Saturday, October 17, 2015
အဲ့ ဒါနဲ့ ပဲ ဗေဒင်ရယ် အဆောင်တွေရယ်နဲ့ ရွာတွေလယ်.
အဲ့ ဒါနဲ့ ပဲ ဗေဒင်ရယ် အဆောင်တွေရယ်နဲ့ ရွာတွေလယ်.
------------
လာတွက်တဲ့ တစ်ယောက်က မေးလာတယ် ဆြာတစ်ယောက်က သစ်အယ်သားနဲ့  သံလျက်ပုံလေး ထုဆောင်ခိုင်းထားလို့ ရွှေချ ဆောင်ထားတယ် ကောင်းလား ဘာဖြစ်နိုင်လဲတဲ့ ..ကျနော်က..
ကောင်းလား မကောင်းလား ကိုယ်ဆောင်ထားတာပဲ ကိုယ်သိမှာပေါ့ ဗျာ..ကျနော်မဆောင်ဘူးလို့  ဘယ်လိုနေမယ်တော့ မသိလို့  ဖြေလိုက်တော့  ဆရာသမားက ဇွတ်ထပ်မေးလာတာက
မှုတ်ဖူးလေ ဆောင်ထားတာ မကြာသေးလို့  ကြာကြာဆောင်ရင်ဘာဖြစ်နိုင်လဲလို့ ပါ လို့ ထပ် တွန့် လာပြန်ရော...အဲ့ တော့  ဗေဒင်ဆြာ သွေးက ကြွလာတယ်...ဗေဒင်ဆြာသွေးဆိုတာ
ဘာမေးမေး နောင်ခါလာနောင်ခါဈေး မှားမှား မှန်မှန် အဖြေတစ်ခုခုတော့  ကြံဖန်ပြီး ပြန်ဖြေလိုက်တာမျိုးကို ဗေဒင်ဆြာသွေးလို့ ပြောတာ ဗေဒင်ဆြာ မဖြေနိုင်တဲ့ မေးခွန်းမရှိဘူး ဖြေတာ မှားတာ မှန်တာပဲရှိတယ်...ငိငိ..ခ်
အဲ့ တော့  ကျနော်က သံလျက်အဆောင်သမားကို ပြောချလိုက်တာပေါ့ ..အင်း...ဘုရင်ဖြစ်ရင်ဖြစ် မဖြစ်ရင် ခင်ဗျားမှာ အလကားနေရင်း ရန်ဘက်တွေ ပေါလာလိမ့် မယ်ဗျ...လို့ ဖြေလိုက်တော့ ...ဟမ်..တဲ့ ..အဟီးးးး..ငိငိ
ပြီးမှ ဘာလို့ လဲတဲ့ ...အဲ့ တော့ ကျနော်က စဉ်းစားတာများလွယ်လွယ်လေး  ခင်ဗျား တွေးကြည့်  သံလျက် ဆိုတာ ငြိမ်းချမ်းရေးလက်နက်လာ လူသတ်လက်နက်လား အဲ့ ကနေ စတွေးလိုက်တာနဲ့  ပညတ်သွားရာဓါတ်သက်ပါသဘောထဲ ကြာလာရင် ဓါတ်ခိုင်လာတဲ့ သဘော
လှမ်းကြည့် ရင် အကျိုးဆက်ဘာဆိုတာ လွယ်လွယ်လေးတွေးလို့ ရပါတယ်ဗျာ....လို့ ဆိုလိုက်တော့ .....ဒါဆိုမဆောင်တော့ ဘူးတဲ့ .....ဟီးဟီး...အဲ့ ဒါပဲ..တစ်ချို့  မေးသူတွေဆိုတာ ယုတ္တိရှိအောင်ပြောတော့  ယုံသွားပြန်ရောဗျာ....အဖြစ်က....အဲ့ ဒါနဲ့ ပဲ ဗေဒင်ရယ် အဆောင်တွေရယ်နဲ့ ရွာတွေလယ်...ငိငိ
( ဒါတောင် အဲ့ အဆောင်ကို ဘာအတွက် ဆောင်ရတာလဲ လို့ တောင်မေးခွန်းပြန်မထုတ်ရသေးဘူး...အဟီးးး)
