Tuesday, October 20, 2015

အခုရေးပြတဲ့ နည်းက ....

အခုရေးပြတဲ့ နည်းက ကိုယ်တိုင်ကျင့် လာတာကြာပါပြီ..ဒီနည်းကို ဘယ်လို စိတ်ကူးရခဲ့ လဲဆိုတာတော့  ကျနော့် ဂရုထဲမှာ အတော်ကြာကြာက ရေးပြခဲ့ ပြီးဖြစ်လို့  ပြန်မရေးတော့ ပါဘူး နည်းလေးပဲ ပြန်ရေးပြမှာပါ...

ကျနော်တို့ က စိတ်ကူးယဉ်တဲ့ အခါယဉ်ပေမယ့်  အများအားဖြင့်  လက်တွေ့ ဘ၀တွေမှာ ဖြစ်နိုင်တာတွေကိုသာ တွေးခေါ်ပြီး လုပ်လေ့ ရှိပါတယ်..ကိုယ်မနိုင်သေးတာကို မနိုင်သေးဘူးလို့ လဲ ကိုယ့် ကိုယ်ကိုယ် ပြတ်ပြတ်သားသားရှု့ မြင်ပါတယ်...ဆိုလိုတာက ရိပ်သာဝင်ဖို့ ၀ိပဿနာထိုင်ဖို့  အာရုံ မလာသေးဘူး ကို အာရုံမလာသေးလို့  ခပ်ပြတ်ပြတ်မြင်တာမျိုးပါ..ဒီတော့  ၀ိပဿနာမှ အာရုံ မလာသေးရင် ကျွတ်တန်းဝင်ဖို့ ဆိုတာမဖြစ်နိုင်သေးဘူးလို့  ဒဲ့ မြင်တယ်ပေါ့ .

.ဒါဆို သံသရာလည်ရဦးမယ်..မလည်ခင်ကို အခုဘ၀မှာ ဒုက္ခတွေနဲအောင် ကောင်းမှု့ တွေလုပ်ပေးရဦးမယ် အပယ်မကျလွယ်အောင်လဲ နေထိုင်ပေးရဦးမယ်...ဒီလို ဆက်တိုက် တွေးခေါ်ါတယ်...အဲ့ တော့  ကောင်းမှု့ သဘောနည်းအလွယ်တွေကို ကြံဆပါတယ်...
အဲ့ နည်းတွေထဲက တစ်ခုပါ

ညအိပ်ခါနီး အိပ်မပျော်ခင်လေးမှာ..၀င်လေကို '' ဗုဒ္ဓေါ '' ထွက်လေကို ''အရဟံ ''လို့  သက်တောင့် သက်သာ စိတ်ထဲမှတ်ပြီး အိပ်တာပါ..( ဒီစိတ်ကူးက ခုခေတ်က အချိန်မရွေး  ငလျင်ကြီးလှုပ်ပြီး တိုက်ပြိုပြီး အိပ်ပျော်နေတုန်း သေသွားနိုင်တယ် လို့ တွေးမိရာက ပေါက်ကရတွေးပြီး အိပ်ပျော်သွားချိန်များဆို ဒုက္ခပဲဆိုတဲ့  အတွေးက ဖြစ်လာတာပါပဲ)...နောက် အဲ့  ၀င်လေ '' ဗုဒ္ဓေါ '' ထွက်လေကို ''အရဟံ '' စိတ်ထဲမှတ်တဲ့ နည်းလေးကို အလုပ်လုပ်ရင် ရေချိုးရင်း မကျန် အပြင်သွားရင်းလာရင်းက တစ်ချက်ရရ နှစ်ချက်ရရ စိတ်ကနေမှတ်မှတ်ပစ်လိုက်တဲ့  အလေ့ အကျင့် ကို လုပ်လာခဲ့ ပါတယ်...ကြာပြီပေါ့ လေ...

