Friday, March 6, 2015

မျက်နှာမြင်ယုံနဲ့ 


မျက်နှာမြင်ယုံနဲ့ 
-------
အမျိုးထဲမှာ ရှိခဲ့ တယ် အရက်စွဲသွားသူပါ ကျနော်နဲ့ ဆို အသက်လယ်ဘယ်တွေပါ ခုတော့ လမ်းဘေးမှာ စည်ပင်ပိုင်အလောင်းအဖြစ် ခွေခွေလေး အရက်နာကျ အဆုပ်အအေးပတ်ရင်း  သေသွားပါပြီ...သူ ဟာ အရွယ်နဲနဲရောက်လာကတည်းက အလုပ်ကိုလဲ လက်ကြော မတင်သလို အိမ်ကိုလည်း ကူဖေါ်မရပါဘူး အရက်သာပထမ အရက်သာဒုတိယအရက်သာတတိယ ဆိုသလိုပါပဲ အတော်အရွယ်ရတဲ့ အထိ မိဘလက်ဝေခံပါပဲ အိမ်ယာလည်းထူထောင်ဖို့ လည်း အာရုံမလာပါဘူး...နောက်တော့ မိဘတွေလည်းမရှိတော့ တဲ့ အခါ ကျန်တဲ့  မောင်နှစ်မတွေက ၀ိုင်းကြည့် ပေးပါသေးတယ် လုပ်စားကိုင်စားတွေ ဖြစ်လို့ အမွေပုံများများ မကျန်ခဲ့ ပဲ ကျောခင်းစရာနေရာတစ်ခုသာကျန်ခဲ့ ပါတယ်.

ကျန်ခဲ့ တာတွေအရက်ဖိုးအတွက်ရောင်းတုတ်ရင်း  နောက်တော့ ပုံမှန်ဝင်ငွေမရှိတော့ ပါဘူး....အဲ့ မှာနေရင်း ကျန်တဲ့ မောင်နှစ်မတွေကလည်း  လောကထုံးစံအရ အိမ်ထောင်သည်တွေဖြစ်သွားလို့  သူလာတိုင်း ရော့ အင့် အရက်ဖိုးလို့ မပေးနိုင်တော့ ပါဘူး ဒီတော့  အမျိုးတကာအိမ်လှည့် ပါတယ်...

ထူးခြားတစ်ချက်က အပြင်တစ်စိမ်းတွေဆီမှာ သေသွားတဲ့ အထိ လှည့် မ၀ိုက်တတ်တာလေး တစ်ခုကတော့ အမျိုးဂုဏ်ကို မထိခိုက်သေးဘူးလို့  ကောင်းကွက်လေး တစ်ခုရှာရင်ရနိုင်ပါသေးတယ်..



သူ့ မှာ အလွန်ထူးခြားတဲ့ စွမ်းရည်နှစ်ခုကတော့  ဘယ်သူက ဘယ်လောက် မခံချင်အောင်ပြောပြော နားမပါသလို နဲ့ ခွန်းတုံ့ ပြန်လေ့ မရှိ အ နေသလိုနေနေတတ်ပြီး အရက်ဖိုး မရမချင်းပေကပ် ကျောက်ချ ထိုင်နေတတ်ရင်း မထုံတက်ထေး ပြုံးစစ နဲ့ သာနေတတ်ပြီး အရက်ဖိုးရမှ ပြန်လစ်သွားတတ်တာရယ် .....

သူ့ ရဲ့  အိုနေတဲ့ ညှိုးငယ်ပြနေတဲ့ မျက်နှာကိုမြင်တာနဲ့  မကြာခင် အလိုလို သနားစိတ်တွေဝင်လာပြီး သူ့ ရဲ့ အောက်သံပြာနှမ်းနှမ်းလေးကိုကြားလိုက်ရတာနဲ့  စောစောက လက်ကြောမတင်းရကောင်းလားတွေ စောစောစီးစီးဂန့် နေမယ် ဆိုတာမျိုးတွေ မိဘမျက်နှာထောက်သင့် တယ်ဆိုတာမျိုးတွေ နဲ့  ဟောက်မိတာတွေ အတွက်တောင် အားပြန်တာရင်းပြန်သနားမိသွားပြီး သူလိုချင်တဲ့ အရက်ဖိုး နောက်ဆုံးတော့ ပေးမိလိုက်တော့ တာပါပဲဗျာ....

လောကမှာ သူ့ မျက်နှာမြင်ယုံနဲ့  သူ့ ဆိုးရွားချက်နောက်ကြောင်းတွေကို မေ့သွားပြီး ပြန်သနားခံရတဲ့ လူစားမျိုးတွေလည်းရှိတတ်ပါတယ်...နောက်ကြောင်းမသိတဲ့ သူတွေကသာ သနားနေတတ်ပြီး အမျိုးတွေကိုတောင် ပစ်ထားရက်လိုက်တာ ရက်စက်ကြတယ်လို လှမ်းဝေဖန်လိုက်တတ်ကြပါသေးတယ်....
သူ့ ရဲ့ ရာဇ၀င်အူပေါက်သိတဲ့ သူတွေကတော့ သူ့ ပြုခဲ့ တဲ့ အမှု့ တွေ အတိုင်း သူပြန်ခံရတာပါပဲလေ သူ့ အမျိုးတွေကကောင်းပေးခဲ့ သေးတာပဲဟာ သူ့ ကိုက ပျော့ ပျော့ လေးနဲ့  ဆိုးလွန်းလို့  ကြာတော့ ဘယ်ခံနိုင်မလဲ လို့  သဗ္ဗေသတ္တာ လိုက်ကြရင်း ကိုယ့် လမ်းကိုယ်ဆက်လျှောက်သွားတတ်ကြပါတယ်...

ဘ၀အတွေ့ အကြုံတွေကြောင့်  ရာဇ၀င်အူပေါက်မသိပဲ ခပ်အိုအို မျက်နှာပေးလေးမြင်ယုံနဲ့  ပြိုကျသနားပစ်လိုက်ဖို့ ကို အတော်ချိန်ဆနေရတယ်ပေါ့ လေ...ဒါပေမယ့်  လွယ်ပါဘူး...သနားလွယ်သူအဖို့  သနားစရာလို့ ထင်ရင်ခံစားမိရင် အလွယ်တကူပဲ သနားပစ်လိုက်မိတာပြန်တာပါပဲ....
သနားခြင်းသဘောဟာ အတွေးအခေါ်ဆင်ခြင်ခြင်း ဥာဏ်ကိစ္စ သဘောမဟုတ်ပဲ နှလုံးသား ခံစားမှု့ သဘောက ဦးဆောင်နေလို့ ဖြစ်မှာပါပဲလို့ ထင်ရပါတယ်...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..