဘာဂျာ တံခါး ၂ ဖက် ကို စိထားတဲ့  အောက်ခြေနေရာ ကြားကို အုပ်ခဲနဲ့  ကန့် လန့် ခံ ဂျမ်းတုံးလုပ် ဘာဂျာတံခါးကို အောက်ပိုင်း ဖြဲလိုက်ပြီး
ခေးအရွယ် လက်သင် ငတို လေးက အိမ်ထဲ ကိုယ် ပိန်ပိန်ပါးပါးလေးနဲ့ စောင်းဝင် အိမ်ထဲက လက်သင့် ရာ ပစ္စည်းတွေယူ အပြင်က အသင့် စောင့် နေတဲ့  ငတိုဆရာကြီးကို လှမ်းပေးလိုက် နဲ့ တိုလို့ ရသမျှတွေ တိုသွားပါရောဗျာ မနက်ကြတော့ 
ဘာဂျာတံခါးအလယ်က သော့ ခလောက်က လက်ရာမပျက်ပဲ တံခါးအခြေမှာသာ အုပ်ခဲံ ဂျမ်းတုံး ကန့် လန့် နဲ့  အောက်ပိုင်း ကားနေအောင် ဖြဲထားတဲ့  ဘာဂျာတံခါး ပုံစံသာ ကျန်ခဲ့ တာမျိုးပေါ့ လေ..
အဲ ကစလို့  တစ်ချို့ အခန်းတွေဆို ဘာဂျာတံခါးတွေမှာ အလယ်သော အောက်ပိုင်းသော့  အပေါ်ပိုင်းသော့ နဲ့  သုံးချက်ခတ်တွေဖြစ်ကုန်တော့ တာါပဲဗျာ....အဲ့ မှာ မြို့ ကြွက်တွေရဲ့ သောင်းကြမ်းမှု့ ကြောင့် လဲ ဘာဂျာတံခါးတွေရဲ့ အောက်ခြေမှာ တစ်ပေကျော်လောက်ရှိတဲ့  သံပြားတွေ အပိတ်ကာရတာမျိုးလဲံ ရှိပါသေးဗျာ.
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..