'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, September 12, 2015
ငြိမ်းစေသောငြိမ်း
ငြိမ်းစေသောငြိမ်း
----------
ဗေဒင်နဲ့ ပတ်သက်လာတာကြာခဲ့ ပြီ၊ မြေသားကစပြီး ကောင်းကင်ကလူတွေအထိ အလွှာစုံနဲ့ လည်း ဆုံဘူးခဲ့ ပြီ၊ အတွေ့ အကြုံတွေစုလိုက်ရင် လူ ဆိုတာ လူ့  သဘောအခြေခံတွေမှာ အတူတူတွေချည်းများတယ်ဆိုတာ သိခဲ့ ပြီ၊ အဖတ်တင်ကျန်ခဲ့ တာကတော့  လောကကိုရော ကိုယ့် ကိုယ်ကိုယ်ပါ ရယ်စရာတွေ ကြံဖန်ပြီး ရှာကြည့် တတ်လာတဲ့ အကျင့် ကြီးက ငယ်ကျင့်  သရော်တော်တော်ပြောတတ်ကြည့် တတ်တဲ့ အကျင့် ကို ဓာတ်ဆီထပ်လောင်းသလို ဖြစ်လာတာ ပိုများလာတယ်ဆိုတာပါပဲ..သူတကာထက်ချွန်နေတဲ့ လောဘတောင် ကိုယ့် အတွက် ဟာသခန်းတစ်ခုဖြစ်နေတာမျိုး...ခ်ခ်
ကြားဖူးခဲ့ တယ်လေ..လောကနီတိမှာ မိတ်ဖွဲ့ ခန်းပြီးရင် မိတ်ပျက်ခန်းလာတော့ တာပါပဲတဲ့ ဖရန့် ပြီးရင် အန်ခန်းတို့  ဘော့ ခန်းတို့  လာတာမျိုးနဲ့ တူပါရဲ့ လို့ ..အဟိ...အဲ...ရယ်စရာလေးလိုလို ပီတိဖြစ်စရာလေးတစ်ခုလိုလို ကြုံဘူးတဲ့  အဖြစ်တစ်ခု ပြောရဦးမယ်..ကိုယ်ကသာ ရယ်စရာ ပြောတာပါ တွေးစရာတွေ အများကြီးပေးခဲ့ တဲ့ အဖြစ်..နောက်...ချစ်စရာကောင်းတယ်ပဲ တင်စားရမလား..
တစ်ခါက ကိုယ်တိုင် နာမကျမ်းလို့ ဆေးရုံတက်ရတယ်..ဘော်ဒီရှိရင် ဆေးရုံကိစ္စရှိမယ်ဆိုတာ သဘာဝပေါ့ ..အဲ့ မှာဆေးရုံတက်တော့  အလုပ်ခွင်နဲ့ ဝေးတာပေါ့ .စကတည်းက ဒီအလုပ်ကို သိပ် မခင်တွယ်တတ်တော့  ဆေးရုံတက်တာ ဟိုတယ်သွား အနားယူနေသလိုလိုပေါ့  ..သေလုမျောပါး မဟုတ်သေးတော့ လေ..။
အဲ့ မှာ ဒီရက်ပိုင်း လွတ်ပြီကျွတ်ပြီနဲ့ ဆေးရုံပေါ်မှာ ဖရီးရိုက်နေတုန်း..အိမ်က ဖုန်းက တဂွမ်ဂွမ်လာတယ်..ဒီမှာ ဧည့် သည်တွေ ရောက်နေတယ်တဲ့  လွှတ်လိုက်ရမလာ့း.ဆိုတော့ ...အဲ..ဟဲ့  .ဆေးရုံတက်နေတယ် ပြောလိုက်လေ ဆိုတော့  အရေးကြီးလို့ ပါတဲ့ .ဆေးရုံကိုလိုက်ခဲ့ါရစေလို့ ပြောနေတယ်ဆိုတော့  ...အင်း ဒွတ်ခ..အေးအေး အဲ့ ဒါဆိုလဲလွှတ်လိုက်ပေါ့ ဟာ...လို့ ...ဒါနဲ့ ဆေးရုံကိုလိုက်ချလာကြတယ်..ဘာတွေများအရေးကြီးနေလို့ ပါလိမ့် ...
