Thursday, October 15, 2015

လောကဓံဆိုးတွေကို ဖြတ်သန်းခဲ့ ပုံ


လောကဓံဆိုးတွေကို ဖြတ်သန်းခဲ့ ပုံ
-----------
ကျနော် ဒီဗေဒင်ဟိုဗေဒင်တွေ စပ်စုရင်းလိုက်မိရင်းကနေ နောက်တော့  ဒီဗေဒင်ကို စိုက်လိုက်မတ်တတ်လိုက်ကရောဆိုပါတော့ ...အဲ့ မှာ ဘာဖြစ်လာလဲဆိုတော့  မရောက်သေးတဲ့  သက်ရောက်အညံ့ တွေ အကြောင်း ကြိုတွေးပြီး ဖြုံနေတာ လူလည်း နေစရာနေရာမရှိဘူးလိုဖြစ်လာတယ်...

အရေးကောင်းတဲ့  ဗေဒင်စာတွေဖတ် တစ်ယောက်စ နှစ်ယောက်စရဲ့ အတွေ့ အကြုံအဆိုးတွေကို ကြည့် မိတာ ထိုင်နားထောင်ခဲ့ ရတော့  ဆိုက်ကိုဝင်လာတဲ့ သဘောပေါ့ ...( ငါ ဒုက္ခအကြီးအကျယ်ရောက်မှာ သိပ်ကြောက်နေတဲ့ ငါ သိပ်ပြင်းထန်နေချိန်ပေါ့ )...

အဲ့ အကြောက်တရား ဆိုက်ကိုဝင်တဲ့ အကျိုးဆက်က လက်ရှိကောင်းနေတဲ့  အခြေအနေလေးရဲ့ အရသာက လျော့ သွားတယ်...ချက်ချင်းပဲ လောကဓံဆိုးတွေကျရောက်တော့ မလိုလို နဲ့ တိုးတက်ဖို့ ကြီးပွားဖို့  ကြိုးစားချင်စိတ်ကိုလျော့ သွားစေတယ်..

ဓမ္မလမ်းလည်း တကယ်မသွားနိုင် လောကီထဲနေရတာလည်း ဖင်တကြွကြွနဲ့  အလကားနေရင်း ခွန်အားတွေကျနေတော့ တာမျိုးပေါ့ ...နောက်တော့  အလုပ်လုပ်ရင်းကနေ စာတွေဖတ် ဘ၀တွေအကြောင်း နားထောင်းရင် ဓမ္မတွေအကြောင်း သံသရာအကြောင်း အတွေးအလုပ်ပေးရင်းက လူက စိတ်ထားကို တဖြည်းဖြည်းချိန်းယူလာခဲ့ တယ်...

အယူသက်သက်သမားက ပူလောင်လွန်းတာကို သိလာတော့  အယူသက်သက်သမားစိတ်ကိုလျှော့ ချလိုက်ပြီး အပေးခြမ်းက နေ အချိန်အများဆုံးပေးနေလိုက်တော့ တဲ့ စိတ်ကို တဖြည်းဖြည်း မွေးယူလာတဲ့ အခါ လူဟာ စိတ်လက်တွေ သိပ်ပေါ့ ပါးသွားတော့ တယ်...

အရင်လို မိုးလင်းရင် ဒီနေ့  ငါ့ အတွက် ဆိုတဲ့  စိတ်ကနေ ဒီနေ့  ဘယ်သူကို ငါ..ဘာလုပ်ပေးဖို့ ရှိလဲ ဆိုတဲ့  စိတ်မျိုးပေါ့ ...အဲ့ လို အရင်လို ခပ်တင်းတင်း ဆုတ်ထားတဲ့ စိတ်ကနေ   လောကဓံဆိုးတွေလာရင် လွှတ်ရတာလွယ်အောင်ဆိုပြီးခပ်ဖွဖွသာ ကိုင်ထားတော့ တဲ့ စိတ်ကို မွေးယူလိုက်တဲ့  အခါ  လူဟာ တွေးတောမှု့ တွေမှာပါ အေးအေးဆေးဆေး တွေးတောပေးလို့ ရလာတယ်.

.ပြီးတော့ လောကကို  ဖြန့် ကျက် တွေးတော ကြည့် မြင်လိုက်မိတာက လူဆိုတာ ဘယ်လိုပဲ ဘ၀ကို ဖြတ်သန်းနေစေ ယတြာတွေပါစေ ယတြာတွေ မပါစေ ဗေဒင်က ဘာတွေဟောဟော ....ဒီအသက်လောက်ဆို အဲ့ ဒီအသက်လောက်ဆို အကြောင်းတစ်ခုခု ခေါင်းစဉ်တစ်ခုခု နဲ့ 
ဂန့် ကုန်တာချည်းပါပဲဆိုတာကိုပါ လှမ်းမြင်လိုက်သလို

အခု ထိုင်နေရင်း အခု ကီးဘုတ်ပေါ် စာရိုက်နေရင်းကနေ  ငလျင်ကြီးထလှုပ်လို့  တိုက်ပြိုပြီးလဲ အချိန်မရွေး ဂန့် သွားနိုင်တာပါပဲဆိုတာကိုပါ  တွေးမိသွားတဲ့ အခါ...လူတွေဟာ မသေခင်လေးသာ.....သဘောကိုပိုက်မိသွားတယ်...

