Thursday, May 21, 2015

ဘယ်ညာ....



ဘယ်ညာ....
------------------
သူများကို ဟောပြောတာထက် ကိုယ်ရွေးခြယ်ရမှာတွေ ပယ်ရမှာတွေကို ကိုယ်တိုင် ချိန်ဆတတ်စေဖို့  ရည်ရွယ်ပါတယ်ဗျာ.....

အခုပြတဲ့  ပုံက ဂျပန်မှာ ကျောင်းဆက်တက်နေတဲ့  ဗုဒ္ဓဟူးသမီး မရဏဖွားလေးပါ..၉၀ ဖွား ဖြစ်ပြီး အခု အသက် ၂၄ ပြည့် ခါနီးပါပြီ အင်္ဂါသက်ရောက်ဆိုပါတော့ ....

ခဏပြန်လာတုန်း သူ့ မအေက ခေါ်လာတာပါ ဆရာဝန်မလေးပါ....ပြဿနာက မကြီးမသေးပါ....သူ့ ကိုယ်သူ ယုံကြည်မှု့ တွေ ကျဆင်းလာတာကို ထိုင်ပြောပေးရတာပါဘဲ....စာတွေက အရမ်းခက်လို့  ပြီးအောင်မှဆက်ဖတ်နိုင်ပါ့ မလားလို့  သူ့ ကိုယ်သူ စိတ်ပူလာလို့ ပါ.....ဒါဟာ အင်္ဂါသက်ရောက်ရဲ့  စိတ်ဖိစီးမှု့ များလာတဲ့ သဘောတရားတစ်ခုပါဘဲ...ကြွယ်ဝသူတွေဖြစ်လို့  စကော်လာသမား မဟုတ်ဘဲ ကိုယ့် ပိုက်ဆံနဲ့ ကိုယ်သွားတက်နေသူပါဘဲ...ခွန်အားမြှင့် တင်ပေးရတာ လွယ်ပါတယ်...



အဓိကပြချင်တာက ဒီဗုဒ္ဓဟူးမလေး မရဏဖွားဟာ ညနေ ၆နာရီမှာမွေးလို့  ဗုဒ္ဓတိုင်းနဲ့ မွေးသူ...တစ်နည်းအားဖြင့်  ၄ ကြွင်းမဟာဘုတ်မွေးချိန် သဘောပါလာပြီဆိုတာပါဘဲ...
မဟာဘုတ် ၂ ခုကိုယှဉ်ကြည့် ရင် အင်္ဂါ နံနဲ့  သောကြာနံဟာ မဟာဘုတ် ၂ခုစလုံးမှာ အပေါ်တန်းတွေ မှာသာထိုင်သွားလို့  သူဆရာဝန်ဖြစ်သွားတာဟာ အတိတ်ကံဘ၀အကျိုး
ပေး အိုကေ လာသူ ဖြစ်နေပြီလို့  ခန့် မှန်းလို့ ရပြီး သူ့ အနာဂတ် ဘ၀ရပ်တည်မှု့ သဘောဟာ အခြေအနေအကောင်းဘက်က များနေပြီ လို့  တွက်ထားလို့ ရပါပြီ...

အင်္ဂါနံဟာ အိမ်ထောင်ဘက် နံ..သဘောလည်းဖြစ်လို့  အိမ်ထောင်ပြုဖြစ်ရင်...လယ်ဘယ်ညီတဲ့  အိမ်ထောင်ရေးသဘောရဖို့ ကံပါသလို သောကြာနံ မယား ကံဟာလည်းအပေါ်မှာဘဲရှိလို့  အိမ်ထောင်သာပြုဖြစ်ရင် အင်ပရက်ရှင် လယ်ဘယ် ရနိုင်ပြီလို့  ယူထားလို့ ရပါပြီ...

