Wednesday, July 1, 2015

မျက်ဖြေတော်ဝင်လုပ်ရမှာ


မျက်ဖြေတော်ဝင်လုပ်ရမှာ
----
အမြင့် အလုံးကြီးတွေ စင်ပေါ်ကထိုင်ပြီး သိပ်မလွှတ်ရဲတာက ကိုယ့် စိတ်ကိုက မစင်ကြယ်လှသေးဘူး သူလို ကိုယ်လိုသာသာရယ်လို့ ကိုယ့် ဟာကိုယ်သိနေလို့ ပေါ့ လေ..

၈၈ မတိုင်ခင်က ရွှေဝါမြေတို့ နန်းပွင့် ရွေကြာတို့ ရောင်ပေစူး တို့  စသဖြင့် အဲ့ သီချင်းအုပ်စုတွေပေါ့ လေ တော်တော့် ကိုကြိုက်ခဲ့ ရာက ၈၈ အပြီးမှာတော့  လူကို မခင်တော့ လို့  မူပြင်သွားချက်က အဲ့ လူနဲ့ သက်ဆိုင်တဲ့ ဂီတလက်ရာကောင်းတွေကိုပါ အရင်လို ခံစားမှု့ ကမသန့်  စိတ်အာရုံက အရင်လို ဒူးနှံ့ ပြီး သွေးမတက်ကြွတော့ ပဲ သူတို့ နဲ့ မှ သွားပတ်သက်ရကောင်းလားဆိုပြီး   အမုန်းတရား ခံစားမှု့ က နှစ်သက်ခဲ့ တဲ့ ဂီတခံစားမှု့ လေးပါ မြေကြီး ထိုးဆင်းသွားတယ်

ကိုယ့် ဂီတခံစားမှု့ ကိုပါ လာရိုက်ခတ်သွားတဲ့ အမုန်းတရားဟာ ဘယ်လောက် အံ သြစရာကောင်းသလဲ ..ဒီလိုပါးပါးလေးလို့ထင်ရတာကိုတောင် မနိုင်သေးဘူးဆိုတာ ကိုယ့် အကြောင်းကိုယ်သိတော့  သူများကို မျက်ဖြေတော်ဝင်လုပ်ရမှာ လိပ်ပြာက မလုံ.....ငိငိ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..