အဲ့ ကနေ... ပထမဆံး ဘ၀ပစ်မှတ်က အရမ်းငတ်ပြတ်နေအောင် မဆင်းရဲရင်ပြီးရော..အရမ်းတွေ ဒုက္ခရောက်မနေရင်ပြီးရော.သဘောကို ပစ်မှတ် ပြောင်းလိုက်တယ်...အဲ့  ပစ်မှတ်ကို ချိန်လိုက်ပြီးတဲ့ အခါ အရမ်းဆင်းရဲသွားနိုင်တဲ့ အရမ်းဒုက္ခရောက်သွားနိုင်တဲ့  အကွက်တွေကို မလုပ်မိအောင်ရှောင်လိုက်တဲ့ အခါ လူဟာ ရယူလိုချင်လွန်းခြင်းလောဘ တာဝန်ပိနေတဲ့  ဘ၀ကနေ လွတ်မြောက်သွားတော့ တယ်...အဲ့ မှ ပေါ့ ပါးတဲ့ ဘ၀ကို စရပြီပေါ့ 

နောက်တော့  အဲ့ လို ကိုယ် ရဖို့ ထက် သူများတွေ အဆင်ပြေ ပြီးတာပါပဲလေ ဆိုတဲ့ စတိုင်ကို ပိုတွေးပေးတဲ့ အလုပ်စတိုင်မျိုးပေါ် ရပ်ပြီး ပေါ့ ပေါ့ ပါးပါး ဖြတ်သန်းလာခဲ့ တဲ့  တကယ့်  ဘ၀အတွေ့ အကြုံတွေကို ဆွဲထုတ်လိုက်တဲ့ အခါ..

.ဘယ်ဂြိုလ်ရောက်ရောက် ဘာသာရေးကောင်းရင် အပေးသမားဖက်က စိတ်ထားတာများရင် ရောင့် ရဲတတ်ရင် မိသားစုအရေးကို တတ်နိုင်သမျှ ဦးစားပေးရင်စေတနာကောင်းရင် လောကဓံကို သိပ်ဖြုံစရာ မလိုဘူး ကိုယ့် သီလက ကိုယ့် ကိုယ်ပြန်စောင့် လျှောက်တယ် လောကဓံဆိုးတွေမှာ သက်သာခွင့် ရတယ်.(ကိုယ်တွေ့ တွေ) ..အဲ့ ဒါ ဘ၀ကို ကျနော် ကျော်ဖြတ်လာတဲ့ နည်းပဲ ...

အင်္ဂါလစိတ်


အင်္ဂါလစိတ်
---------
ကိုရီးယားမှာ အလုပ်လုပ်နေတဲ့  စနေသမီးပေါ့ ...၈၆ ၁လပိုင်းမွေး လို့ ဆိုလို့  အသက် ၃၀ထဲမှာ ရောက်နေတဲ့  ၃ကြွင်း စနေသမီးပေါ့ ..သူက ကိုရီးယားကနေ
လူကြုံနဲ့  ဗမာပြည်ကိုဒေါ်လာတွေ လွှဲပေးလိုက်တယ်...အဲ့ မှာ ဒေါ်လာက ဗမာပြည်ရောက်တော့  ပါမလာဘူး..အားလုံး ဖြစ်ကြောင်းရယ်ကုန်စင် ချုပ်လိုက်တော့ 
ကိုရီးယားမှာကတည်းက အချင်းချင်းက ပြန်နှိုက်ထားလိုက်တာ ဆိုတာ သေခြာသလောက်ပေါ့ လေ..သဘောက စနေသမီး ပြီးခဲ့ တဲ့  တနင်္ဂနွေက ငွေပျောက်တယ် ....ခါတိုင်းလွှဲနေကျလူမဟုတ်ပဲ မလွှဲဘူးတဲ့ လူနဲ့  အချင်းချင်းဆိုပြီး လွှဲတာ အဲ့ အချင်းချင်းလူက
ဘောလုံးအလောင်းအစားသမားလို့ ဆိုတယ်...

အဲ့ မှာ ပြောချင်တာက ငွေပျောက်တဲ့  လစိတ်ကို ပြောချင်တာ....အဲ့  စနေသမီးက  ၁ လပိုင်းမွေးဆိုလို့  အဲ့ ၁ လပိုင်းကနေ လစိတ်ကို ဘက်ဂီယာထိုးပြီး
ပြန်ဆုတ်ကြည့် ရင် ၁လပိုင်း ၊ ၁၂ ၊ ၁၁ ၊ ၁၀ ၊၉လပိုင်း ပေါ့ ..ဒီတော့  ၉ပိုင်းနဲ့  ၁၀လပိုင်းကြားက တနင်္လာနံခိုက်တဲ့  အင်္ဂါလစိတ် ထဲမှာ ကျနေတာ တွေ့ ရမယ်..
.သဘောက ငွေပျောက်တဲ့  လစိတ်က အင်္ဂါလစိတ် ဖြစ်နေတာ အဲ့ လစိတ်မှာမှ လူသစ်ပြောင်း လွှဲမိမှားဖြစ်တာတွေ တွေ့ ရမယ်ပေါ့ လေ..သဘောက
အင်္ဂါလစိတ်မှာ ငွေရေးကြေးရေးတွေကိစ္စတွေကို တစ်ခြားလစိတ်ထက် ပိုသတိထားဖို့ လိုတယ် အမှားမခံဘူး အချီကြီးထိတတ်တယ် သဘောပေါ့ ..