ပညာ ဂဏန်း ၅ ဟာ ၁ကြွင်းမှာ အဓိပတိ ထိုင်လို့  လိုချင်စိတ်ရှိရင်ပညာကောင်းရနိုင်တာကိုပြနေပေမယ့်  ၄ကြွင်း မွေးချိန်မှာတော့  ၅ ဂဏန်း ပညာသဘောဟာ ပုတိအိမ် ဆင်းထိုင်သွားပါတယ်...ဒီတော့  သူဟာ သူတတ်တဲ့ ပညာကို သုံးချင်မှ သုံးရမယ် ဒါမှမဟုတ် သွယ်ဝိုက်သဘော သာသုံးရမယ်..ဒါမှမဟုတ် ဆေးကုသမားထက် ဆေးရောင်းတဲ့ ကုမ္ပဏီသမားဖြစ်နိုင်တယ်..ဘာကြောင့်  ဒီလို တွက်ထားပြီလဲဆိုတာက ၄ကြွင်းက ပုတိ အိမ်မှာ ပညာ ၅ ဂဏန်း ထိုင်တယ်ဆိုတာ ပုတိအိမ်ဟာ ဖုံးကွယ်တတ်တဲ့ သဘောနဲ့  ဖုံးကွယ်ခံရတဲ့ သဘောကို ဆိုလိုနေလို့ ပါဘဲ...ပုတိဆိုတာ အိမ်ထောင်ရေးနေရာလို့  ယူယုံတင်မကတဲ့ သဘောပေါ့ ....ဒါဟာ ဘယ်ညာ ညှိတာပါ...

အကယ်၍ သူဟာ ဆရာဝန် ဖြစ်မလာဘဲ ရိုးရိုးဘွဲ့ ရဆိုရင် သူ အသက်မွေးဝမ်းကြောင်း လုပ်ရင် အလွယ်ဆုံးက အင်္ဂါနံ သောကြာနံ နဲ့ ပတ်သက်တဲ့  အလုပ်တွေပါဘဲ...

ကျောင်းမနေတဲ့  တောသူတောင်သာူးဆိုရင် ဆီထွက်သီးနှံစိုက်တာ...ဇီးခြံကြီးတွေ ထူထောင်တာ...စပါးစိုက်တာ...ဆိတ်မွေးတာ ပင်လယ်နားနီးရင်ဆားကွင်းတွေ...ဆီဆိုင်ဆန်ဆိုင် ဆေးစတိုးဆိုင် စသဖြင့် ပေါ့ ...

တစ်ခါတစ်လေ အင်္ဂါနံ လင် ပရိယာယ်သဘော အထိုင်သိပ်ကောင်းနေလို့  ကိုယ်တိုင်ထွက်ပြီး ဘာအလုပ်မှ လုပ်စားစရာမလိုတော့ ဘဲ အိမ်ထောင်ဘက် ယောက်ျား ရဲ့  လုပ်စာ သက်သက် ထိုင်စားနေ ရတဲ့ ကံမျိုးလည်းဖြစ်သွားတတ်ပါတယ်..အင်္ဂါသား သောကြာသား နဲ့  အိမ်ထောင်ကျရင် လည်း အိမ်ထောင်ရေးမှာ မတောင့်မတ မကြောင့် မကြနဲ့  ဂွတ်နေတတ်တဲ့ သဘောလည်း ပါပါတယ်
..( ယူလည်းယူဖြစ်ဦးမှပြောတာပါ)

ကျန်တာတွေလို ဒီလို ဘယ်ညာညှိယူတာပါဘဲ.....

အခု ရေးပြခဲ့ တာဟာ အဲဒီလို မွေးလာရင် ဒီလိုဖြစ်ကို ဖြစ်ရမယ်လို့ ဟောကိန်းထုတ်လိုက်တာ ဟောစတမ်းထုတ်လိုက်တာမျိုး ဆိုလိုတာထက် ဘ၀ကို ဘယ်လို ဖြတ်သန်းရင် ကောင်းမလဲကို ရေးပြတဲ့ သဘောပါဘဲ...

