'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, September 30, 2015
လွယ်လိုက်တဲ့ ဆိုင်အမည်ပေး
လွယ်လိုက်တဲ့ ဆိုင်အမည်ပေး
-------------------
၈၄ ဖွား ၁ သောကြာသမီး အခု ၃၂ ထဲမှာ အိမ်ထောင်ကျတာ ၆ လလောက်ရှိပြီ ....သူက သူ့ အိမ်မှာ ဖိနပ်ဆိုင်ဖွင့် ချင်လို့ တဲ့ ...ဒီတော့  ဖိနပ်သဘောက ၁ကြွင်းရဲ့  အထွန်းနံ စနေနံ အားများနေလို့  ပြီးတော့  သောကြာအတွက် အညွန့်  စနေနံ သဘောရာ အမြစ်အညွန့် မတွန့် စေရသဘောပါ ပါနေလို့  အိုကေပေါ့ ..
(၁ကြွင်းတွေရဲ့  လူဝီရိယအားများ အိမ်ထောင်ပြုတာတောင် ထိုင်မနေရဘူး ဈေးထရောင်းရပြီ..ဒါလဲကောင်းတာာပဲ ၁က အလုပ်လက်မဲ့ နေရင်ရောဂါက အလိုလိုထူလာတတ်တယ်လေ ငိငိ )...
ဒါနဲ့  ဖွင့် မယ်လချိန်ပြီး အကျိုးဆက်လေးတော့ နဲနဲပြောပေးရတယ် စဖွင့် တဲ့ လ ကံအားနဲနေပေမယ့်  နောက်၂လလောက်ဆို အရောင်းသွက်လာလိမ့် မယ်ပေါ့  ( ဟူးလစိတ်မှာ စဆိုင်ဖွင့် မှာမို့ နောက်၂လလောက်အကြာ စနေလစိတ်အကျော် ကြာသာပတေးလစိတ်မှာ ရောင်းကောင်းလာမယ်လို့ ပြောလိုက်တာ..).ပြီးတော့ ဘေးအရံပစ္စည်းတွေအဖြစ် စုံစီနာဖာတွေတင်လို့ ရ ကော်စမက်တစ်လေးတွေ တိုင်းရင်းဆေးလေးတွေ ကျွတ်ကျွတ်အိပ်တွေပါတင်လို့ ရပါသေး...ဆိုတာပါ လမ်းကြောင်းချပြောလိုက်တယ်..ပြီးတော့  လူပင်ပမ်းခံမှ အလုပ်
ဒါနဲ့ ကလေးယူဖို့ ကိစ္စပါ ပါလာသေးတော့  သူ့ လူအကြောင်းမေးလိုက်တော့ ၈၆ တနင်္ဂနွေ အသက် ၃၀ အ၀င်ပေါ့  လူရိုးပေါ့ ..ဒါဆို ကလေးရတော့ မှာ ၄ လအတွင်းပေါ့  ( ဂုရုတိုင်လာမေးတာကိုး)..ပြီးတော့  ကလေးထိမ်းရင်ဈေးရောင်းရမှာ ကိုယ့် ဇာတာဆိုတာလဲ ကြိုသိထားနော်ပေါ့  ..ဒါနဲ့  ဆိုင်ဖွင့် ရက်က ရှေးစကားလဲ မပယ်တဲ့ နေရာ မပယ်ပါ ဆိုပြီး သောကြာနေ မနက် ၉နာရီကနေ ၁၀နာရီခွဲကြားမှာ ဘ၀သစ် စတင်ခြင်း အဖွင့် ပြလိုက်ပါ အရွက်တွေက ပိတောက်ရွက်ထိုး ပိတောက်ရွက်နဲ့ ဆိုင်ကို အမွှေးနံ့ သာရေနဲ့ ဖြန်းဖွင့် လိုက်ပေါ့ လေ...
အားလုံးအိုကေပြီးမှ...သြော်..ဆိုင်အမည်လေး..တဲ့ .....အင်း...ဆိုင်ဖွင့် ဈေးရောင်းဖို့ သာပြင်နေတာ ဆိုင်အမည်က စိတ်ကူးတောင် မယဉ်ခဲ့ ရသေးဘူးပဲ...
ဒါနဲ့  လူအမည်က ဘယ်လိုခေါ်လဲ ဆိုတော့  အမည်ပြောပြတယ်...တစ်လုံးမှ ကီးမကိုက်ဘူး...ဒါနဲ့  ကမန်းကတန်းတက်သုတ်ရိုက်တွေးလိုက်တာ..
အင်းးးးး...''မေပိတောက် ''...လို့ ပဲ ပေးလိုက်ဗျာ...မေပိတောက် ဖိနပ်ဆိုင်ပေါ့  ဆိုင်ရဲ့ ဆိုင်းဘုတ်လိုဂိုလေးက ပိတောက်ပန်းခက်လေးတောင်ထည့် ဆွဲလို့ ရသေးတယ် အမျိုးသမီးထိုင်မှာဆိုတော့  မဆိုးပါဘူး မေပိတောက် အမည်နဲ့ ဆိုတော့  သဘောတွေကျပြီး အိုကေ ပြီးသွားရော ...အဲလိုမျိုးပဲ တစ်ခါတစ်လေ ဆိုင်အမည်ပေးတာ လက်ပေါက်ကပ်အောင် မတွေးလိုက်ရဘူး..တစ်ထိုင်ထဲနဲ့ ပြီးသွားရာဗျာ .ဟီးဟီး...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..