ကိုယ့် ကိုယ်လူချစ်အောင်ဆိုပဲ
ကိုယ့် ကိုယ်လူချစ်အောင်ဆိုပဲ
---
သများတွေကို မုန့် တွေဝယ်ကျွးလိုက် ပိုက်ဆံလာချေးရင် ပေးလိုက်  အကူအညီလာတောင်းသမျှ အိပ်စိုက်ပြီး လုပ်ပေးလိုက်..ကိုယ့် လူချစ်အောင်ဆိုပြီး အမြဲတော့ ပြုံးစေ့ စေ့  လုပ်မနေနဲ့  ယဉ်ယဉ်လေးလို့ ထင်သွားမယ်......ငိငိ
အများအားဖြင့်  ရုံးသားတွေက တောင်းဆိုတာများတယ်..အဓိက က လုပ်ဖေါ်ကိုင်ဖက် ပတ်လည် မတည့် နေတာတွေ လူကြီးတွေနဲ့ အစေးမကပ်သူတွေက တောင်းဆိုတာများတယ်...( မတည့် ရခြင်း အကြောင်းတွေကတော့  စုံပါပေ့ ပဲပေါ့ လေ..)...ဗေဒင်သဘောဆိုတော့  ယတြာအကြောင်းပေးပြောပေးရတော့ တာပေါ့ ..
အဲ့ မှာ မတည့် ခြင်းသဘောမှာ အပိုင်း ၂ပိုင်း ခွဲမြင်နိုင်တယ်  ၀မ်းဘိုင်ဝမ်း မတည့် ခြင်းသဘောနဲ့ တစ်ယောက်ထဲ ဆွဲထုတ်လို့ မရတော့ ပဲ ပတ်လည် လိုက်မတည့် ခြင်းသဘော ကွဲသွားတယ် အဲ့ ဒါကြောင့်  ယတြာပေးတဲ့ စတိုင်လဲ ကွဲသွားတယ်...ပြီးတော့  အဲ့ ကိစ္စတွေဟာ ဗေဒင်ဆြာဆီလာတုန်း ကြုံတုန်း မေးသွား ပြောသွား ရင်ဖွင့် သွား ငြီးသွားသဘောဆန်သလို ဘ၀ထမင်းအိုးကို ချက်ချင်းကွဲသွားနိုင်လောက်အောင်လဲ အန္တရာယ်မရှိသေးလို့ ယတြာပေးတဲ့ အခါမှာလဲ တပွဲတိုး( မေးလို့ ဖြေတယ်)သဘောမျိုး ယတြာပေးတတ်ယုံလေးပဲ သဘောထားလေ့ ရှိတယ်
တပွဲတိုးသဘောက ယာယီအဆင်ပြေသွားခြင်းကိုဆိုလိုတာပါ  လူမှု့ ဆက်ဆံရေးသဘောက လုပ်ဖေါ်ကိုင်ဖက် အတူတူတွေ မဆိုထားနဲ့  ကိုယ့် စိတ်နဲ့  ကိုယ့် ကိုယ်တောင် တည့် လိုက် မတည့် လိုက်မို့  အမြဲတည့်  အမြဲမတည့် သဘော မရှိဘူးပေါ့ လေ...အမြဲမတည့် ဆိုလာရင်တော့  ၀ဋ်နာကံနာ သံသရာကပါလာတဲ့  ညှိုးသူရန်ဘက် သဘောထဲသာ ထည့် လိုက်တာပိုကောင်းမယ်ပေါ့ 
