'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, June 17, 2015
သောကြာသား ရာဇဖွား ၂ ယောက်
သောကြာသား ရာဇဖွား ၂ ယောက်
----------
၂ရက်ဆက်ပြီး ၉၇ သင်္ကြန်ကျော် နောက်ပိုင်းမှ မွေးတဲ့  ၁ ကြွင်းသောကြာသား ၂ ယောက် နဲ့ ဆုံတယ်...၂ ယောက်စလုံးအဝေးသင် တက်နေသူတွေဖြစ်တယ်...
.
အဲ့ ဒီ့  ၁ ကြွင်းသောကြာ ရာဇ ဖွား ၂ ယောက်မှာ ပထမ ၁ သောကြာက မွေးချိန် နေ့  ၁၂ နာရီက တစ်နာရီကြား ဂုရုတိုင် (သို့ ) ကြာသာပတေးတိုင် (သို့ ) ၅ကြွင်းမွေးချိန်နဲ့ မွေးလာသူဖြစ်ပြီး ချမ်းသာတဲ့ မိဘကမွေးလာသူဖြစ်တယ် သူကတော့ လူကိုယ်တိုင် သူ့ အမေနဲ့ ပါလာသူဖြစ်ပြီး အလှအပ တော်တော်ကြိုက်ပုံရတယ် ရှပ်အင်းကျီ ခွကြား ရင်ဘတ်လေးနေရာမှာတောင်မှ နေကာမျက်မှန်လေး မခို့ တရို့ လေးချိတ်ဆွဲထားသူဖြစ်တယ်..ဖက်ရှင်လျှိုးပွဲ ကက်ဝေါ လျှောက်မယ့်  မော်ဒယ်ဘွိုင်တစ်ယာက့် ပုံထွက်နေတယ်...မျက်နှာ အမူအယာကတော့  မခုတ်တတ်တဲ့ ကြောင်လေးလိုပါပဲ..
နောက် ၁ကြွင်း သောကြာသားကတော့  မနက် ၉နာရီခွဲလောက်မှာ မွေးသူ စန္ဒရောတိုင် (၀ါ) တနင်္လာတိုင် (၀ါ) ၂ ကြွင်းမွေးချိန်သမားဖြစ်တာ လူမပါလာပေမယ့်  လာကတည်းက သူ့ အမေက ထိမ်းရခက်နေလို့ ခေါင်းမာလို့  အခုလောလောဆယ်တော့ ဖုံးဆိုင်မှာအလုပ်လုပ်နေတာ လျော်ရတာ ၂ခါရှိပြီ..ပြန်မပြော နားမထောင် အလုပ် ၂ခုသုံးခုရှိပြီး ပြောင်းတာ လုပ်ခဲ့ တာတွေက ပင်ပမ်းတာချည်းပဲ သူ့ လက်ဖ၀ါးတွေက ကြမ်းတမ်းတယ် ကျောင်းပြီးပါ့ မလားစိုးရိမ်လို့ အခုက သူက ကျောင်းကို စိတ်မ၀င်စားဘူးဖြစ်နေတယ်...ဆိုတာတွေ အရင်ချငြီးပြတယ်...
ထူးခြားအဖြစ်တစ်ခုက ၁ ကြွင်းသောကြာ ၂ ယောက်စလုံးဟာ ၁၉ နှစ် တနင်္လာသက်ရောက်ကို ၀င်နေကြသူတွေချည်းဖြစ်တယ်..စန္ဒရောတိုင်နဲ့ မွေးတဲ့  ၁ ကြွင်းသောကြာသားရဲ့ ဖအေဟာ ပြီးခဲ့ ရက်ပိုင်းက သူ ကားဝယ်ရာမှာ အခု ဒုတိယမြောက် သောကြာသား အမည်နဲ့  စာချုပ်ချုပ်ပြီးဝယ်ခဲ့ တယ်လို့ ဆိုတယ်...ဒါဟာ ဒီ ဒုတိယမြောက် သောကြာသား အသက် ၁၉ နှစ် တနင်္လာသက်ရောက် မှာ တနင်္လာနံ အ၀င်ကိန်းအရ ကားတစ်စီး သူ့ ပယောဂ သူ့ ငွေမပါပဲ သူ့ မိဘကြောင့် အ၀င်ခံလိုက်ရတဲ့ သဘော (၀ါ) အတိတ်ကံအရ ၀င်လာတာမျိုးဖြစ်တယ်...( ဒါဟာ ဒီ ဒုတိယမြောက်သောကြာသားဟာလည်း အတိတ်ကံအရ ဓနအရာမှာ ခေသူ မဟုတ်ဆိုတဲ့ အချက်ကိုပြနေတဲ့ သဘောပဲ).....အခုကတော့  ဒီဒုတိယမြောက် သောကြာသား သူတကယ် မပိုင်ရပဲ သူ့ အမည်ခံပေးရတဲ့ အတွက် ဒါကိုဒီ ၁၉နှစ်အတွက်တော့  ကြိမ်းကျေသွားတယ် မိဘအတွက်ဖြစ်နေလို့  ဘာမှမတတ်နိုင်ဘူး..ဒါပေမယ့် ဒီလို အမည်ခံပေးလိုက်ရတဲ့ အတွက် ရလိုက်တဲ့ အကျိုးကျေးဇူးက ဒီသောကြာသားရဲ့ အနာဂတ်ဟာ မဆိုးဘူး ကောင်းစားနိုင်တယ်ဆိုတဲ့ အချက်ပါပဲဗျာ....
မွေးချိန်တွေ မွေးဖွားရာ ၀န်းကျင်အသိုင်းအ၀ိုင်းတွေ မျိုးနွယ်စုတွေ စသဖြင့် ကွဲသွားတာနဲ့ တင် ၁ကြွင်းသောကြာရာဇဖွားရဲ့  စရိုက်တွေ အတော်လဲကွဲသွားတာ သိသာနေတယ်..အဲ့ ဒီ့ ကွဲပြားသွားရတဲ့ အကြောင်းတွေကပဲ သူတို့ ၂ ယောက်ရဲ့  အနာဂတ်မှာ ဘ၀အဖြစ်အပျက်လမ်းကြောင်းတွေ အများကြီးကွဲထွက်သွားတော့ မယ်ဆိုတာ သိသာပြီး သူတို့  ၂ယောက်မှာ တူညီတာက မူလမဟာဘုတ်က မထုံတက်ထေးတို့ ပြန်မပြော နားမထောင်တို့  ပတ်ဝန်းကျင်အပေါ်လိုက်ပြီး အရောင်ပြောင်းသွားတတ်တာတို့  စသဖြင့် စသဖြင့် ဆိုတဲ့ အခြေခံ အချက်အလက်တွေသာ တူမယ်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..