Sunday, September 20, 2015
လွတ်လပ်ဖက်
လွတ်လပ်ဖက်
ဖက် ဥပမာတစ်ခုမှာ စပယ်ထုတ်တဲ့ ဖက်မှာ စပယ်နံ့ သင်း ငပိထုတ်တဲ့ ဖက်မှာ ငပိနံ့ စွဲ ဆိုပြီး ဖက်ရဲ့  အစွဲကပ်ခံရတဲ့ ဘ၀ကို ဖွဲ့ တယ်...မူလက ဖက်ဟာ ဖက်သဘာဝ အနံ့  (၀ါ) အဖြူထည်သဘောပေါ့ ..ဘာကိုထွေးပွေ့ မလဲ ထွေးပွေးမိတဲ့ အရာရဲ့  အခြေအနေတစ်ခုတော့ ကူးစက်ခံရလိမ့် မယ်ပေါ့ ....အဲ့ မှာ ဖက်ဘ၀ကို တွေးတယ် ဖက်ရဲ့ ပင်ကိုယ်က စပယ်ကိုရော ငပိကိုပါ ထွေးပွေ့ ပါရစေလို့  ဖိတ်ခေါ်ခဲ့ တာမဟုတ်ခဲ့ ဘူး  စပယ်ကိုထွေးပွေ့ လိုက်ပါ  ငပိကို လက်ခံလိုက်ပါလို့ ဖက်ရဲ့ နောက်ကွယ်က ဖက်ကို ခိုင်းနေတဲ့  အခြေအနေတစ်စုံတစ်ရာရှိခဲ့ လိမ့် မယ်ဆိုတာ ထပ်ကြည့် လို့ ရလာပြီ...ကိုယ် ဟာ အခြေအနေတစ်ခုရဲ့  ထိမ်းချုပ်မှု့ ကိုခံနေရတဲ့ ဖက်ဘ၀လား ရွေးလိုရာ ရွေးခွင့် ရှိတဲ့  လွတ်လပ်ဖက်ဘ၀လား တွေးစရာ....
အရွေ့ တွေအောက်မှာ
အရွေ့ တွေအောက်မှာ
----------
တကယ်ဆို အင်္ဂလိပ်လက်အောက်ကျနေခဲ့ တုန်းကအနေအထားကိုကြည့် ရင် အင်္ဂလိပ်အစိုးကို တော်လှန်ဖို့ ဆိုတာ အတော်မိုက်မဲတဲ့ အတွေးအခေါ်သဘောပေါ့ 
 ဒါကြောင့်  အဲ့ ခေတ်က လေနည်း လက်နက်နည်း ဂမ္ဘီရနည်းတွေနဲ့ တော်လှန်နေတဲ့ တော်လှန်ရေးသမားတွေဆိုတာ ဌာနေသားချင်းတွေကိုယ်တိုင်က ..
အထူးသဖြင့်  အင်္ဂလိပ်အစိုးရလက်အောက်ကနေ အင်္ဂလိပ်အစိုးရကို မှီစားနေတဲ့ လူတွေက ကဲ့ တောင်ကဲ့ ရဲ့ ခဲ့ ကြသေးတယ်
အထင်ရှားဆုံးသက်သေက သခင်ပေါက်စ ထောင်ခြောက်လ ဆိုတဲ့  ကဲ့ ရဲ့ တဲ့ စကားလုံးပေါ့ ..အပြင်ရုပ်အားဖြင် ပညာရေးရော လက်နက်အင်ပါယာသဘော နဲ့  ဒီနေ့ အထိ စနစ်ကျ သေသပ်ကောင်းမွန်လှတဲ့ အင်္ဂလိပ်အစိုးရလက်ထက်ကကျန်နေတဲ့ ရုပ်ပစ္စည်းတွေကို သုံးနေရဆဲကိုကြည့် ရတဲ့ မျက်မြင်အရ  ပြန်တော်လှန်ဖို့ ဆိုတာမလွယ်ပါဘူး....
ဒါပေမယ့် ပြောင်းလဲတတ်တဲ့ သဘောက ပြောင်းကိုပြောင်းလဲတတ်တယ် သမိုင်းစဉ်သဘောက အမြဲရွေ့ နေတယ်ဆိုတဲ့ သဘောအရ အင်္ဂလိပ်အစိုးရလဲ အချိန်တန်တော့  ရွေ့ ပေးရမယ့် အခြေအနေတွေ ဖြစ်လာပြီး အဲ့ အခြေအနေထဲမှာကို မျိုးဆက်နဲ့ ချီပြီး တော်လှန်ရေးလုပ်လာတဲ့ သဘောနဲ့ ပေါင်းမိသွားတော့ နောက်ဆုံး နေမ၀င်အင်ပါယာဆိုတဲ့ အင်္ဂလိပ်အစိုးရလဲ မြန်မာ့ မြေပေါ်မှ နေ၀င်ပြီး အင်္ဂလန်ပြန်ရွေ့ သွားတော့ တာပါပဲ..