ဝမ်းဘိုင်ဝမ်းသဘောကတော့  ကိုယ်နဲ့ ငြိနေတဲ့ သူရဲ့ အမည်ကိုယတြာလုပ်တာပါပဲ...ဒါက ဟိုနေ့ ကရေးပြီးသားသဘော...စန်းစန်းတင့် က လာပြဿနာရှာနေလို့ ဆိုရင် နှင်းဆီပန်းလှုပါ နို့ ကိုဆားစတိခပ်ပြီး ဘုရားကပ်ပါ...စန်းစန်းတင့် နဲ့  အဆင်ပြေပါစေ ဘာညာပေါ့ ..ကိုယ်က တနင်္လာသား ကိုယ့် ကို ရစ်နေတာကအင်္ဂါသားဆိုရင် ကန်စွန်းညွန့် လှုပါ ကြာဆန်ဆီချက်လှုပါ အင်္ဂါသားနဲ့  ညက်ပါစေ ရန်မရှာပါစေနဲ့ ဘာညာ ပေါ့ ...ဒီလိုတပွဲတိုး ယတြာမျိုးက သုံးလေးငါးရက်တော့ ဆက်တိုက်လုပ်မှ အဆင်ပြေတာများတယ် အဲ့ တော့  နေ့ စဉ်မနက်ပိုင်း တစ်ပတ်လောက်တော့ လှုသွားပါလို့ မှာရလေ့ ရှိတယ်
ပတ်လည်ငြိနေတဲ့  ပုံပေါ်လာရင်တော့  ပစ်မှတ်က အဲ့ မေးတဲ့ သူကိုပဲ ပြန်ပစ်မှတ်ထားယတြာလုပ်ခိုင်းရတော့ တယ်..လူတွေအများကြီးဖွဲ့ စည်းထားတဲ့ အလုပ်မှာ မတည့် သမျှ လူပေါက်စေ့ နေ့ သင့် နံသင့် တွေ အမည်တွေကို လိုက်ကောက်ပြီး ယတြာပေးလို့ မဖြစ်နိုင်ဘူး
အဓိပ္ပါယ်လဲမရှိဘူး.......ဒီတော့  သူ့ ကိုသာ ယတြာပြန်လုပ်ရတယ်...
ဆိုပါတော့  အင်္ဂါသားသမီးက သူ့ ကိုလူချစ် လူခင် ပေါစေချင်တယ် (၀ါ) သူ့ ကိုပဲ ရုံးမှာ ၀ိုင်းဖိုက်နေတယ်လို့ ငြီးလာတော့  ၁။ ဓါတ်မိတ်ပစ္စည်း သရက် ကို သုံးခိုင်းလိုက်တယ်...သရက်ရွက် ၁ ရွက် လှုထားစေတာ၊ သရက်ယို /သရက်သီးဖျော်ရေ ဘုရားကပ်တာ သရက်သားလေးဆောင်တာ သရက်သား သရက်ရွက်နဲ့ ရေစိမ်ချိုးသွားတာ ကိုယ်တိုင်ကလည်းသရက်ယိုထုတ်လေးဆောင်ထားပြီး စတိ စတိ စားပေးတာတွေက အင်္ဂါသားသမီးကို လူတွေ ချစ်လာအောင် ပြန်လုပ်လိုက်တဲ့  ပီယဓါတ်ဆင်လိုက်တဲ့  တပွဲတိုးယတြာ...
ဒါ့ အပြင်တစ်ခါတစ်ရံ  ဆပွတ် နံကိုလဲ တစ်ပတ်လောက် သုံးစေတယ်...ဆိုပါတော့  စောစောက အင်္ဂါသားအတွက်သုံးတဲ့  သရက်နေရာမှာ အင်္ဂါသားသမီးရဲ့  ဆပွတ်နံ တနင်္ဂနွေနံ အုန်းညွန့်  အုန်းသီးအဓိက အစားအစားတွေ ပြောင်းပေးလိုက်တာပါပဲ....အဲ့  ယတြာတွေကို တစ်ခါတစ်လေ တစ်မျိုးထဲ တစ်ခါတစ်လေ ၂ မျိုးရောသုံးချင်သုံးချလိုက်စေတယ်...ဒါက ဗေဒင်လမိုင်းမှာ ဘယ်သူ့ ကို ဘယ်လို ယတြာသုံးရမလဲဆိုတာ ကြိုတွေးထားတာမျိုးမရှိပဲ ကြုံလာတော့ မှ သူ့ အလိုလို စိတ်ထဲက ဖြစ်လာတဲ့ အတိုင်းယတြာပေးတာမျိုးပါ..
