Friday, February 6, 2015

'' နို့ ညှပ်အိမ်..''


အဲ့ ကိစ္စက ဘယ်သူကစထွင်ခဲ့ မှန်းတော့ မသိဘူးဗျ...ကျနော်ကတော့ လောကီပညာတစ်ချို့ တို့ ဗေဒင်ယတြာတို့  သဘောက ယုံချင်ယုံမယုံချင်နေ သဘောပဲလို့ သတ်မှတ်ထားတယ်၊ ကိုယ့် အတွက် မယုံပေမယ့်  သူများက ယုံချင်ယုံနေတတ်တာ...အဲ့ တော့ လာတုန်းလေး စိတ်ချမ်းသာဖို့  ယုတ္တိရှိရှိလေးတော့ ပြောပြီးတတ် ယတြာပေးတတ်တယ်...

တစ်အိမ်လုံးစာတွက်တာ လူကြီးတွေချည်း၅ယောက် နဲ့ လူငယ်တွေ အငယ်ဆုံးဆရာမ တောင် အသက် ၄၂ တဲ့ ။ တစ်အိမ်လုံးဘိုးဘွားရိပ်သာနဲ့ နလံထစခန်းတွဲထားသလိုပဲ..။ အဲ့ မှာ ဆရာမက အားလုံးပြီးမှ သူ့ အိမ်က နို့ ညှပ် လိုဖြစ်နေတာကြောင့် များလားလို့ ပြောလာတယ်...အဲ့ တော့  ကျနော်က ပြန်မေးရတယ် အခုအိမ်မှာနေတာ ဘယ်လောက်ကြာပြီလဲဆိုတော့  ၃ နှစ်လောက်ရှိပြီတဲ့ 
 (မြောက်ဒဂုံမှာ)..ပြောင်းလာကာစက နို့ မညှပ်သေးဘူးတဲ့ ၊ နောက်တော့  ခေါင်းရင်အိမ်က  လူတွေက ကျမတို့ ခြေရင်းအိမ်ကိုဝယ်လိုက်လို့ နို့ ညှပ်လိုဖြစ်သွားတာ ပြီးတော့ အိမ်တွေမြှင့် ဆောက်လိုက်တော့ ကျမတို့ အိမ်ကပုကျန်ခဲ့ တယ်တဲ့ ဗျာ...


အင်းး..ကြားဖူးသလို ခေါင်းရင်းနဲ့ ခြေရင်းက အမျိုးစပ်သွားရင် အလယ်အိမ်က တစ်စိမ်းဖြစ်ကျန်ခဲ့ လို့ နို့ ညှပ်သဘော မဖွံ့ ဖြိုးတော့ ဘူးပေါ့ လေ...ဟုတ်တာမဟုတ်တာက ကိုယ်လည်းမနေဘူးဘူး..နေဘူးတဲ့ အိမ်တွေကလည်း ရှားရှားပါးပါး ဗေဒင်ဟောစားထဲက ဒီကေစ်က လက်ချိုးရေရင် လက်ဆယ်ချောင်းက မပြည့် သေးဘူး..ဒါပေမယ့်  တိုက်ဆိုင်တယ်ပဲပြောရမလားမသိ..အဲ့ အိမ်က အိမ်ထောင်ဦးစီး ဘိုးတော်ကြီးက အခုတပို့ တွဲကြမှာ အသက် ၆၉ပြည့် မှာဖြစ် စနေသက်ရောက်ကနေ ထွက်တော့ မယ့်  တနင်္ဂနွေသား ဖြစ်နေတယ်...

သဘောက တနင်္ဂနွေသားဆိုတာကလည်း၆၆နောက်ပိုင်းကနေ ၆၉ အထိက အင်္ဂါတွေဟူးတွေစနေတွေဆိုတဲ့ သက်ရောက်အညံ့ တွေဖြတ်နေရတာ...ဒီတော့  အိမ်ထောင်ဦးစီး သက်ရောက်ညံ့ လို့ တစ်အိမ်လုံးဖယိုဖရဲတွေဖြစ်ကုန်တာလား အခုမှ နို့ ကလာညှပ်သွားလို့ ဖြစ်တာလား ရောသုတ်ဖြစ်တာလား ၀ါးတားတားတွေဖြစ်ကုန်တာပေါ့  ကျနော်ကတော့  နို့ ညှပ်ညှပ်မညှပ်ညှပ် တနင်္ဂနွေသား ၆၇ကနေ ၆၉ကြားဆိုရစ်မှာပဲ ဘယ်နေနေ ဒါပဲ..

ဒါပေမယ့် ဒါက ကိုယ် သူ့ ကိုတော့  စိတ်ဖြေပေးရမယ် ဒီတော့ သက်ရောက်သဘောကိုပြောပြီးမှ နို့ ညှပ်မဖြစ်တော့ ရအောင် ( လူနေအိမ်ပုံစံနဲ့ လုပ်ထားတဲ့ ) နောက်ထပ်သစ်သား စာကလေးအိမ်လေး ၂ ခု အိမ်ခေါင်းရင်းခြေရင်း ဘယ်ညာမှာ ချိတ်ထားလိုက် စာကလေးနားနားမနားနား...သဘောက နို့ ညှပ်ဖြစ်တယ်ဆိုတာ အိမ်သုံးလုံးတန်းနေလို့  အိမ်ငါးလုံးတန်းသွားရင် နို့ မညှပ်တော့ ဘူးပေါ့  လို့  ပြောလိုက်ပြီး ခေါင်းရင်အိမ်နဲ ကိုယ့် အိမ်ကလေးကြားမှာ အိမ်လေးတစ်လုံးကြားခံလိုက်၊ ခြေရင်းအိမ်နဲ့ ကိုယ့် အိမ်ကြားမှာ အိမ်လေးတစ်လုံးကြားခံလိုက်တော့  ပြီးရောပေါ့ ဆိုတော့ ဆရာမနဲ့ အိုကေသွားတယ်

ဒါပေမယ့်  ကျနော်တို့ ကိုင်တဲ့  အိမ်ရှင်းတာ အရွက်အညွန့် တွေ လှုထားတာ တွေကိုတော့ အဓိကထားယတြာပေးလိုက်ပြီး အဲ့ တနဂ်နွေသားဟာ ကံပြန်တက်လာမှာပါလို့ တော့ တွက်ပြလိုက် ပြောပြလိုက်ရတယ်..စာကလေးအိမ်ခံခံ မခံခံ သက်ရောက် အကောင်းဖက်ကိုရောက်တော့ မှာလေ..။ အခုနို့ ညှပ်အစွဲကိစ္စကို ဖြေရှင်းလိုက်တာကလည်း ဘယ်စာအုပ်ထဲကမှ မဟုတ်ဘူး ယုတ္တိတွေး တွေးပြီး အမျိုးခွတော်နေတဲ့ သုံးလုံးတန်းစနစ်ကို ၅လုံးတန်းအဖြစ်ဖျက်ပစ်လိုက်တာပါ..ဒါလေးပါပဲ..ယတြာတစ်ခုကို ရေးပြ ပြောပြတဲ့ အခါမှာ ယုတ္တိနဲနဲပါးပါး ရှိဖို့ တော့ လိုမှာပေါ့ နော်..ဟီးးး

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..