အင်္ဂလိပ်တင် ရွေ့ တာမဟုတ်ခဲ့ ပဲ သရေခတ္တရာလဲ အချိန်တန်ရွေ့  ပုဂံလည်း အချိန်တန်ရွေ့  အင်းဝစစ်ကိုင်းကုန်းဘောင်လဲ အချိန်တန်ရွေ့  ခဲ့ တာချည်းပဲ  အကုန်လုံးက အရွေ့ တွေရဲ့ အောက်မှာ.
စည်း
စည်း
---------
စာအုပ်နဲ့  အလုပ်ခွင်ခြား စည်းခြားထားတာ အခါတိုင်သဘောပဲဗျ...အလုပ်ခွင်မှာ တရားဝင်ဗေဒင်လာမေးတဲ့  အခါတိုင် က သူ့ ရဲ့ လက်ရှိဘ၀အနေထားကို ညွှန်ပြနေတယ် ...တရားဝင်ဆိုတာ ပိုက်ဆံပေးပြီး ဗေဒင်မေးတာ၊ (သို )့အာလာပသာလာပကြုံတုန်းလေး မဟုတ်ပဲ တကယ့် ကိုသိချင်လို့ သူ့ စိတ်က ဆရာတင်ဗေဒင်မေးတာမျိုးသဘောကို ဆိုလိုတာ
ဆိုပါတော့  သောကြာသက်ရောက်ဖြတ်နေတဲ့  ပုံမှန်ကြာသာပတေးသားသမီးဆို  ၃ကြွင်းမွေးကလွဲရင် ယေဘူယျ လွတ်လပ်လှုပ်ရှားခရီးများ သဘော အကောင်းသဘောပေါ့  ဒါပေမယ့်  အဲ့ ကြာသာပတေးသားသမီး ဗေဒင်လာမေးချိန်က အခါတိုင် သောကြာတိုင် (ခိုက်နေရာမှာ) ၊စန္ဒေရောတိုင် (နာ နေရာမှာ) ၊ ဘောမတိုင် (ပျက်နေရာ) နဲ့ လာမေးရင် ဒီကြာသာတေးသားသမီးဟာ သောကြာသက်ရောက်ရဲ့  အကောင်းသဘောကိုမရသေးသူ ဒုက္ခတွေဖြစ်နေဆဲသူလို့  အခါတိုင်က ပြနေတယ်...ဒါကို မရိပ်မိပဲ  သက်ရောက်ကကောင်းနေသားပဲဆို မြွေဖမ်းပြီ မေးသူနဲ့ ကီးမကိုက်တော့ ဘူးပေါ့ ...သူက ဒုက္ခဖြစ်နေတာ...၊  အဲ့ လို လာမေးတဲ့ အခါက ဒုက္ခသည်လို့  ပြနေရင် အဲ့ ဒုက္ခဟာ ရေရှည်သွားမှာလားယာယီဒုက္ခလား ဒုက္ခရဲ့ စို့ စ်က ဘယ်ကလာတာလဲ မရဏဥာဉ်ဆိုးအားများနေလို့ လား သက်ရောက်ကံဓါတ်မပွင့် သေးလို့ လား စသဖြင့်  ဆက်စူးစမ်းရတယ် အဲ့ တော့ မှ လိုအပ်တာတွေမှာရတော့ တယ်...
ဆိုပါတော့  ကြာသာပတေးသားသမီးတစ်ယောက်ဟာ အင်္ဂါတွေ စနေတွေလို သက်ရောက်ဆိုးဖြတ်နေပေမယ့်  သူလာမေးတဲ့ အခါတိုင်ဟာ တနင်္ဂနွေတိုင် (န၀င်းနေရာ)
ဟူးတိုင် ( စီးပွားနေရာ ) သောရီစနေတိုင် (စုတ်နေရာ) နဲ့ လာမေးရင်လောလောဆယ် သူကိုယ်တိုင်တော့ ဒုက္ခတရားကြီးတွေ ဖြစ်မနေသေးဘူး ဖြစ်ချင်းဖြစ်သွယ်ဝိုက်ဒုက္ခတွေသာရှိနေနိုင်တယ်. .ဒဲ့ ဒုက္ခ မလာသေးတာကို ထိမ်းထားနိုင်ပြီး သူကျော်သွားနိုင်မှာလား လောလောဆယ် အနေအထားကောင်းနေပေမယ့်  ဒုက္ခဖြစ်တော့ မယ့်  လမ်းကိုလျှောက်ဖို့ 
ကြံနေပြီလားဆိုတာ စူးစမ်းရတော့ တာမျိုး...