မိသားစုဘူကိန်းတွေ
မိသားစုဘူကိန်းတွေ
---
မိသားစုကံတွေချိတ်ဆက်နေပုံပြချင်တာ...ဟိုနေ့ က ဖုံးဆက်တယ် ယာဉ်တိုက်မှု့ ဖြစ်လို့ ဆိုတော့ ဘယ်သူလဲ ဆိုတော့  ဟို သုံးလလောက်ကလာသွားတာ ကျနော် သူ့ သား တနင်္ဂနွေသားကို
သစ္စာပန်းရှာထိုးထားလိုက် လူတွေဘာတွေတော့  ဘာမှ မဖြစ်ဖူးမလားဆိုတော့  သူ့ သားက ကုမ္ပဏီကားမောင်းနေတာ ဆိုင်ကယ်သမားနဲ့ ငြိတာ.ဒဏ်ရာက မကြီးကျယ်ါဘူး..ဆိုင်ကယ်သမား လက်အဆစ်လွဲသွားယုံလေး လို့ ပြောတယ်...ဒါနဲ့ ပြီးရောဆိုပါတော့  ...အမေးအဖြေသာ ဖုံးထဲကလုပ်နေတာ ဘယ်တုန်းကလာတဲ့ ဘယ်သူတွေမှန်းကို အာရုံထဲဖေါ်မရဘူး...ဖေါ်မရတဲ့ အတူတူ တနဂ်နွေသားဆိုတာနဲ့  လောလောဆယ် သစ္စာပန်းထိုးထားလိုက်ပြောလိုက်ရတယ်..
ဒီနေ့ လာတော့ မှ ( လာတော့ လဲ မမှတ်မိပါဘူး...ငိငိ..)အဲ့ တနင်္ဂနွေသား မွေးသက္ကရာဇ်ပြန်တောင်း တော့  ၂ လပိုင်း ၉၅ ဆိုတော့ ၆ကြွင်းတနင်္ဂနွေမရဏဖွား အသက် ၂၁ စနေသက်ရောက်ထဲမှာ ဖြစ်နေပြီး လစိတ်က စနေလစိတ်ကွက်တိမှာ ယာဉ်တိုက်မှု့ ဖြစ်နေတယ်ပေါ့ ...ဒါဆို သူတို့ လာတာ ဧပြီတို့ မေလတို့ လောက်က ဖြစ်နိင်ပြီး အဲ့တုန်းက ထုံးစံအတိုင်း လစိတ်အညံ့ သဘောတွေကို ပြောခဲ့ သတိပေးခဲ့ တာ ကားမောင်းနေတဲ့  ဘဲလေးဆိုတော့  တိုက်ဆိုင်သွားတဲ့ သဘောပေါ့ 
ဒါနဲ့  တိုးလို့ တန်းလန်း ယာဉ်တိုက်မှု့ ကိစ္စကို ယတြာတွေထပ်ပေးရင်းက..အဲ့ တနင်္ဂနွေသားရဲ့  မိဘ တွေကပါ တွက်ချင်တယ်ဆိုတော့  ကောက်တွက်လိုက်တာ...
သားအမိသားအဖ သုံးယောက်စလုံး ဘူကိန်းတွေဆိုတာ အဲ့ မှာပေါ်လာတာပဲ...ဖအေက ၅လပိုင်း ၆၈ မွေး သုညကြွင်း ဘင်္ဂဖွား စနေသားဆိုတော့  အသက်၄၈ ဟူးသက်ရောက်ပေါ့ ..သဘောက စနေသား
ဖအေကလဲ အသက် ၄၇၊၄၈၊၄၉ သုံးနှစ်က ဘူကိန်း ငွေကုန်သံပြာနှစ်တွေပေါ့ ...မအေ့ မွေးသက္ကရာဇ်ကြည့် ပြန်တော့ ....၂လပိုင်း ၇၂ မွေး ၃ကြွင်း သောကြာသမီးမရဏဖွား အသက် ၄၄ အင်္ဂါသက်ရောက်ထဲမှာ....
