Monday, May 25, 2015

ပြောင်းလဲလို့ မရတဲ့ သဘာဝ အမှန်တရားတစ်ချို့ ကြောင့် ...


ပြောင်းလဲလို့ မရတဲ့ သဘာဝ အမှန်တရားတစ်ချို့ ကြောင့် ...
-----------------------
တစ်ခါကပေါ့ .. ဂဏန်းတွေ တောင်ခြစ်မြောက်ခြစ်လုပ်ပြီး ပြီးခဲ့ တာတွေကို တော်တော်လေးမှန်အောင် ပြောနိုင်တဲ့ အမျိုးသားတစ်ယောက်ရှိတယ်ဆိုတာ ဘော်ဒါတစ်ယောက်က သတင်းပေးလို့ ဘော်ဒါတစ်ချို့ နဲ့ သွားခဲ့ ကြပြီး ဗေဒင်ဟောအောင် အဲ့ လူကို ဖားကြရတယ်..အဟောခံချင်တာကိုး..ပြီးတော့  သတင်းထွက်နေတာက ခေါင်းစွဲလိုလို အကြားအမြင်လိုလို၊..ဒါပေမယ့် အဲ့ လူဟာ အောက်ပိုင်းချိနဲ့ နေသူလူလွတ် မိသားစုမဲ့ တစ်ကိုယ်ရည်သမားဖြစ်တယ်.၊.အဲ့ မှာ သူဟာ သူငယ်ချင်းတစ်ချို့ ကို မှန်အောင်ဟောနိုင်လို့   အားလုံးကသဘောကျနေချိန်မှာ သူက ကျနော့် ကို ပထမဆုံစ ဟောလိုက်တာက မောင်နှမတွေထဲမှာ ဒုတိယမြောက် သားဖြစ်တယ် အထက်မှာ အစ်မ တစ်ယောက် ရှိတယ်. ဟုတ်တယ်မလား လို့ ပြောလိုက်တော့ ကျနော်က ဟုတ်တယ်..မှန်တယ် အဲ့ ဒါ ဘာလုပ်ရမလဲလို့ ပြန်မေးလိုက်မိတယ်...



အဲ့ မှာ ဒေါသတွေထွက်ပြီး မဟောတော့ ဘူး..သူ့ ပညာကိုစော်ကားတယ်လို့ ဆိုပြီးတော့ ပေါ့ ..ဘော်ဒါတွေလည်း စိတ်ညစ်သွားပြီး ကျနော့် ကို မင်းက သွားရိတာကိုးလို့ ရယ်ကျဲကျဲနဲ့ ပြောပြီးထွက်လာခဲ့ ကြတယ် မင်းကြောင့် ပညာခိုးလို့ မရတော့ ဘူးဟ လို့ လည်းဝိုင်းနောက်ကြတယ် ..နောက်လည်း မရောက်ဖြစ်တော့ ဘူး.ရောက်လည်း ဟောပေးမှာ မဟုတ်ဘူးလို့  ထင်လို့ ..

ဒီ အကျင့် က ကျောင်းကအကျင့် ရယ်..စာဖတ်လိုက် တွေးကြည့် လိုက် အကျင့် ကနေ ဖြစ်လာတဲ့ အကျင့် ပါပဲ...တစ်ချို့ အမှန်တရားတွေဟာ ဘာမှ လုပ်လို့ မရ ပြောင်းလဲပစ်လို့ မရတဲ့  အမှန်တရားတွေ ဖြစ်တယ် ပုံမှန် သဘာဝ အမှန်တရားတွေဖြစ်တယ် အံ့ သြစရာ မကောင်းတဲ့ အမှန်တရားတွေလည်းဖြစ်တယ်ဆိုတာ စာပေတွေကနေတစ်ဆင့် တွေးတတ်နေခဲ့ ပြီ..

ဒါပေမယ့်  ဒီလို အမှန်တရားတွေကို ဟောတာ မှန်တဲ့ အတွက်ကြောင့်  အနာဂတ် အတွက် ဟောတာမှာ မှန်လိမ့် မယ်လို့ မပြောနိုင်ကြောင်းကို ဓမ္မစာပေတွေက ဇာတကတွေမှာ အများကြီးရှိပြီးသားဆိုတာ ဖတ်ခဲ့ ပြီးပြီ...

.ဒါပေမယ့်  အများသဘာဝက အတိတ်က ဖြစ်ခဲ့ တာတွေ ဖြစ်နေဆဲတွေကို မှန်အောင်ပြောနိုင်သူကို
အံ့ သြမှင်သက်မိသွားကြလေ့ ရှိပြီး သူတို့ ဟာ.အနာဂတ်ကိုပြောရင်လည်း မှန်လိမ့် မယ်လို့  တန်းယူလိုက်ကြလေ့ရှိတယ်

ဒါပေမယ့်  တစ်ခါတစ်လေ လူ့ ရဲ့ လျို့ ဝှက်တဲ့  ကံတရားကြောင့်  သီလကြောင့်  ဆင်ခြင်တုံတရားကြောင့်  ပညာဥာဏ်အမျှော်အမြင်ကြောင့်  အနာဂတ်အတွက်  တွက်ချက်ထားတွေဟာ မှန်းထားသလိုလည်း မဖြစ်လာရော......


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..