Tuesday, July 21, 2015

'' ရဲရဲစိမ်း ''

'' ရဲရဲစိမ်း ''
-----
အစိမ်း
ဘာမှ မပတ်သက်တော့ ပါကြောင်း
ကိုယ်စားပြုတဲ့ သဘောလေလား
မင့် အတွက်လား
ကိုယ့် အတွက်လား
မင်းဟာ လူစိမ်းလား
ကိုယ်ဟာ လူစိမ်းလား
ခုတော့ စိမ်းပြီးလား
တစိမ်းတွေ လိုနေတော့ မှာလား
စိမ်းလန်းသောမြက်ခင်းလွင်ပြင်ဆိုတာကရော
မင်းနဲ့ ကိုယ်ကြားမှာ စိမ်းသေးရဲ့ လား
မင်းနဲ့ ကိုယ့် ကြားမှာ စိမ်းခဲ့ ပြီလား
စိမ်းရင့် ရင့် စိမ်းလား
စိမ်းလက်စမို့ စိမ်းမတဲ့ လား
စိမ်းလက်စမို့ စိမ်းချင်တာလား
စိမ်းလက်စ စိမ်းကြစို့ ရဲ့ လား
စိမ်းရော စိမ်းရဲရဲ့ လား
စိမ်းမှာဖြင့် ရဲရဲ စိမ်းကြစို့ လား......။  ။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..