အခါတိုင်မှာလည်း တစ်ခါတစ်လေ ဗေဒင်မေးသူနဲ့ အတူတူ သူနဲ့ ဆိုင်တဲ့  အကြား အမြင် အက်ရှင် နမိတ်တစ်ခုခု ပါလာတတ်တာမျိုးလဲ ရှိတယ်...ဥပမာဆိုပါတော့ 
တနင်္ဂနွေတိုင်မှာ ကြာသာပတေးသားမီး (န၀င်းနေရာမှာရှိနေ) ဗေဒင်ဝင်မေးလို့  လောလောဆယ် အကောင်းအားလေးရှိနေဆဲလို့  ပြောမလို့ ကြံတုန်း ခမ်းလှမ်းလှမ်းမှာ
ထောင်ထားတဲ့  ''ထီး'' က ရုတ်တရက် လဲကျသွားတာမြင်လိုက်ရင် အဲ့ ကြာသာပတေးသားသမီးကို နေ၀င်းနေရာကနေဖယ်လိုက်ပြီး ခိုက်သမားလို့  သတ်မှတ်လိုက်တယ်
ပြဿနာတစ်ခုခုတော့ သယ်လာပြီပေါ့ .အကြောင်းက တနင်္ဂနွေတိုင်မှာ ထီး ဆိုတဲ့ စနေနံဟာ ခိုက်နေရာက ပစ္စည်းနံ ဖြစ်နေလို့ ပဲ....
အဲ့ အခါတိုင်ကို များများကစားနိုင်လေ အကြားအမြင်ရသလိုဖြစ်နေလေလေမို့  လူကြိုက်များလာတတ်တယ်...ဒါပေမယ့်  တကယ့် အနှစ်က အခါတိုင်က လတ်တလောအခြေအနေ
ဘယ်လိုပဲပြနေနေ တစ်နှစ်တာရဲ့  ရလာဒ်နိဂုံးချုပ်ရင်  သက်ရောက်ရဲ့ အခြေခံသဘောမှာပဲ သွားနိဂုံးချုပ်တယ်  ဥပမာ အင်္ဂါသက်ရောက် ဖြတ်နေလျက်နဲ့  အခါတိုင်က ငွေရွှင်နေဆဲ
လို့ ဘယ်လိုပဲဆိုဆို အင်္ဂါသက်ရောက် တစ်နှစ်ပြီးဆုံးချိန်မှာတော့  ၇ွှင်တယ်ဆိုတဲ့ ငွေကြေးတွေဟာ မယ်မယ်ရရ အဖတ်တင်မကျန်ခဲ့ ဘူး (၀ါ) တကယ်တော့  ဘဏ်စာရင်ထဲတိုးမလာဘူး စီးပွားတိုးမလာပါဘူးသဘော..
တစ်ချို့ ထူးခြာကံသဘောတွေမှာတော့  အလျော်အစားပေးခဲ့ ရလို့  သက်ရောက်ဆိုးပေမယ့်  စုဆောင်းမှု့ တိုးလာတာမျိုးတော့  ရှားရှားပါးပါးတွေ့ နိုင်တတ်တယ် ဥပမာ အင်္ဂါသက်ရောက်မှာ
ယေဘူယျစီးပွားမတိုးလွယ်ပေမယ့်  ဗိုင်းကောင်းကျောက်ဖိလို့ အများက ချီးမွမ်းခန်းထုတ်နေခဲ့ တဲ့  သမီးတစ်ယောက်က ဂျလေဘီနဲ့ ခိုးရာလိုက်သွားလို့ အကြီးအကျယ် အရှက်ရသွားလိုက်လို့ 
စိတ်ဆင်းရဲသွားရချိန်မျိုးမှာ စီးပွားကတော့  ဆက်တိုးလာတာမျိုး  ဒါမျိုးကို လောကက အလျော်အစားပြန်တာလို့ ဆိုတယ်..
