Friday, June 19, 2015

ကိုယ့် နတ်ဘုံနဲ့  ကိုယ်..ကိုယ့် ငရဲနဲ့ ကိုယ်



ကိုယ့် နတ်ဘုံနဲ့  ကိုယ်..ကိုယ့် ငရဲနဲ့ ကိုယ်
----------
ဒင်းနဲ့ ဆမ် တို့ ညီအစ်ကိုတွေရဲ့ ဆူပါနယ်ထရယ်လ် ဇာတ်လမ်းတွဲက ငရဲခွေးကို ကျနော် တော်တော်သဘောကျသွားတယ်...

ကျနော်တို့ အယူက ကံ ကံရဲ့ အကျိုးသဘောတရားကို အဲ့ ငရဲခွေးမှာမြင်လိုက်ရတယ်

အဲ့ ထဲက ငရဲခွေးကို ငရဲခွေးရဲ့ အကိုက်မခံရမယ့် သူ (၀ါ) ငရဲခွေးနဲ့ မသက်ဆိုင်သူက မမြင်ရဘူး ၊ ငရဲခွေးရဲ့ အကိုက်ခံရမယ့် သူ သက်ဆိုင်သူသာ မြင်ရ ခံနေရ ကြောက်နေရ ထွက်ပြေးဖို့ ကြိုးစားနေရတဲ့ ဘ၀..

သဘောက အဲ့ ငရဲခွေး ရုတ်တရက်ပေါ်လာပုံက အဲ့ ငရဲခွေးရဲ့ အကိုက်အသတ်ကို ခံရမယ့် သူကြောင့် ဖြစ်တည်ပေါ်ပေါက်လာတဲ့ သဘော..

ဒီဘက်က ကျနော်တို့ အယူက ဇာတကတွေမှာလည်း ဒီသဘောတွေပါတယ်..လူက လူပြည်မှာ မသေသေးဘူး အဲ့ လူရဲ့ ကောင်းမှု့ ကုသိုလ်တွေလုပ်နေတဲ့ ကံ အကျိုးက လူပြည်ကနေ သူသေခဲ့ ရင် သူ့ ကောင်းမှု့ အကျိုးကြောင့်  သူ စံစားရမယ့်  နတ်ဗိမ္မာန်ကြီးတွေက နတ်ပြည်မှာ တစ်စတစ်စ
 ကြိုပြီး ဖြစ်တည်နေပြီဆိုတာမျိုးတွေပေါ့ ..

သဘောက ကိုယ့် နတ်ဘုံနဲ ကိုယ်..ကိုယ့် ငရဲနဲ့ ကိုယ် သဘောမျိုး..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..