Saturday, August 8, 2015

ကြက်ရိုး..


ကြက်ရိုး..
---
ရေဘေးထိတဲ့ မြွေသားတွေ ဈေးကွက်ဖြစ်နေတာတွေ့ တော့ ဘိုကလေး မြင်းကကုန်း အနောက်ဖက်က ရွာတွေရောက်တော့ ကြုံခဲ့ တာလေး  သွားသတိရတယ်...အဲ့ ရွာတွေကို ချောင်းရိုးလေးတွေအတိုင်း နာရီနဲ့ ချီပြီး မော်တော်သေးသေးလေးတွေနဲ့  သွားရတော့  သွားချင်တဲ့ ရွာကိုမှောင်စပျိုးမှ ရောက်တယ် အဲ့ တော့  ထမင်းစားဖို့  ဟင်းစားမရှိတော့ ဘူးပေါ့ လေ...

အဲ့ မှာ ရွာအိမ်က လူက ဟင်းစားသွားရှာလိုက်ဦးမယ် ဆိုပြီး အိမ်အောက်ဆင်းသွားတာ
.  '' ကတော့  ကတော့  '' နဲ့  ကြက်အော်သံ ခပ်သဲ့ သဲ့ တစ်ချက်ကြားလိုက်ရပြီး နောက် သိပ်မကြာဘူးဗျာ့   ကြက်သားကာလသားဟင်း ရောက်လာပြီး ထမင်းစားကြစို့ တဲ့ .

..အဲ့ ညက ဟင်းက တစ်သက်မမေ့နိုင်လောက်အောင်ချိုချက်ပေါ့ ...ဒါပေမယ့် စားနေရင်းက စောစောက ကတော့ ကတော့ ကြက်သံနားထဲပြန်ကြားလာပြီး ကြက်မျက်ခွက်ကြီး မြင်ယောက်လာတာ
ကိုက်လက်စ ကြက်ပေါင်ရိုး ဆက်ကိုက်ရမှာတန်းလန်းကြီးဖြစ်သွားပါရာဗျာ...

အဟီးးး..ဒါပေသိ ကြက်ကလေးကို သနားသွားတာက ခဏပဲဖြစ်တာ.ဆာဆာနဲ့ ရော လပ်ဆပ်လွန်းအားကြီးနေတာရောက .ကြက်က စားလို့ က မတရားကောင်းနေတော့ ကြက်ရိုး ဆက်ကိုက်မိတော့ တာပါပဲဗျာ..ဟီးး...လွယ်ပါဘူး ရသရဲ့ ဆွဲဆောင်မှု့ ကိုငြင်းရတာ နဂိုကကို  သဘာဝ ဗမာကြက်သားက ခပ်ကြိုက်ကြိုက်နဲ့ ဆိုတော့ လေ...ဟီးဟီး..အဲ..နောက်တော့  ခရီးသွားလို့ တည်းအိမ် ကို အချိန်မတော် ရောက်ရင် လမ်းမှာစားခဲ့ ပြီတွေဘာညာနဲ့ ရွှီးပြီး ရှိတာပဲ လုပ်ပါ ဘာညာတွေပေါ့ လေ...ဟဲဟဲ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..