'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, March 14, 2015
'''..ပြောရဦးမယ် ကိုယ်ချင်းကိုယ်ချင်းတွေမို့ '''
''''..ပြောရဦးမယ် ကိုယ်ချင်းကိုယ်ချင်းတွေမို့ '''
-------------------------
'''ပြောရဦးမယ် ကိုယ်ချင်းကိုယ်ချင်းတွေ.'' ..လို့  စောစောစီစီအိမ်ဝင်လာရင်း စကားစလာသူက တစ်ခန်းကျော်က အတင်း အဲ့  သတင်းစုံ လှည့် ပြောရတာဝါသနာထုံတဲ့  အိမ်ရှင်မပေါ့ ဗျာ...သူ ငြီးတာ အတော်ရယ်စရာကောင်းတယ်ဗျ..အဲ ..ကလေးခြေထောက်ပိုးထိပြီး မျော သစ္စာဆို အဆိပ်ချ တဲ့ ရသေ့ နဲ့ ဒကာ ဒကာမ သစ္စာ ပုံပြင်ထဲက ၀န်ခံချက်မျိုး အပြင်မှာ တကယ်ရှိပါလားလို့ တွေးပြီးရီမိတာ...အရပ်စကားပြောရရင် '''အကျင့် သွားလုပ်တာကိုး'' လို့  တစ်ချို့ ခံခဲ့ ရဘူးသူတွေ ပြောသလိုမျိုးဖြစ်နေပြီ...ခိခိ
ဖြစ်ပုံအစက သတိထားမိနေတာတော့ ကြာပါပြီး အဲ့ အိမ်ရှင်မက လမ်းထဲလာတတ်တဲ့ အလှုခံတွေကို တစ်ခုခုထွက်ထွက်လှုတတ်တယ်..အထုသဖြင့်  အလှုရှင်အမည်ကို မိုက်နဲ့ အော်ပေးတဲ့ အဖွဲ့ တွေကို ပိုလှုတယ်...အလှုခံက မိုက်ကြီးနဲ့ ကျောင်းဒကာဘယ်သူနဲ့ ကျောင်ဒကာမကြီးဘယ်သူက ဘယ်လောက်လှုတော်မူသွားပါတယ် ဘာညာဖြစ်ကြပါစေကို အိမ်ထဲကနေ အရသာခံ နားထောင်နေတာမျိုးပေါ့ ..
အဲ့ အလှုခံတစ်ဖွဲ့ က တစ်ခါတစ်လေ လာတာမဟုတ်ဖူးအပတ်စဉ် နေ့ အတိအကျ နာရီ ကွက်တိနီးပါးစံတော်ချိန်ကိုက်ပြီးပုံစံ နဲ့ လာနေကျ...အဲ့ အဖွဲ့ ကို အဲ့ အိမ်ရှင်မက ကြာဆန် ထုတ်ကြီးတစ်ထုတ် စထွက်လှုခဲ့ တာ.သင်္ကြန်လွန်ကပေါ့ ..နောက်တော့  ၂လလောက် အပတ်တိုင်း ထွက်လှုဖြစ်နေတာ မိုက်က အော်သံနဲ့  ကြားနေရတယ်လေ....သာဓု သာဓုပေါ့ ....အဲ့ ဒါ အခုဆို နှစ်ပေါက်ခါနီးလာပြီ...
၎လ၅လလောက်မှာကတည်းက အဲ့ အလှုခံအဖွဲ့ က အဲ့ အိမ်ရှေ့ ဆိုရင် အသေအခြာရပ် အိမ်ထဲမျှော် တော်တော်နဲ့ မသွားတော့ ဘူး အဲ့ အိမ်ရှင်မအိမ်က ကြာဆန်ထုတ်ကြီး ထွက်မလှုမချင်းပေါ့ ..ထွက်လည်း လှုရော မိုက်ကြီးနဲ့  အလှုရှင်အမည် ကို အလွတ်အော်တော့တာပါပဲဗျာ...ကြာတော့ပုံမှန် အပြုအမူတစ်ခုလိုဖြစ်လာတယ်ပေါ့ ...