အပယ်လားမှာ ကြောက်တာနဲ့  လုပ်လာတဲ့ အကျိုးသက်ရောက်မှု့ က ထူးခြားတဲ့ အခြေအနေတွေကို ကျွဲကူးရေပါ သဘော အဖြစ် ရလာတာ သတိထားမိလာပါတယ်..အဲ့ ထဲက ထူးခြားမှု့ တစ်ခုက စိတ်ကတောင့် တမိတဲ့ အရာတစ်ချို့ ဟာ ရသင့် တဲ့ အရာတွေဆို သိပ်မကြာခင် မပင် မပမ်းဘဲ ရရလာတာက ထူးခြားမှု့ တစ်ခုပါပဲ ..ပြီးတော့  ထင်ထား တွက်ထားတဲ့ ဒုက္ခကြီးတွေလည်း ဘာမှ ထူးထူးခြားခြား ပြုမနေရပဲ  ဖြစ်မလာတော့ တာ သတိထားမိလာတာမျိုးပေါ့ ..ပိုထူးခြားတာက ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု့ တွေ ပိုကောင်းလာတာမျိုးက တကယ့် အကျိုးကျေးဇူးပေါ့ .
.( ငါ့ မှာကောင်းမှု့ စိတ်တွေမွေးထားနိုင်ခဲ့ ပြီ ကောင်းမှု့ စိတ်တွေကြောင့် အပယ်မကျနိုင် သွားလေရာ ဘေးကင်းတယ် သူများက မဟုတ်ကဟုတ်ကတွေနဲ့ ငါ့ ကို လုပ်ကြံလို့ မရ..ဆိုတဲ့  ယုံကြည်မှု့ စိတ်ကနေဖြစ်လာတာမျိုး)

ဘ၀ ဇော်ကန့် လန့် 


ဘ၀ ဇော်ကန့် လန့် 
----------------
ပို့ စ်တစ်ခုမှာ သတိပေးချက်လေး ဖတ်ရတယ်..ဘုန်းကံတက်လာရင် သတိထားပါလို့ ဆိုတယ်...သဘောအချုပ်က သတိလက်လွတ်မနေနဲ့  မလွတ်နဲ့ အကောင်းလာပြီးရင် အဆိုး လာတတ်တာကိုလည်း မေ့ မထားနဲ့ အတိုက် အခိုက်တွေခံရတတ်တာ..မနာလို မရှု့ စိမ့် သူတွေရဲ့ အသရေဖျက်မှု့ တွေကြုံလာတတ်တာ စသဖြင့်  သဘောသွားကောက်ယူလို့ ရတယ်ပေါ့ လေ..
.ကျနော်တို့ တွေ အများစုလဲ အဲ့ ဒီ့ ဘုန်းကံတက်လာရင် သတိထား
တစ်ခုခု ဖြစ်တတ်တယ်ဆိုတာ ငယ်ငယ်ကတည်းက ကြားဖူးနေခဲ့ တာများပါတယ်.
..( သဘောက အလျော်အစားတစ်ခုခုပြန်ပေးရတတ်ပေါ့ ..)

အဲ့ တော့  ဖြစ်နေပုံက ဘုန်းကံတက်လာတော့ လဲ လောကကို (၀ါ) တစ်ခုခု ဖြစ်မှာကို (၀ါ) တစ်ခုခု ပြန်ပေးလိုက်ရမှာကို ကြောက်နေရတာပါပဲလားလို့  ဖြစ်မနေဘူးလားလို့  တွေးစရာ ခံစားနေရစရာ ဖြစ်မနေပေဘူးလားပေါ့ လေ..

သဘောက လူ့ ဘ၀က ဘုန်းကံတက်တော့ လဲ (၀ါ) လောကဓံကောင်းနဲ့ ဆုံနေတော့ လဲ သတိထားနေရ တစ်ခုခုကိုကြောက်နေရ...လောကဓံဆိုးနဲ့ ကြုံတော့ လဲ ဒုက္ခတွေ တစ်ခုခုပြီးတစ်ခု ဆင့် ဆင့် ပြီးလာနေ ကြုံနေရတာကို ခံနေရလို့ ဒုက္ခဆိုတဲ့  အသံတောင် မကြားချင်တော့ လောက်အောင် ကြောက်နေရ....တဲ့ 
အဖြစ်မျိုးဆိုတော့ .....ဘယ်မှာလဲ လူ့ ဘ၀ လောကီသုခ ယာယီလေးဖြစ်ဖြစ် ခံစားချိန်......ငိငိ....