တစ်ချို့ ကတော့  ဖြစ်တောင့် ဖြစ်ခဲ သက်ရောက်ဆိုးမှာ အဖက်ဖက်ကနေ အကုန်ပြိုလဲသွားတတ်တယ် ဒါမျိုးကိုတော့  သူ့ ကြမှ ထူးခြား ကံဆိုးသူမောင်ရှင်ပေါ့ လေ...။.ချုပ်လိုက်ရင် အခါတိုင်သဘောဟာ လတ်တလော ကံ အနေအထားတစ်ခုကို ကြည့် တဲ့  မှန်ဘီလူးတစ်ခုပေါ့ လေ..ဒီတော့  အခါတိုင်ကိုလည်း
လိုအပ်ရင်ထည့် ပြီးကြည့် တာဟာ ပိုကောင်းတယ်ပေါ့ ဗျာ..
ထောင့် ပြောင်းခဲ့ ပြီလား...
ထောင့် ပြောင်းခဲ့ ပြီလား...
----------
အတွေးခေတ်ထောင့် ပြောင်းသွားတာတော့ အမှန်ပဲ ဘယ်မှာ သိသာလဲဆိုတော့  ၂၀၁၀ မတိုင်ခင်က ဘယ်သူ့ ဆီကမှ မကြားခဲ့ ဘူးတဲ့  တွေးကြည့် ရကောင်းမှန်းမသိတဲ့ အတွေးအမြင်ထောင့် တွေ ဒီဘက်ပိုင်းမှာ အများကြီး တွေ့ ခဲ့ ဖတ်ခဲ့ ရပြီ...ဥပမာ ငယ်ငယ်က သင်ခဲ့ ရတဲ့  ငါးခြောက်ပြားဇာတ်ထုတ်ကို စည်းကမ်း ဘာညာထက် ဆြာတော်ရဲ့ ငါးခြောက်ပြား အပေါ် တပ်မက်မှု့ ကြောင့် ဖြစ်လာတဲ့  ဒေါသတရားဖက်ကနေ လှည့် တွေးလာတဲ့ အတွေးမျိုးတွေ
မကောင်းမှု့ လုပ်ရင် လူဝတ်မှ မြေမြိုတာ မဟုတ်ဘူး ရှင်ဒေ၀ဒတ်လို လူဝတ် မဟုတ် သင်္ဃန်းစည်းရုံထားကြီးနဲ့ လဲ မြေမြိုတာပဲဆိုတဲ့ ရှု့ ထောင့် အတွေးမျိုးတွေဟာ
 အရင်က မကြားခဲ့ မတွေးခဲ့ ဘူးတဲ့ ထောင့် တွေပေါ့ .အများအားဖြင့် လူငယ်နဲ့ လူလတ်တန်း တံခါးပေါက်ဝင်စလူတွေ မှာ ထောင့် ပြောင်းတွေးတတ်တာမျိုးတွေ တွေ့ လာရတယ် တစ်ချို့ အတွေးကျယ်ဝါသနာကြီးတဲ့ လူကြီးတန်းတွေမှာလည်းတွေ့ ရတယ် ...ကောင်းဖို့ လား ဆိုးဖို့ လားက နောက်တော့ သမိုင်းပေါ့ ..
...ဒီအတွေးတွေ ဘာကြောင့်  ဖြစ်လာသလဲ ဘာတွေကို မြင်လို့  ဒီလို အရင်က တွေးဖို့ တောင်အလွယ်တကူ မတွေးရဲတဲ့ အတွေးထောင့် တွေကနေ တွေးမိကြတာလဲဆိုက ...အကျိုးတစ်ခုခုဆိုတာ အကြောင်းတစ်ခုခုမခံပဲ ဖြစ်မလာ ဆိုတဲ့ သဘောတရားအရ စိတ်ဝင်စားစရာ...ပိုစိတ်ဝင်စားစရာကလူကြီးရောလူလတ်ရောလူငယ်ရော  အတော်များများထဲမှာ မိုးနတ်မင်းတို့  သိကြားမင်းဆင်းမှတ်မှာတို့  ဒေ၀ါကြီးလာလိမ့် မယ်တို့  အ၀ီစိတွေ ငရဲတွေနဲ့ 
 ခြိမ်းခြောက်တာမျိုးကို ဟိုအရင်ခေတ်ကလောက်  သိပ်ကြောက်တတ်ပုံ မရတော့ တဲ့ လူတွေ တစ်နေ့ ထက်တစ်နေ့ များလာပုံရတာက စိတ်ဝင်စားရာဘာကြောင့်  အဲ့ လိုတွေဖြစ်ကုန်လဲကလည်း စိတ်ဝင်စားစရာ..အသားလွတ်တော့  အဲ့ လိုတွေဖြစ်ကုန်မှာတော့ မဟုတ်လောက်ပါဘူးပေါ့  သူတို့ တွေ
ဘာတွေကိုမြင်လို့  ဒီလိုတွေဖြစ်ကုန်တာလဲက စိတ်ဝင်စားစရာ.....