..ဒါနဲ့ ဖြစ်ကြောင်းရယ်ကုန်စင် နားဆင်ကြည့် လိုက်တော့  ဈေးရောင်းမကောင်းတာ.ပိုက်ဆံမ၀င်လို့  ရာထူးတွေတိုးပေးတော့ မယ်ကြားလို့  ခုတလော နေမကောင်းလို့  အိပ်မက်မကောင်းလို့ ဘေးချင်းကပ်ဆိုင်က လိုက်ပြိုင်နေလို့  သားက ထိမ်းမရလို့ ..ယတြာ . ယတြာ ယတြာ...ယတြာ....သြော်..အင်း..ဟုတ်...မွေးသက္ကရာဇ်လေးဗျာ...ကုတင်ပေါ် ပက်လက်လေးလှန်နေရင်း...ဟဲ့ ...ဘောပင်နဲ့  စာရွက်ပေးဟ..ပါလာတယ်မဟုတ်လား...ဟိုရှာဒီနှိုက်နဲ့  ရော့  အင့် တဲ့ ...ဘောပင်စုတ်လေးနဲ ဆေးဝယ် ဘောင်ခြာကျော. ..ခိခိ......အင်း...တောက်တောက်တောက်တောက်...တောင်ခြစ်မြောက်ခြစ် ကြောင်လေး ဗေဒင်ခြစ်....ငိငိ..
ခြစ်နေရင်းနဲ့ တွေးတွေးပြီး ရယ်ချင်လာ...အဟိ...ဆေးရုံတက်နေတဲ့  ဗေဒင်ဆရာဆီ ယတြာ လာယူသတဲ့ ...သြော်.လောက...ညှစ်မှ ထွက်ရလေ နှပ်ချေးရယ်..ဗျစ်..ရွှီ ဖတ်..ခ်ခ်...
စိတ်ထဲကသာ ရယ်မိတာပါ...လောကသဘော ဒီလိုပါပဲ သူတို့ ယုံကြည်ရာ ယုံကြည်ရာတွေဆီမှာ သူတို့ ရဲ့ အပူမီးတွေကို ငြှိမ်းသတ်ဖို့  အားကိုးမိတာ ကမ္ဘာဦးကတည်းက ကိစ္စပဲလေ..ဒီလိုပဲပေါ့ ..သောကဆိုတာများ ကိုယ့် သောကနဲ့ ကိုယ်ချည်းပဲ လူ့ ဘောင်ကိုစွန့်  ဓမ္မနယ်ကူး အပြီးငြိမ်းရာလမ်း လျှောက်နေတဲ့ 
သူတော်စင်တောင် ကိုယ်သိလိုတဲ့ ဓမ္မတရား ဒီတစ်ဘ၀နဲ့  သိခွင့် ရပါတော့ မလားဆိုပြီး သောက ရောက်ကြသေးတာပဲလေ..
..
သူတစ်ပါးရဲ့  အယုံကြည် ခံရတယ်ဆိုတာကလည်း သူတို့ စိတ်မှာ ယုံချင်စရာတွေ သရုပ်တွေ ရှိလို့ နေမှာပေါ့ ..မယုံတော့ ဘူးဆိုတဲ့ နေ့ ဆိုရင်လဲ ရွှေလက်နဲ့ခေါ်လဲ ဘယ်လာယုံတော့ မလဲ..ဒါလဲ လောကသဘောပါပဲ..သူ့ ဟာသူ့ စိတ်ထဲက ယုံချင်ယုံမယ် မယုံချင်မယုံဘူးပေါ့ ..
..ပေးသောလက်ဖြစ်ရတာမျိုးကလည်း ကိုယ့် ကျမ္မာရေးကိုတောင် မေ့ နေပြီး ကိုယ်တိုင် ဆေးရုံပေါ်မှာဆိုတာတောင် မေ့ သွားတယ်...တစ်ခါတစ်လေ တွေးမိတယ် ကိုယ့် အလုပ်သဘောက ပူလာသမျှ သောကတွေကို လျှော့ချပေး တတ်နိုင်သမျှ အငြိမ်းဓါတ်ရသွားရေးတွေ လုပ်ပေးရတာများတော့ တဒင်္ဂလေးပဲဖြစ်ဖြစ် ငြိမ်းစေသောငြိမ်းဘ၀ဟာ ကိုယ့် ဘ၀များလားလို့ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..