တစ်ခါတစ်လေ ကိုယ့် စိတ်မှာ ဖြစ်နေတဲ့ အကြောက်တရားဟာ လောကုတ္တရာစိတ်လိုလို အယောင်ဆောင်ပြီး တစ်ဘ၀စာလေး ရဖို့ လောကီအကျိုးစီးပွားလေး အားထုတ်တဲ့ ကိစ္စမှာတောင် ကြိုးစားလိုစိတ်တွေ ခွန်အားထုတ်လိုစိတ်တွေကို စတွန့် သွားအောင် လူကိုလာပြီး လွှမ်းမိုးနေတတ်လို့  လက်ရှိဘ၀မှာလဲ လောကီလူမှု့ ဘ၀ တိုးတက်သင့် သလောက် မတိုးတက် ရခွင့် ရှိနေသလောက် မရခဲ့ တာတွေ တကယ်တန်း လောကီဘ၀ကို အာသာဖြတ်ပြီး လောကုတ္တရာလမ်းဖက်လဲ ခြေစုံပစ် မလျှောက်နိုင်နဲ့  ဘ၀ဇော်ကန့် လန့် အဖြစ်တွေ အများကြီးရှိတယ်...

'''သတိတရားဟာ သတိရားဖြစ်ပြီး သောကဟာ သောကသာဖြစ်တယ်..''

..သတိတရားဟာ ယောနိသော မနသီကာယ ဆိုတဲ့ ကြုံလာတဲ့ လောကဓံတရား ကောင်းဆိုးတွေကို သင့် တင့် အောင် နေတတ် စားတတ်အောင် နှလုံးသွင်းတတ်စေတဲ့ ဓမ္မစစ် တွေ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက် သဘောတွေ ရုပ်နာမ်ဓမ္မသင်္ခါရမျှသာ .ဆိုတဲ့ စသဖြင့် တွေနဲ့ ယှဉ်နေတဲ့ အချိန်တိုင်း နှလုံးသွင်းနေတဲ့စိတ်ဖြစ်သလိုရင့် ကျက်သွားတဲ့ သူတွေ အမြဲနှလုံးသွင်းနေနိုင်တဲ့ စိတ်မျိုးဖြစ်ပြီး


သောကဟာ ငါ့ ပစ္စည်း ငါ့ မိသားစု စသဖြင့် စသဖြင့်  ငါ နဲ့ ပတ်သက်တဲ့  ငါနဲ့  ပတ်သက်နေတယ်လို့  ခံယူ ဆုတ်ကိုင်ထားတဲ့  ငါ့ ရပိုင်ခွင့် တွေ ငါ့ ပိုင်ဆိုင်မှု့ တွေ ငါပိုင်ဆိုင်တယ်ဆိုတဲ့ အရာတွေ ဆုံးရှုံးသွားမှာ ကြောက်နေ တုန်လှုပ်နေတဲ့  ငါ့ အတ္တကနေဖြစ်လာတဲ့ ..စိတ်သဘောပါပဲ..အဲ သောကစိတ်ကို ကျနော်တို့ လို ဓမ္မစိတ် နုသေးတဲ့ ပုထုဇဉ်သဘောစိတ်နဲ့ စာဖတ်ပြီး ပယ်ရခက်တယ်...
( ဆုံးရှုံးမှု့ တွေ ကြုံလာရင် ကြာကြာမခံရတော့ အောင်တော့  ဓမ္မစာတွေ ဖတ်ပြီး လျှော့ ချတဲ့ အဆင့် အထိတော့ ရတယ်)..