Monday, June 15, 2015
အသေးအမွှားလို့ ထင်ရပေမယ့် ..
အသေးအမွှားလို့ ထင်ရပေမယ့် ..
----
အစွဲဟူသမျှ ကင်းမှ (၀ါ) ဘာကိုမှ တကယ်မစွဲတော့ ရင် ဘာမှ ထပ်မဖြစ်တော့ ဘူး (၀ါ) အပြီးလွတ်မယ် တစ်ခုခု ပြန်ဖြစ်နေသေးရင် တစ်ခုခု စွဲနေသေးလို့  ဆိုတဲ့ သဘောတရားကို သွားရာလမ်း အကြောင်းတွေဖတ်ရတာ အားရစရာ အားကျစရာပေါ့ အဲ့ မှာ အစွဲကင်းအောင် လျှော့ ချရတာ..စာထဲကလောက် မလွယ်ပါဘူး အတော်ကြိုးစားရလိမ့် မယ် လျှာဖျားလေးလောက်နဲ့ မလွယ်ဘူးဆိုတာ.ကိုယ့် .စိတ်ဖြစ်စဉ်တွေကို ကိုယ်ပြန်ဆင်ခြင်နေရင် ဘယ်လောက်တောင် အင်အားကောင်းကောင်းနဲ့ အစွဲထုကြီးသလဲဆိုတာ ပေါ်ပေါ်လာတယ်..
.ငါ အစ်ကို ဆိုတဲ့  အစွဲက ကိုယ့် အောက်က ညီတွေ ညီမတွေကို ကြည့် တာတောင် သံယောဇဉ်စိတ်တွေတင်မကဘူး အဲ့ သံယောဇဉ်စိတ်ရဲ့  အောက်မှာ ပုန်းပြီး ပါလာတာက  ''ငါ '' ဟာ သူတို့ ထက် အကြီး '''...ဆိုတဲ့  '''အကြီးမာန်''' ပါလာတယ်...ကိုယ်က သူတို့ ကို တစ်ခုခုပြောလိုက်တဲ့ အကြောင်းတစ်ခုဟာ သူတို့ စိတ်နဲ့ မတွေ့ လို့  သူတို့ က ၀ူးဝူးဝါးဝါးနဲ့ တစ်ခွန်းနှစ်ခွန်း ပြန်စောဒကတက်လိုက်ရင် '' ရင်ထဲမှာ တင်းကနဲ '' က အရင်စဖြစ်သွားတတ်တယ်.(ဒေါသအသေးစားလေး) ..ဒါဟာ ဘာကြောင့် ဖြစ်တာလဲ..?
သူတို့ လည်း ငါ့ လို လူတွေ ဖြစ်တယ် .ငါ့ လို ခံစားတတ်တယ် ငါလို့ စဉ်းစားတတ် တွေးတတ်တဲ့ ဥာဏ်တွေပါတယ်.ငါ့ လိုလွတ်လပ်ချင်တဲ့ အနှောင်အဖွဲ့ကင်းချင်တဲ့ စိတ်ရှိနေလိမ့် မယ်..ဒီတော့ ငါလည်း သူတို့ ပြောစကားကို နားထောင်ပေးရလိမ့် မယ်လို့ ဘာလို့ အရင် မတွေးပေးမိတာလဲ..?
အဲ့ မှာ တွေ့ တယ် .''ငါဟာ သူတို့ ထက်အကြီးလို့ စွဲနေပြီ ''  အကြီးဖြစ်လို့  ငါ လိုအကြီးလုပ်သူက  သူတို့ အငယ်တွေဆိုတာ ငါပြောတာမှန်သမျှ သူတို့ နားထောင်ပေးရမယ်ဆိုတဲ့ ပုံသေ စွဲထားတဲ့  ပုံသေ ဆုတ်ထားတဲ့  စိတ်ကြောင့် ပဲ..
ဆွမ်းလောင်းတာတောင် ငါ ကုသိုလ်ရဖို  ငါ သံသရာမှာ ကောင်းတဲ့ ဘ၀လေးရအောင်လို့ ဆိုတဲ့ စိတ်က အရင်ဖြစ်တယ် ကိုယ်တော်တွေ ၀မ်းဝပါစေဆိုတဲ့  စိတ်က နောက်မှ......( အဲ့ နောက်မှဆိုတဲ့ စိတ်က စာအရသာရေးတာ အဲ့ စိတ်က တကယ်ဖြစ်မဖြစ်က မသေခြာဘူး အခုအထိ ဆွမ်းလောင်းခဲ့ တာ ကိုယ်ကုသိုလ်ရဖို့ ချည်း လောင်းနေခဲ့ တာ ကိုယ်တော်တွေ ၀မ်းဝသွားပါစေ  ၀မ်းဝပြီး အားဖြစ်လာရင် သာသနာ့ အကျိုး..ဘာညာတွေ တစ်ခါမှ မတွေးခဲ့ ဘူးဘူး...ဒါက ကိုယ့် စိတ်ဖြစ်စဉ်ရဲ့ အမှန်တရားပဲ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..