ဘ၀တစ်ခုရဲ့ ဇာတ်ထုတ်
ဘ၀တစ်ခုရဲ့ ဇာတ်ထုတ်
---------
ပြည်ကမ်းနားမှာ လှေဦးတိုက်နေခဲ့ ရသေးတယ်လို့ ဆိုတယ်.. ခေတ်ဟောင်းတုန်းက လှေစီးမိသားစုတွေလိုပဲ...အဲ့ ကာလက ပြည်ကလည်း သိပ်အေးတာမဟုတ်သေးပေမယ့်  ရွာထက်စာရင် ထမင်းရှာစားလို့ ရသေးတယ်လို့ ဆိုတယ်..အမေက တော်တော်ငယ်သေးပေမယ့် 
အဘွားကအကြော်ကြော်တော့  အကြော်ဗန်းရွက်လည်ရောင်းခဲ့ သေးတယ် နောက်တော့ ကုန်းပေါ်မှာ အခြေချတော့ မှ အဘွားက အရင်းအနှီးထပ်စုပြီး မုန့် ဟင်းခါးသည်ဖြစ်သွားတယ်လို့ ဆိုတယ်..
အဲ့ အချိန်မှာ အဖိုးက ပြည်က ပွဲရုံကြီးတစ်ခုမှာ အလုပ်သမား ၀င်လုပ်ခဲ့ တယ်လို့ ဆိုတယ်.ကမ်းနားအခေါ်အရ ဂမ်ဘားပေါ့ ..အဘိုးက ပွဲရုံကုန်ထမ်း အဘွားက မုန့် ဟင်းခါး အမေတို့ မောင်နှစ်မ ၂ ယောက်က အကြော်စုံဘမ်းခေါင်းပေါ်ရွက် မြို့ ပတ် လည်ရောင်းပေါ့ လေ..အကြော်ရောင်းတာ  စစ်ပြေးတုန်းက လမ်းမှာ ကိုင်းဥတူးစားခဲ့ ရတာထက်စာရင် အခြေအနေကောင်းလို့ ပျော်တောင်နေသတဲ့ ..ကျနော်တို့ ကတော့ သူတို့ ငယ်ဘ၀တွေ နားထောင်ရင်း ကျနော်တို့ လိုတာ ချက်ချင်း ၀ယ်မပေးရကောင်းလားလို့  ငယ်ငယ်က စိတ်ကောက်မိခဲ့ တာ အားတွေနာ သနားတွေဖြစ်လို့ ..ကိုယ်စီးတဲ့ မန္တလေးဖိနပ် က ကိုယ့် အတွက် ယိုးဒယားဘတ်ကြိုးတစ်ကုံးလောက် တန်ဘိုးကြီးနေတဲ့ အဖြစ်တောင်မေ့ သွားတယ်...
အဖွားက သူ့ သားကိုသာ ကျားမို့ အနားထားလိုက်ပြီး အမေ့ ကိုကြတော့ ပြည်မှာထားရင် ခေတ်ပျက်ထဲ ဒုက္ခဖြစ်ရချည်ရဲ့ ဆိုပြီး ရန်ကုန်ကို စစ်ပြေးရင်းရောက်နေတဲ့  အမျိုး ညီမတွေဆီပို့ လိုက်တယ်..ရန်ကုန်ကိုတက်ပြေးမိတဲ့ အမျိုးတွေက ရဲဘော်ဈေးတို့ သံဈေးတို့ မှာ ပျံကျဈေးသည်တွေ လုပ်စားတော့ တစ်ခြားမြို့ ထွက်ပြေးမိတဲ့ အမျိုးတွေထက် ပါးစပ်ဆီစိုနေတယ်ပေါ့ လေ..အဲ့ တော့ အိမ်အကူထက်တော့ သာ မွေးစားသမီးလဲ မဟုတ်တဲ့  ၀ိုင်းလုပ်ဝိုင်းစားအနေအထားနဲ့  ရန်ကုန်ကို မျက်ရည်စက်လက်နဲ့ ရောက်လာတယ်တဲ့ ...