အဲ့ အိမ်ရှင်မ လာငြီးပုံက ပြောရဦးမယ် ''ကိုယ်ချင်းကိုယ်ချင်းတွေမို့ ပြောရဦးမယ် ..ကျမတို့ အိမ်က သင်္ကြန်တုန်းက ကြာဆန်ချက်လုပ် ဝေတာလေ အဲ့ တာ ပြီးတော့ ကြာဆန်ထုတ်တွေ တော်တော်လေး ပိုနေတာ အဲ ဒါ လမ်းထဲလာတဲ့ အဲ့ အလှုခံအဖွဲ့ ကို တစ်ပတ်တစ်ခုလှုနေတာ...ကြာဆန်ထုတ်က ကုန်တော့  အခုတော့ ပြေးပြေးဝယ်ထားရတယ်..ကိုယ်မအားလို့ သွားစရာရှိလို့  ဒီအပတ်တော့  မလှုသေးဘူး နေတာတောင် အလှုခံက အိမ်ရှေ့ ကနေကွက်ကြည့် ကွက်ကြည့် နဲ့ မသွားဘူး..ထွက်လှုလိုက်မှ အဲ့ ဒါ အိမ်သားကိုတောင်ပြောမိတယ် ကျမအစကတည်းကပြောတယ် အကုန်အပြတ်လှုလိုက်ပါ လားဆိုတာ ရှင်က တစ်ပတ်တစ်ခါ လှုတာပိုကောင်းတယ် ဆိုပြီး ရှင်အကျင့် လုပ်တာလေ အခုတော့  ကြာဆန်ထုတ်က မအားရင်တောင် အမြဲသွားဝယ်ထားပေးနေရပြီ..လို့ ..ဟင်းဟင်းဟင်း....စဉ်းစားကြည့် ရှင့် တစ်ခါတစ်လေလည်း အလုပ်အားလို့  အိပ်ယာမထပဲ နေမယ်ဆိုတာတောင် အဲ့ အဖွဲ့ က အိမ်ရှေ့ က လာရပ်အော်နေတာ ထွက် မလှုမချင်း မသွားဘူးရှင့် .မနက်ကများ လူကလည်းနေသိပ်မကောင်းတာနဲ့  စိတ်တိုလိုက်တာ..အဟင်းး...''..( ဟီးဟီး..အများကြီးပဲ ဗျစ်တောက်ဗျစ်တောက် ပြောသွားတာ...စာရှည်လို့ ခုလောက်လေး ပြန်ပြောပြတာ အဲ့ အိမ်ရှင်မ အတော်မအီမလယ်ဖြစ်နေတာ)..
အမှန်တော့  ဖြစ်တတ်ပါတယ်..ကိုယ်တွေလည်း တစ်ခါတစ်လေ ဒီလို စိတ်မျိုးဖြစ်တတ်လို့ အလှုရှင့် ဒုက္ခကြည့် ပြီးကိုယ်ချင်းစာရင်း ရယ်မိတာပါပဲ...
အလုပ်ပိတ်ရက်တွေမှာ သက်သက် စောစောမထပဲ ပေအိပ်နေကြတာတောင် သံဘာဂျာတံခါး တဂျိမ်းဂျမ်းလှုပ်ပြီး လာအလှုခံတာ အိမ်ထဲကလူတွေ မနိုးမချင်း မထမချင်းလေ...အလှုခံတွေကတော့ အမှန်အကန်တွေပါပဲ ဒါပေမယ့်  ရှားပါးနေတဲ့ ခေတ်မို့ ပုံမှန် လှုနေတဲ့ အိမ်တွေက သေခြာပေါက် အလှုပစ္စည်းရမှာမို့  ပြီးတော့  အလှုရှင်တွေကလည်း သဘောကောင်းပုံရလို့  အဲ့ လို နိုးပြီးတော့ ကို အလှုခံရဲကြတာမှန်း တွက်လို့ ရတယ်...အဲ့ တော့  တစ်ခါတစ်လေ စိတ်တိုပေမယ် ဘ၀အထွေထွေ တွေကြောင့်  ကြာကြာတော့  စိတ်မတိုရက်ပြန်ဘူးလေ...
မိဘအစဉ်အဆက်က လှုခဲ့ တာမို့  ဆက်လှုနေခဲ့ ရတာပါဆိုတဲ့  ပုံပြင်သွားသတိရရင်း ရယ်မိရတာလို့ ...ဟီးဟီး...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..