မအေ့ ကံ ကလည်း သောကြာသားသမီးတွေကို ငွေကုန်သံပြာဖြစ်အောင် အတော်ရစ်တတ်တဲ့ အင်္ဂါ ၂ထပ် ထဲမှာ ဘူကိန်းဆိုက်လို့ ပေါ့ ...သားကလဲ ဘူကိန်း ဖအေလဲဘူ အမအေလဲဘူသဘောပေါ့ လေ...ဒီလောက်လေးဖြစ်သွားတာပဲတော်သေးသဘောမှတ်ရတာမျိုးပေါ့ ဗျား...သဘောက မိသားစုဝင်တွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကံတွေချိတ်ဆက်နေတယ်ဆိုတာလေးပြောပြတာပါပဲဗျား...
အခု ဆိုင်ကယ်ကို ၀င်တိုက်ပစ်လိုက်တဲ့  ကုမ္ပဏီကားမောင်းနေတဲ့  တနင်္ဂနွေသားကိစ္စမှာ ကျနော်သုံးသွားတာ ''တိုက်ဆိုင်သွားတယ်''လို့  သုံးခဲ့ါတယ်နော်..
မှန်တယ်လို့ မသုံးခဲ့ ဘူး ဖြစ်ကိုဖြစ်မယ်လို့ မဟောခဲ့ ဘူး ဖြစ်တတ်တာတွေသာ ပြောပြခဲ့ တာ နဲ့  သူ့ ဟာသူဖြစ်တာလို့ ပဲသဘောထားတာမျိုးပေါ့ ဗျာ...
ဘာလို့ လဲဆိုတော့  အသက် ၂၁ နှစ်ထဲရောက်နေတဲ့  တနင်္ဂနွေသား/သမီး  မရဏဖွား ၅ ကြွင်းတွေ ကမ္ဘာပေါ်မှာ သန်းနဲ့ ချီရှိနေတာဖြစ်ပြီး
အကုန်လုံးကားတိုက်မှု့ ဖြစ်နေတာမဟုတ်လို့ ပဲ...ပြီးတော့  အညံ့ သဘောဆိုတာ ဒဲ့ လာတာနဲ့  သွယ်ဝိုက်လာတာဆိုတာ ရှိသေးတယ်ပေါ့ လေ...
ကားမောင်းလို့ ကားတိုက်တာ  ခွေးကိုက်ခံရတာ ကလပ်မှာ အကဲလွန် ဖွန်ကြောင်ရိုက်ပွဲဖြစ်တာမျိုးက ဒဲ့ ပေါ့ ...စာမေးပွဲကျတာ ရီးစားနဲ့ ကွဲလို့ 
အသည်းကွဲတာတွေက သူငယ်ချင်းက ကွက်ကျော်ရိုက်သွားတာ သစ္စာဖေါက်သွားတာ သွယ်ဝိုက်အညံ့  သဘောပေါ့ 
သူနဲ့ ကွဲချင်လို့ တဲ့ ...ငိငိ...ငင့် ..
သူနဲ့ ကွဲချင်လို့ တဲ့ ...ငိငိ...ငင့် ..
------------
အဲ့ အမျိုးသမီး ပြန်သာသွားရော သူတို့ ကိစ္စက လင်မယားလား အတွဲရီးစားလား ဘာမှန်း အတိအကျ မသိလိုက်ဘူး..ဒဲ့ မေးရမှာလဲ အားကနာနေတာနဲ့  အဟီးးး...
အဖြစ်က အဲ့ အမျိုးသမီး ပြောပုံက သူနဲ့ တွဲနေတဲ့ တနင်္ဂနွေသားကို အပြီး ဖြတ်ချင်လို့  ဆိုပြီးလာတာ..သူက ၁၂လပိုင်း ၈၀မွေး ၅ကြွင်း ကြာသာပတေး လစိတ်က ဟူးလစိတ် ရှေ့ မှာ စနေလစိတ်..အခုက သောကြာသက်ရောက် အသက် ၃၅ မွေးလကျော်ရင်
အသက် ၃၆ တနင်္ဂနွေမရဏသက်ရောက်ဝင်တော့ မှာ....