ရန်ကုန်သူသာဖြစ်လာတာ စာမတတ်ဘူး...စစ်ကြောင့် ရောခေတ်ကြောင့် ပါ သင်ခွင့် မရခဲ့ ပေမယ့် စာကိုတော့ သိပ်ကိုဖတ်တတ်ချင်နေခဲ့ တယ်လို့ ဆိုတယ်...အဲ့ စိတ်ကြောင့် ကျနော်တို့ တွေမူလတန်းတက်မှ ကျနော်တို့ နဲ့ အတူတူ ၀ိုင်းစာလိုက်ဖတ်ပေးရင်း စာဖတ်တတ်သွားတယ်..ရေးတာကတော့ လက်မှတ်ကလေးတစ်လုံးသာ ရေးသွားတယ်  စာမတတ်ခဲ့ လို့ နဲ့ တူတယ် စိတ်တွက်ကတော့ သူမတူအောင်ထူးချွန်ပြီး ခေါင်းချည်းလှမ့် သုံးခဲ့ ရလို့ မှတ်ဥာဏ်ကတော့ အတော်ကောင်းတယ် တစ်ဖက်အားနဲ တစ်ဖက်ချွန်တတ်တဲ့ သဘာဝတရားသဘောပေါ့ 
ပြည်မှာကျန်ခဲ့ တဲ့  အဖိုးက ခါးချည့် အောင် ကုန်ထမ်း အဖွားက မုန့် ဟင်းခါးကို ပြည်က ခေတ္တရာမြို့ သစ်ဈေးမှာ ဆိုင်ထိုင်ရော နေ့လည် ခေတ္တရာမြို့ သစ်ထဲ မုန့် ဘမ်းခေါင်းရွက် လည်ရောင်းတာရောကနေ စုဆောင်း ၀ယ်ခြမ်းလိုက်တာ  မြို့ သစ်ထဲ အိမ်ခြံကွက်ကလေး ဘာလေးနဲ့ နေနိုင်လာတယ်.အဲ့ နေရာကွက်ကလေးက ကျနော်တို့ မြေးတွေအတွက် နောက်တော့ နွေရာသီကျောင်းပိတ်ရက် အပမ်းဖြေစခန်း ကစားကွင်းလေးဖြစ်လာတာပေါ့ ...အဖိုးတို့ အဖွားတို့ ရိုးရိုးသားသားကြိုးစားတာ တစ်ဘ၀လုံး ပိုင်ဆိုင်မှု့ က ဒါလေးပဲ..ဒါပေမယ့် နေပြည်တော်က စာဖတ်သူကြီးတို့ အိမ်တွေထက် သမာကျပြီး သန့် တယ်၊ အဲ့ အတွက် ဂုဏ်ယူတယ်...
အဖိုးတို့ အဖွားတို့ အမေတို့ အဖေတို့ အကြောင်း တွေ ပြန်တွေးတိုင်း သူတို့ တွေဘ၀နာခဲ့ တာကို မျက်ရည်ဝဲရတာက တစ်ပိုင်း စင်စင်ကြယ်ကြယ် အသက်မွေးသွားကြလို့  ကိုယ့် အဖိုးအဖွားတွေ အကြောင်းတွေးရ ပြောရရင် အမြဲလိပ်ပြာသန့် နေရလို့  အဖိုးတို့ အဖွားတို့ အမေတို့ အဖေတို့ ကို ကျေးဇူးတွေ တင်နေရတာတစ်ပိုင်းပေါ့  ကျနော်တို့ နောက်မျိုးဆက်တွေ  သူတို့ အကြောင်းတွေ နဲ့ ပတ်သက်လာရင် မျက်နှာမငယ်ရ အရှက်မရ
မျိုးမကန်းရဘူးလေ ...
''လေစစ်ပွဲတွေနဲ့ ချည်း ကြုံနေရတာ မဟုတ်ခဲ့ ဘူး....'' ----
''လေစစ်ပွဲတွေနဲ့ ချည်း ကြုံနေရတာ မဟုတ်ခဲ့ ဘူး....''