ကိုယ့် မူလမဟာဘုတ် နဲ့ ကိုယ့် မွေးချိန်သိရင် စာရွက်တစ်ရွက်မှာ မဟာဘုတ် ၂ ခုကို ဘယ်ညာ ချရေးပြီး...ဟိုဖက်ဒီဖက် ဂဏန်းတွေ ကိုချိန်ညှိရင်း ကိုယ့် ဘ၀ကိုယ်တိုင် လမ်းရွေးဖို့  အကဲခတ်ပြီး ဘ၀အတွက် ကောက်ကြောင်းတွေ လမ်းကြောင်းကောင်းတွေ ရွေးလို့  ရနိုင်လောက်ပါတယ်...

ဒီထက် ကျယ်ကျယ်ပြန့် ပြန့်  လည်း သုံးစွဲနိုင်ပါတယ်...ဥပမာ ၁ကြွင်းနှစ်မွေး + ၄ကြွင်းမွေးချိန်မဟာဘုတ် သမား နေမကောင်းလို့ ဆေးကုရင် အင်္ဂါသားနဲ့ သောကြာ သား (သို့ )အမည်ရှင်နဲ့  ဆရာဝန်နဲ့ ကုရင် ရောဂါက ချမ်းသာရာရဖို့  ပိုမြန်နိုင်တယ်ဆိုတာမျိုး...လူယုံခန့် ရင် အင်္ဂါသားနဲ့ သောကြာသားကိုခန့် ရင် အကျိုးပိုရှိတယ်ဆိုတာမျိုးပေါ့ 

ပိုအကျိုးရှိမှာက ကိုယ့် ကလေးကို သူ့ ဘ၀အတွက် ဘယ်လမ်းကြောင်း နဲ့  သင့် တော်သလဲကို ချိန်ဆနိုင်တဲ့ သဘောပါ...လိုတာဖြည့်  မလိုတာ လျှော့ ချ ပုံချ ပေးဖို့ ပိုနီးစပ်လာပါတယ်...

တစ်ချက်ပြောလိုတာက ကျနော်သုံးနေတဲ့  မဟာဘုတ်နည်းပညာသဘောက မွေးတုန်းက ဆင်းဆင်းရဲရဲ နဲ့ မွေးလာတာ ချမ်းချမ်းသာသာနဲ့ မွေးလာတာတွေကို ကြည့် တာ တွက်တာ မဟုတ်ပါဘူးဆိုတာပါဘဲ..

ဒီတော့  ၁ ကြွင်းချင်း တူပေမယ့် 

မူလမွေးနှစ် ၁ ကြွင်း + မွေးချိန် ၁ကြွင်း...
၁ကြွင်း + ၂ ကြွင်း....
၁ကြွင်း + ၃ကြွင်း
၁ကြွင်း + ၄ကြွင်း...
၁ကြွင်း + ၅ ကြွင်း...
၁ကြွင်း + ၆ ကြွင်း...
၁ကြွင်း + ၀ကြွင်း....ဆိုပြီး..

မွေးချိန် မဟာဘုတ် ၇ ခု ထပ်ကွာသွားလို့  ဘ၀ဖြတ်သန်းမှု့ တွေ ကြုံတွေ့ ရပုံတွေ စဉ်းစားပုံစဉ်းစားနည်းတွေ ကျမ္မာရေးစတိုင်တွေ အလုပ်လုပ်ပုံစတိုင်တွေ စသဖြင့် အထွေထွေ အပြားပြား ကွဲသွားလို့  ၁ ကြွင်းမွေးချင်းတူပေမယ့်  တစ်ချို့ က ယဉ်ကျေး...တစ်ချို့ က ခပ်စွာစွာ တစ်ချို့ က တစ်ခါတစ်လေ ယဉ်ကျေးလိုက် တစ်ခါတစ်လေ ထစွာလိုက် ဖြစ်နေတာ ဘာလို့ လည်း ဆိုတဲ့  သဘော ဖြစ်နေတာကို မြင်နိုင်ပါပြီ.....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..