သူဖြတ်ချင်တယ်ဆိုတဲ့ တနင်္ဂနွေသားက ၁၀လပိုင်း ၆၉ ဆိုတော့  ၁ကြွင်း ဘင်္ဂဖွား အသက် ၄၆ ကြာသာတေးသက်ရောက် မကြာခင် အသက် ၄၇ ရာဟု မရဏ သက်ရောက် ၀င်တော့ မှာ ရက်ပိုင်းလိုတော့ တယ်...ဒီတော့  ၂ ယောက် သက်ရောက်သဘောတွေအရ  သူ့ ဟာသူတောင် ကွဲဖို့ လွယ်နေတဲ့  သက်ရောက်တွေဖြတ်တော့ မှာဆိုတာ မြင်သာနေလို့ ကွဲဖို့ ယတြာတောင် တကူးတက ပေးစရာမလိုတော့ ဘူးပေါ့ 
ကွဲဖို့ ယတြာဆိုလို့  ကွဲဖို့ ယတြာ ဘယ်တုန်းကမှ လုပ်မပေးခဲ့ ဘူးဗျ...(၀ဋ်လည်တတ်တယ်လေ...ဟီးဟီး..ငိငိ)...ကွဲလုလုတွေကို ပေါင်းဖို့ ချည်း လုပ်ကြည့် ခဲ့ တာတွေပဲများတာ...ဒါနဲ့  သူ့ ကိစ္စ ဘဲကြီးက အဲ့ အမျိုးသမီးဖက်က အမျိုးတွေကို လိုက်ပြောမယ် အရှက်ခွဲမယ်လို့ ခြိမ်းခြာက်နေတာကို စိုးရိမ်တယ် ရန်ရှာမှာလဲစိုးတယ် ဖြတ်မှာက လူကြီးစုံရာနဲ့  ဖြတ်မှာ အဲ့ အတွက် ယတြာလို့ ဆိုလာတယ်...
ကျနော်က အဲ့ အမျိုးသမီးဗေဒင်လာတွက်ချိန်  ဗုဒ္ဓတိုင် အလိုအရ  ကွဲမှာက ကွဲကိန်းကို ၂ ယောက်စလုံးထပ်တော့ မှာ ဖြစ်လို့  မကွဲမှာတော့ မပူရပါဘူး..ဒါပေမယ့်  ကိန်းသဘောအရ တစ်လလောက်တော့  ဖိုက်ရလိမ့် မယ် အဲ့ အတွက် စိတ်ရှည်ပေးဖို့ တော့ လိုတယ် လို့ အရင်ပြောပြီး....ကိုယ့် ကိုယ် ရန်ရှာလို့ မရအောင်တော့ စွယ်တော်ရွက်လှုတာ ရေစိမ်ချိုးတာ လူမှာဆောင်တာတွေ ညွှန်လိုက်ပြီး ဘဲဥပြုတ်တစ်လုံးကို အခွံခွာဆားဖြူးပြီး
ကိစ္စပြီးတဲ့ အထိ ဘုရားကို ခဏခဏကပ် အဲ့ တနင်္ဂနွေသားကိစ္စ  စာရင်းရှင်တဲ့ အခါ အဆင်ပြေပါစေ ဘာညာပြောချင်တာပြောကပ်လို့ ယတြာပေးလိုက်တယ်ပေါ့ လေ...
ပြီးတော့  အရှက်ခွဲမယ်ဘာညာ ခြိမ်းခြောက်တာ မကြောက်ဖို့ က ဘေးလူဆိုတာ သူများကိစ္စကို အင်တာတိန့် မန့် လောက်သဘောထားတာ လာအတင်းချသမျှ ထမင်းစားကောင်းအောင် ထိုင်နားထောင်ပေးမယ် ချွန်တွန်းလုပ်ပေးမယ် ဒါပဲ..ပြီးရင် မေ့ သွားပြီး ကိုယ့် အလုပပ်ကိုယ်ဆက်လုပ်နေတာ အဲ့ တော့  ဘေးက ဘာပြောပြော ဂရုမစိုက်နဲ့  ပစ်ထားလိုက်..ပြီးတော့  အဲ့ တနင်္ဂနွေသားက သူ နိုင်လောက်တဲ့ သူသာ ၀ူးဝူးဝါးဝါး ဗိုလ်ကျရဲတာ တကယ်တန်း သူ့ ကို ပြန်ဖြဲတဲ့ လူနဲ့ တွေ့ ရင် ကျွတ်ကျဲသွားတာ
ဒီတော့  သူ့ ကို ပြန်ဖြဲလိုက် လိုက်အပ်ရင် ဆဲလိုက် သူ့ ထက်၂ ဆ ၃ဆ ပြန်ဖြဲလိုက်ရင် ပွဲပြီးတယ် လို့ ပြောပေးလိုက်တာပေါ့ ...