----
ကျနော်တို့ ငယ်ငယ်က ''' ပြိုင်လာလျင် အရှုံးပေးနှလုံးအေးတဲ့ ဆေး '' တို့ '' ခန္တီစ သည်းခံခြင်းသည် မြတ်သောအကျင့် ဖြစ်သည် '' တို့ ဆိုတာ အတော်ခေတ်စားပြီးအတော် နားထောင်လို့ ရွတ်လို့ ကောင်းတယ်...စောဒကတက်သံမကြားဘူးသလောက်ပေါ့ ...နောက်တော့  '' မနိုင်၍ သီးခံခြင်းသည်၎င်း..''ဆိုတဲ့ စကားပြောင်သဘောက အချင်းချင်း ဟာသအဖြစ် ပြောလာကြတယ်...သဘောက လူ့ သဘာဝထဲမှာ တစ်ချို့ ဓမ္မတွေဟာ လူ အဖြစ်နဲ့  ကျင့် သုံးရတာက ခက်ခဲတယ်ဆိုတဲ့ အနေအထားတွေကနေဖြစ်လာတဲ့  ရောင်ပြန်သဘောပေါ့ ...ဓမ္မကို ဒဲ့ တော့ စောဒကပြန်တက်တာမျိုး မလုပ်ခဲ့ ကြသေးဘူး...အခု ၂၀၀၀နောက်ပိုင်း အထူးသဖြင့် 
ရွှေဝါရောင်တို့  ၂၀၁၀ နောက်ပိုင်းတို့ မှတော့ ဓမ္မကို ဒဲ့ စောဒကတက်သံတွေ နေရာအနှံ့ ကနေကြားလာခဲ့ ရပြီ.
.'' ပုထုဇင်တွေလေ အတိုင်းအတာကြော် သွားရင် ဘယ်သည်းခံနိုင်ပါ့မလည်း '' ဆိုတဲ့  အသံမျိုးတွေပေါ့ ..ပုထုဇဉ်တွေမို့ တဲ့ ...ကျမ်းကိုးနဲ့ ၊ တစ်ချို့ လူတွေဆို ပါဏာတိပါတတောင် .ချွင်းချက်နဲ့ ဖြစ်ခဲ့ ပြီ
ပြီးတော့  အဲ့ ဒီလို စောဒက ဒဲ့ တက်ရဲလာကြတာ ဘာကြောင့် လဲက  စိတ်ဝင်စားစရာ..ပြီးတော့  သည်းခံခြင်းတရားဟာ ကန့် သန့် မဲ့ လား  ကန့် သတ်ရှိလား နယ်ပယ်အသီးသီး အတွက် ကျင့် ရမယ့် ကိစ္စလား.သီးခြားနယ်ပယ်အတွက် အဓိကပဲ ကျင့် ရမယ့် ကိစ္စလား..အတိုင်းအတာတစ်ခုအထိ သည်းခံနိုင်မယ်ဆိုတဲ့ အတွေးဟာဘယ်လောက်တောင်ကျယ်ပျံ့ နေပြီလဲ ကိုယ်တိုင်ရော အကန့် အသတ်နဲ့ သည်းခံခြင်းသဘောကို လက်ခံလိုက်တဲ့ အထဲပါနေပြီလား...
ကျနော်တို့  နေ့ စဉ်လူမှု့ ဘ၀မှာ အခု စစ်အစိုးရတွေရဲ့ လက်အောက်မှာ ရပ်တည်ရတာ ခက်ခက်ခဲခဲ ရပ်တ်ာနေရတာနဲ့  ဘယ်လိုပဲ မျှော်မြင်ကြည့် လိုက်စေ မသေခြာတဲ့ အနာဂတ်တွေ ဘ၀ဖြစ်နေလို့  အတွေးထဲမှာတောင် မွန်းကျပ်နေကြလို့ စိတ်တွေက လက်တစ်ဆစ်လောက် ရှိတော့ တယ်...တစ်စုံတစ်ရာဆို ရောပြီး ပေါက်ကွဲလိုက်ဖို့  အဆင့် သင့် ပဲဟေ့ ပေါ့  ပြီးတော့  စစ်အာဏာရှင်တွေ လက်အောက် လူတွေ နေ့ တဓူဝ ရင်ဆိုင်နေရတဲ့ အခက်အခဲမျိုးစုံ ပြဿနာမျိုးစုံတွေဟာ လေစစ်ပွဲတွေနဲ့ ချည်းကြုံနေရတာ မဟုတ်ခဲ့ ဘူး....
.မာန အမျိုးအစားပေါင်းသောင်းခြောက်ထောင်....
.မာန အမျိုးအစားပေါင်းသောင်းခြောက်ထောင်....
