'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, February 6, 2015
'' မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက် ပုံပျက်...'''
အဲ့ ဒါနဲ့  ခရီးထွက်လာလိုက်ကြတဲ့  မြည်းတစ်ကောင်နဲ့ သားအဖ ၂ယောက်ဟာ ဖွရွာထိပ်ကြီးအနားကို
အရောက်မှာ..တစ်စုံ တစ်ရာကို သတိရလိုက်တာနဲ့ တုန့် ကနဲ ရွာထိပ်မှာရပ် သားအဖ နှစ်ယောက် ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ခေါင်းချင်းဆိုင် တိုင်ပင်နေကြသတဲ့ ။
အတန်ကြာတွေဝေနေကြသေးရာက နောက်တော့ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်ကြပြီး အရင်က ပြဿနာဖြစ်ခဲ့ ဖူးတယ်လို့ ကြားဖူးခဲ့ တဲ့ ရွာလယ်လမ်းမကနေ ရွာကို ဖြတ်မသွားတော့ ပဲ ရွာရှောင်လမ်းကနေ ကွေ့ ပတ်ပြီး ခရီးဆက်ကြပါရောတဲ့ ...
အဲ့ ဒီမှာ..သနားစရာ့ သားအဖ နှစ်ယောက်ခမျာ ရွာအပြင် တောစပ်မှာ ပုန်းပြီးစောင့် နေတဲ့  ခိုးသားဓားပြတွေ လက်ချက်နဲ့  ပါလာသမျှလေးတွေလည်း လန်ကွပ်တီးလေးပါ မကျန် ဓားပြတိုက်လို့ ကုန်တဲ့ အပြင် မြည်းလေးကိုပါ ဂျော်နီလမ်းလျှောက်နဲ့ အမြည်းလုပ်ဖို့  ဖမ်းပြီး ယူသွားပါရောတဲ့ ခမျာ......
ဒီလိုပေါ့ လေ..ပြဿနာဆိုတာ ပုံစံအဟောင်းတွေအတိုင်း လာမယ်လို့ ဘယ်ပုံသေပြောလို့ ရမလဲနော့် .

No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..