အဲမှာ အဲ အမျိုးသမီးက အားတွေတက်သွားပြီး ( ခ်ခ် ) ထပ်ပြောလာတာက ပစ္စည်းတစ်ချို့  သူယူမယ်လို့ြောတယ် အဲ့ ဒါခွဲပေးဖို့ ...ဆိုလာတော့  ( အဲ့ မှာ မျက်စိလည်တာ..ပစ္စည်းခန်းတွေပါနေတော့  အတွဲလား လင်မယားလား ဘာမှန်းကို မသိတော့ ဘူး..ငိငိ )....ကျနော်က ခင်ဗျားက ၈၀ဖွား ဖြစ်နေတယ်..အခုက အဲ့ တနင်္ဂနွေသားမှာ ကွဲကိန်းလေးပေါ်လာလို့ သာ ကွဲချင်ရင် နင်းခိုင်းနေတဲ့ သဘောပဲ ရှိတာ တကယ်က တနင်္ဂနွေသားနဲ့  နွယ်မိ ပတ်သက်မိပြီဆိုရင် ၈၀ ဖွား ခင်ဗျားက စပြီး လွယ်လွယ်နဲ့  ခွဲလို့ မရနိင်ဘူး....အဲ့ တော့  သူ့ ဖက်က ပစ္စည်းတစ်ချို့  လိုချင်တယ်လို့ အသံထွက်လာရင်တောင် ခင်ဗျား အတွက် ကံသာ
လာပြီ ဆိုတဲ့ သဘောာရှိတယ် အပြီးကွဲပြီဆိုရင်တောင် အဲ့ တနင်္ဂနွေသားရဲ့  ၀ဋ်ကျွတ်ပြီလို့  ဆိုလို့ ရတယ် အဲ့ တော့  ကိုယ်လိုရာဆန္ဒဖြစ်ဖို့  ပစ္စည်းကိစ္စမှာ ကိုယ်က နဲနဲ ချကျွေးလိုက်ဖို့ လိုတယ်လို့ ပြောလိုက်တော့  အဲ့ အမျိုးသမီး သဘောပေါက်သွားတယ်.အဲ့ တော့ မှ သူကပြောတာ ကွဲဖို့ ကြိုးစားနေတာကြာပြီတဲ့ ...အခုမှ နီးစပ်လာလို့ တဲ့ ...
ဒါနဲ့ နဲနဲတော့ သတိပေးလိုက်ရသေးတယ် ကွဲမလို့ လုပ်နေရင်းက ဟိုလိုလို ဒီလိုလိုနဲ့ ပြန်နွယ်နေရင်  နောက်တော်တော်နဲ့  ကွဲလို့ ရမှမဟုတ်ဖူးနော် ..ပြီးတော့ ဒီတနင်္ဂနွေလက်က လွတ်ပြီဆိုပြီး နောက်တနင်္ဂနွေလက်ထဲတော့ ထပ်မရောက်စေနဲ့ ပေါ့ ဗျာ...၈၀ ဖွားဆိုတာ အပျော်တွဲ ဟေးလားဝါးလားတွဲတော့ အဆင်ပြနေတတ်သလောက် အတည်လို့ စိတ်ထဲလည်း မှတ်လိုက်ရော ကွိုင်တွေတန်းစီလာတော့ တာမျိုးဗျာ...ရီးစားထားရင် ဂွတ်ပြီး အိမ်ထောင်ရေးလုပ်ပြီဆို အဖုအထစ်တွေ တစ်ပုံကြီးကြုံရတာမျိုးလို့  ထပ်တွန့် ပေးလိုက်တော့  ဟုတ်တယ် ဟုတ်တယ်..ဘာနေ့ သားဆို အဆင်ပြေမလဲ ဆြာတဲ့ ...ငင့် ...:P 😁 အဟီးးး.....