---
အပူအအေးရာသီဘေးနဲ့  အရှက်သဘော ဘေ့ စစ်ကနေ ကျော်သွားတဲ့ အခါ ကိုယ့် ကိုယ်ပေါ်က အ၀တ်မှီပြီး ငါ မာန ဖြစ်လာတယ်...အရပ်သားဝတ်တဲ့ အ၀တ်မှာ ဈေးနှုံးကြီးလေ အ၀တ်စအမျိုးအစားကောင်းတတ်လေဖြစ်တတ်တော့  ဈေးကြီးတဲ့ အ၀တ် ကိုယ်ပေါ်တင်မိလိုက်ရင်ပဲ တရုပ်ပိတ်စ အပေါစားဝတ်ထားတဲ့ သူကို အပေါ်ကနေကြည့် တော့ တယ်၊ အရပ်သားအ၀တ်သမားကို ယူနီဖေါင်းအ၀တ်ဝတ်တဲ့ သူတွေက အပေါ်ကနေ ကြည့် တော့ တယ်....အ၀တ်မှီဖြစ်တဲ့ မာန ကျောက်ထည်အမျိုးအစားမှီဖြစ်တဲ့ မာန အလုပ်ဌာနမှီဖြစ်တဲ့ မာန အိမ်မှီပြီး ဖြစ်တဲ့ မာန မျိုးမှီဖြစ်တဲ့ မာန ပညာအမျိုးအစားမှီဖြစ်တဲ့ မာန အရပ်အတိုအရှည် မှီဖြစ်တဲ့ မာန အသားအရောင်ကာလာမှီဖြစ်တဲ့ မာန အသက်မှီဖြစ်တဲ့ မာန ဆရာချင်းတိုင်းမှီဖြစ်တဲ့ မာန မာန မာန မာန...မာန အမျိုးအစားပေါင်းသောင်းခြောက်ထောင်.....
လူ နဲ့  ပညာ
လူကို ကန်တော့ တာ မဟုတ်ဘူး ပညာကို ကန်တော့ တာပါ ဆိုတာကို တကယ်တွေးကြည့် ရင် အတော် အဆီအငေါ် မတည့် တဲ့ စကားမျိုးပေါ့  လူ နဲ့ အဲ့ လူရဲ့ ပညာကို ဘယ်နေရာက စခွဲလိုက်သလဲ စတွေးစရာရှိလိမ့် မယ် အမှန်တော့  အသက် စည်းစိမ် မျိုးရိုးစသဖြင့်  တစ်ခုခု အဲ့ ပညာသမားက ပညာကောင်းပေမယ့်   ငါ့ ထက် နိမ့် နေတယ် ဆိုတဲ့ ငါနဲ့ တိုင်းတာတဲ့ မာနက ကန်တော့ တာတောင် လွတ်လွတ် စေတနာမဟုတ်တော့ ဘဲ ..ငါ မာန ခံနေတာရဲ့ လက္ခဏာသဘောပေါ့ ..။
ဟာသ -------
ဟာသ
-------
ယာဘသုံးတဲ့ ဘဲလေးတစ်ပွေ ယာဘတွေနဲ့ မိတယ်..ဒါနဲ့ ရေလဲလောင်း လောကီပညာနဲ့ လဲကူ သူ့ ကံကလည်းကောင်းပုံရတော့  နောက်တော့  အပြီးလွတ်တယ်..ရေက ပုံး ၂၀၀နီးပါးလောက် လောင်းလိုက်ရတယ်...၊ နောက်တစ်ယောက် ထပ်ကြုံတယ် အရင်လူလိုပဲ သူလည်း ရေက ပုံး၁၅၀ကျော်ဖိုးလောက်လောင်းလိုက်ရတယ် အပြီးလွတ်တယ် ၂ ယောက်စလုံးက ပေါ်တစ်နယ် နဲ့ လွတ်နေပြီး ကွန်တက် ဘက်ဂရောင်းကြီးတွေ ရှိနေကြတဲ့ သူတွေချည်းပဲ....အဲ့ မှာ ဗမာပြည် အုဘဒေ ဆိုတာ  ဂလိုပဲ လို့ လက်တွေ့ ပေါ့ ...အဲ့ နောက်ပိုင်း အုဘဒေ စကား ရေးကြီး ခွင်ကျယ် တောက်ကြီး တောက်ကျယ် လုပ် မပြောဖြစ်တော့ ဘူး မန်းနီး+ ကွန်တက် ဘက်ဂရောင်းသဘော ကြီးစိုးနေသ၍ ဗမာပြည်မှာ အုဘဒေ အကြောင်း ပြောရင် ဟာသတွေ လာပြောနေတယ်ချည်း ဖီလင်ဝင်နေတော့ တယ်