'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, August 17, 2015
မြို့ ခိုခြင်း...
မြို့ ခိုခြင်း...
-----------
ဘယ်လောက်ဆိုးရွားတဲ့ နိုင်ငံရေးစနစ်ဖြစ်စေ ပြည်တွင်းစစ်တွေမှပဲ ဖြစ်စေ အဲ့ နိုင်ငံရဲ့ မြို့ တော်က မြို့ တော်သားတွေရဲ့  ဘ၀လူနေမှုက ဒေသအတွင်းက တစ်ခြားမြို့ ရွာတွေထက် ပိုပြီးလုံခြုံစိတ်ချရတဲ့ သဘောရှိတယ်၊ ဒါဟာ ဒီဗမာပြည်မှာမှ မဟုတ်ဘူး ဒေသတွင်းတည်ငြိမ်မှု့ မရှီိတဲ့ 
ကမ္ဘာ့ နိုင်ငံအသီးသီးရဲ့ သဘာဝပဲ ..
.ပြည်သူလူထု သန်းနဲ့ ချီ အငတ်ဘေးဆိုက်တော့ မှ ကယ်တော်မူကြပါလို့ ထအော်တဲ့  မြောက် နိုင်ငံဆိုလဲ ကျေးလက်တွေသာ ငတ်ကြောဆိုက်သွားတာမြို့ တော်ပြုံယမ်းသား ပြုံယမ်းသူတွေကတော့  အကမပျက် အခန်းနားကျင်းပမပျက်ပဲ
ကျနော်တို့ မိဘတွေ ဧရာတိုင်းကြီး အမဲရောင် ဖြစ်နေတုန်းက မြို့ တက်ပြေးရင်းက ရန်ကုန်ရောက်မှ လုံခြုံရာအရပ်ကိုရောက်ရတဲ့ သဘောဖြစ်သွားတယ် အမဲထဲကျန်ခဲ့ တဲ ရေကြည် အသုတ် ငါးသိုင်းချောင်းဆိုတာတွေ
ဘိုကလေး လပွတ္တာကျုံပျော် မြောင်းမြဆိုတာတွေ ပင်လယ်ထွက်ပေါ်က်တွေ ဆိုတာ တော်တော်နဲ့ ကို အမဲမပျောက်ဘူး ပုသိမ်တောင် အညို...အဲ့ တော့  အဲ့ ကစစ်မပြေးနိုင်တဲ့  လူတွေ ငတ်တယ်ပေါ့ 
ရန်ကုန်တောင် မြို့ လယ်ဒေါင်းတောင်းဧရိယာက အဂွတ်ဆုံး စိတ်အချရဆုံး။ အရေးအခင်းပေါင်းများစွာ ဖြတ်ခဲ့ တယ် ဆင်ခြေဖုံးမြို့ နယ်တွေသာ ပျားတုတ်ကုန်တယ် ဒေါင်းတောင်းက အေးဆေးပဲ
ရှားပါးတဲ့ သမဆိုင်ခေတ်ကတောင် ဒေါင်းတောင်းကို ခွဲတန်းလုံလောက်အောင် ဝေပြီးမှ ကျန်တဲ့ ဒေသတွေသွားတယ်၊ လိုချင်တဲ့ ပစ္စည်းအတော်တော်များများ စားစရာတော်တော်များများ ဒေါင်တောင်းမှရနိုင်တယ်း
ဒေါင်းတောင်းမှာ မီးကွင်းပစ်လို့ မြို့ နယ်လုံးကျွတ်ပြာကျသွားတာ မရှိခဲ့ ဘူး ၃တိုက်ကျော်က တိုက်လုံးကျွတ်မီးလောင်နေတာ အေးအေးထိုင်ကြည့် နေလို့ ရသလို ဒေါင်းတောင်းမှာ ဘာထိုင်ရောင်းစားစား ရောင်းစားရဲလို့ က ထမင်းတစ်လုပ်အတွက်မပူရဘူး
မီးပျက် ရေဖြတ်တာတောင် ပြန်ပေးရင် ဒေါင်းတောင်းက ပထမဦးစားပေးပဲ နာဂစ်က မီးစပြန်ပေးခံရတာ ဒေါင်းတောင်းပဲ...
သဘောကတော့ ခေတ် အဆက်ဆက် တက်လာသမျှ ရောင်စုံ အစိုးရတွေဟာ ဒေါင်းတောင်းဧရိယာကို ပိုးမွေးသလိုမွေးထားကြတယ် အထိပါးမခံဘူး.
.ဒီတော့  ရန်ကုန်ဒေါင်းတောင်းက လွဲရင် ကျန်တဲ့ နေရာတွေရဲ့  ဗရုတ်သုခကို မဟာရန်ကုန်ဒေါင်းတောင်းလောက် သွေးမနွေးကြပါဘူးလို့ နှစ် ၆၀ကျော် သမိုင်းအရ မြင်နိုင်တယ်
ဒီတော့  ရန်ကုန်ဒေါင်းတောင်းက လွဲရင် ဖွချင်တဲ့ နေရာ ဖွ အဖွခံတဲ့ နေရာတွေ ရက်အတိုအရှည် အတိုင်းအတာတစ်ခုအထိတော့ ခံရမှာပဲဆိုတာ ပြီးခဲ့ တဲ့  ဖြဟ်ရပ်တွေကနေ မြင်သာနေတယ်။
ဟိုနေ့ က ရန်ကုန်ဒေါင်းတောင်း ဧရိယာမှာ တိုက်တစ်တိုက် မီးလောင်းတာကို လာကူုတဲ့ မီးသတ် အင်အားက ဗမာတစ်ပြည်လုံးက မီးသတ်အင်အားတွေများ လှမ်းခေါ်လိုက်သလားထင်ရတယ်...

No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..