'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, June 27, 2016
လေလွင့် အတွေး...
လေလွင့် အတွေး
------
ကျမ်းကိုးတွေသာ လိုက်ကိုးနေရလို့ ကတော့  ကိုယ့် ဘ၀ဆိုတဲ့ ဗွက်လေးက အဓိပ္ပါယ်ရှိလိုက် မရှိလိုက်နဲ့ ပေါ့ ဒီကြီးထဲ ဖရီးလန့် စ်စ်စ်ဆိုလား ဖယ်ရီစီးတဲ့ လန့် ဆိုလို့  လွတ်လပ် လှုအတွေးသမားတွေ ဆိုလား တွေ့ ရတတ်သေးတယ် အာ့ ကြီးကလဲ သူများတွေ နဲ့  မတူအောင် နေတာလား ကိုယ်ထင်ရာကိုယ်လုပ်ခွင့် ရနေတဲ့ ဘ၀မျိုးကိုပဲ ဆိုလိုလေသလား ...မနှင်းဆီရေ မင့် ကို ငါချစ်တယ် ကောင်းကင်ကြီးတောင် အမှောင်ထု ဖုံးလာနေပြီပဲ သြော် မနက်ဖြန် ဘယ်သူ့ ဆီများ ပိုက်ဆံသွားချေးရပါ့  အင်း ၀က်အူချောင်းကြော်ကို သံပရာသီးလေး ညှစ်ဖြန်း စားရတာ အတော်ဂွတ်တာပဲ.ဆိုတဲ့ စတိုင်မျိုးလား..သိပါဘူး တစ်ခါတစ်လေ မသိတာတွေကို မသိသလိုနေတာပဲ ကောင်းပါတယ် အသိတွေ များလာရင် လှမ်း နှုတ်ဆက်တာ နဲ့ ဘုရားဖူးလိုက်ပို့ ရမှာလား ကေတီဗွီခေါ်သွားရမလား ငိုပြရမှာလား ဝေခွဲရခက်နေဦးမယ် ဘာတွေ ဘယ်လိုဖြစ်ဖြစ် လောလောဆယ် ကိုယ်ဟာ ကိုယ်တော့ ဖြစ်နေတာ သေခြာလောက်တယ် မှန်း စမ်းကြည့် စမ်းမယ် ဖြန်း..အား..နာလိုက်တာ လက်ဖျံပေါ်လာနားနေတဲ့ ခြင် တော့ မမိလိုက်ဖူး အသားတော့ နာကျန်ခဲ့ တယ် အသားနုနုလေး ရဲသွားတာပဲ .အင်း နာတယ်ဆိုတော့  ကိုယ်ဟာ ကိုယ်ဖြစ်နေတာ အိပ်မက်တော့ မဟုတ်ဖူးပေါ့ 