Wednesday, July 8, 2015
ဗေဒင်နဲ့  ရိုးစင်းသောဘ၀တွေ
ဗေဒင်နဲ့  ရိုးစင်းသောဘ၀တွေ
---------------
နှစ်သက် တစ်ချို့ ရလာတော့  တိုတောင်းလှတဲ့  ဘ၀ခရီးမှာ ဘာအဓိကလဲကို တွေးရတော့ တာပေါ့  အဲ့ အတွက် ကိုယ်တိုင်ရဲ့  ဘ၀ အဖြစ်အပျက်တွေ ကိုယ့် မိဘတွေရဲ့ ဘ၀ အတက်အကျတွေ နဲ့ အမျိုးတွေရဲ့  ဘ၀ရေဆန်လေထန်တွေကို ချက် ရတော့ တာပေါ့ 
အဲ့ မှာ ဘ၀ရဲ့  အတက်အကျတွေကို ကိုင်လှုပ်နိုင်တာ သက်ရောက် တစ်နှစ် ထဲက အပြုအမူတွေ လစိတ်တွေအတွင်းက ဆုံးဖြတ်ချက် အပြုအမူတွေကဘ၀ကြီးတစ်ခုလုံးကို တစ်ဆစ်ချိုးကွေ့  ဖြစ်သွားအောင် ကိုင်လှုပ်ပစ်နိုင်တာ တွေ့ လာရတယ် ကျနော့်  အဖေက ၆ကြွင်း ဗုဒ္ဓဟူး  အမေက  ၁ကြွင်း တနင်္လာပါ
ဒီတော့  ၆ ကြွင်းရဲ့  ဖီလင် နဲ့  ၁ကြွင်းရဲ့ ဖီလင်သဘောကို ကိုယ့် အဖနဲ့ အမေ ဆီကနေ သက်ရှိဗေဒင်လို သင်ယူနေလို့ ရသလိုဖြစ်နေတာပေါ့ ...
(ကျနော့် ဘိုးတော် ငွေကြေညာခံရတဲ့ အထဲပါသွားတုန်းက   ဗုဒ္ဓဟူး သား အသက် ၅၅ တနင်္လာ မရဏသက်ရောက်  ပစ္စည်းတစ်ခု ၀ယ်မလို့  အိမ်က ရတနာတစ်ခု ထုပြီး ငွေတွေရထားတုန်း နောက်နေ့ ကျတော့  ငွေကျေညာတာနဲ့ တိုးပြီး ရောင်းထားပြီးငွေဖေါ်ထားတွေ ပလုံပေါ့ .)
အဲ့ ဒီလို နေ့ တဓူဝ ထိတွေ့ နေရတဲ့  အိမ်သားတွေ အမျိုးတွေ ရဲ့  သူ တို့ ဘ၀အတက်အကျတွေကို သက်ရှိ မဟာဘုတ်လို တွေ့ နေရတဲ့ အခါ သူတို့ တွေ အားလုံးလိုလိုဟာ ဘာဗေဒင်မှ မတတ်ဘူးမေးသူ သက်သက်တွေအထိုင်ကသာဖြစ်တယ် သူတို့ ဟာ သူတို့  စိတ်တွေကို သူတို့ ပင်ကိုယ် ၀သီ အတိုင်းပဲ ပြောဆိုနေထိုင်ကြတယ် ဆက်ဆံတယ် သူတို့ စိတ်ကို သူတို့ ပင်ရင်းအတိုင်းခံစားလှုပ်ရှားပြီး ငိုတဲ့ အချိန်ငိုတယ် ရီစရာရှိရင်ရီတယ် ချစ်စရာရှိရင်ချစ်တယ် စိတ်နာစရာရှိရင်စိတ်နာတယ် ပြီးတော့  သေချိန်တန်သေသွားကြတယ်....
လုပ်ရကောင်းမှန်းလ မသိသွားကြဘူး ကျနော့် ဗေဒင်က ဘာဗေဒင်မှန်းတောင် ဂဃနဏ မသိကြဘူး..
ဒီတော့  သဘောက စရိုက်တွေ ကာရိုက်တာတွေသဘောကို ပြင်နေတာ မပြင်နေတာ အရောင်တင်တာ အရောင်ဖွင့် နေတာတွေထက် ဘယ်သက်ရောက်မှာ ဘယ်လစိတ်မှာ ဘာတွေ ကောင်းအောင်လုပ်မလဲ ဘာတွေချိန်းလို့ ရလဲ ဘယ်သက်ရောက်မှာ ခပ်ငြိမ်ငြိမ်လေးနေမလဲ  ဘယ်သက်ရောက်လစိတ်မှာ ဘာတွေလုပ်မိရင် ဘ၀ကိုထိခိုက်နိုင်မလဲ စသဖြင့်  အဲ့ ဒီသဘောက ဘ၀ခရီးစဉ်ကြီးတစ်ခုလုံး တည်ငြိမ်မှု့ ပြိုလဲသွားမှု့ အတွက် ပိုအရေးကြီးတာကို ကိုယ့် တွေ့ တွေနဲ့  ယူခဲ့ တော့ တာပါပဲ....
ဆိုပါတော့  ဘယ်အကြွင်းမဆို ဘယ်နေ့ သားမဆို  အင်္ဂါသက်ရောက်တို့  အင်္ဂါလစိတ်တို့ မှာ ငွေ ဆိုတဲ့  ပိုက်ဆံကိစ္စ မစွန့် စားတာ အန္တရာယ် အကင်းဆုံးပဲ အင်္ဂါသက်ရောက် အင်္ဂါ လစိတ်မှာ ငွေကြေးကိစ္စ အမှားတစ်ခုခု ပြုမိရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့  အခြေအနေတစ်ခု ၀ုန်းကနဲ ပြိုကျသွားနိုင် စိတ်ကောင်းရှိရှိမရှိရှိ  အကျင့် ပုပ်ပုပ်မပုပ်ပုပ် စိတ်ရှည်ရှည် စိတ်တိုတို သဘော...
ဒါကို ကျနော်က ဘ၀ခရီးစဉ်ကြီးတစ်ခုလုံး တည်ငြိမ်ဖို့ အတွက် အရေးအပါဆုံး ကွန်ထရိုး ပဲလို့ ယူလိုက်တာ ကျန်တဲ့ ထွေလီကာလီ စရိုက်တွေ ကာရိုက်တာတွေ ဘာဥာဉ် ညာဥာဉ်တွေ က မီးစာလေးတွေ အားထပ်ဖြည့် တာတွေသဘော ချိန်တာမျိုး..ဒီလိုသဘောတရားတွေကို ကျနော်က စာတွေကို အပြင်က ရိုးရိုးလူအစစ်တွေနဲ့ လိုက်လိုက်တိုက်ကြည့် ပြီး ဘ၀အတွက် ဆွဲယူအသုံးချတော့ တာမျိုးပဲ.
..ပြောရရင် ကျနော့် မရဏ စရိုက် က ဆိုးပါတယ် ဆိုတဲ့ စရိုက်တွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြင်မနေဘူး ဒီလိုပဲ စိတ်ကူးပေါက်သလို ထရမ်းချင်ရမ်းပစ်လိုက်နေတာမျိုးပဲ ကျနော် သတိထားတာ ကိုယ့် သက်ရောက်က ဘာမကြိုက်ဘူုးလဲ ကိုယ်ဖြတ်နေတဲ့ လစိတ်မှာ ကိုယ်ဘယ်လို နေလိုက်မလဲ နဲ့ ပဲ
 ဘ၀ခရီးကို ချီတက်လာတာ ကြာလှပြီ  အားလုံး အေးဆေးပဲ ဖြတ်သန်းခဲ့ သမျှ အချိန်တွေအများစုက ကျေနပ်လောက်စရာကောင်းတဲ့ တည်ငြိမ်တဲ့ ဘ၀ကို ရနေတဲ့ သဘောပေါ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..