Sunday, June 28, 2015
စိတ်ကူးပေါက်ရင် လျှာကြောရှည်တတ်တဲ့ သူ
စိတ်ကူးပေါက်ရင် လျှာကြောရှည်တတ်တဲ့ သူ
-----------
ဘွဲ့ ဘယ်နှစ်ခုလောက်ရမလဲရှင့် လို့ မေးလာသူက အသက် ၂၀လောက်သာရှိသေးတဲ့  စာတော်ပုံရတဲ့ ၆ကြွင်းကြာသာပတေးသမီးလေး မှန်ချောင်လေးကျောင်းသူတစ်ယောက်ပါ...ဒီတော့ ကျနော်က...
ကျနော်တို့ ဗေဒင်မှာ အဲ့ ဒါမျိုး မရှိဘူး ကျနော်တို့ ချိန်တာ ဥာဏ်ပညာ တွေးခေါ်ပုံသတ္တိ ကောင်းမကောင်းတွေချိန်တာ  နောက် ကျနော်ပြောပြမယ် သူများတွေ ရွှီးတိုင်းလိုက် ယုံမနေနဲ့ ဗျ...အခုကျနော်တို့ ဒီ ဗေဒင်ပေါ်လာတာ ညောင်ရမ်းတွေ ကုန်းဘောင်တွေခေတ်ကတည်းကပေါ်လာတာ နှစ်ကို သုံးလေးရာမကဘူး..အဲ့ ခေတ်တွေမှာ ဘာအစိုးရ စတိတ်ကျောင်းမှမရှိဘူး ဘာဘွဲ့ နှင်းသဘင်မှ မရှိဘူး ကုန်းဘောင်ခေတ်မှာ ကားတောင် ဗမာပြည်မှာ မပေါ်သေးဘူး ကားဝင်မယ်ဘာညာဆိုတာ ဒီဘက်ခေတ် အခြေအနေကြည့် ပြောတာ ဟိုခေတ်က တနင်္လာနံဝင်မယ်တို့ အခြေနှစ်ချောင်း ၀င်မယ်တို့ လောက်ပဲပြောတာ....အခု ဒီဇာတာမှာ မွေးနှစ်ရော မွေးချိန်အရရော ကြာသာပတေးနံ အထိုင်ကောင်းနေတယ်ဒီတော့ ကိုယ်ဖတ်နိုင်ရင် ဖတ်နိုင်သလောက် ပညာကောင်းတွေ ဘွဲ့ တွေ စာတီဖကိတ်တွေ တန်းစီပြီးရနိုင်တယ် ဒီလောက်ပဲ ကျနော်ပြောနိုင်မယ် ဘွဲ့  ၂ ခု ရမယ် ၃ခုရမယ်တွေဘာညာတော့ မပြောနိုင်ဘူး....လို့ ဆိုလိုက်တော့ .....သူလေးက ဟီးဟီးတဲ့ ...သူဟီးဟီးတော့  ကိုယ်လည်း ဟီးဟီးပေါ့ ......
ဟာဟ ကိုယ့် ဂူထဲကိုယ် ကိုယ့် လူနဲ့ ကိုယ့် တော်ကီကတော့  ကိုယ့် ဟာကိုယ်တော့  ဟုတ်နေတာပဲ .အဟီးးးးးးးးခ်ခ်
အိမ်ထောင်ရေးကောင်းလား
အိမ်ထောင်ရေးကောင်းလား
--------
လို့ မေးလာသူက ၁ကြွင်း တနင်္ဂနွေသမီး အသက် ၆၀  မရဏ ဟူး သက်ရောက်နေသူပါ.. လာနေကျဖြစ်ပြီး ယောက်ျားက သင်္ဘောသားပါ ။ ကျားကိုကြောက်ရတာ ထင်ရှားတာက သူ့  ယောက်ျား သင်္ဘောတက်စေချင်လို့ ယတြာခြေရင် အိမ်မှာ မခြေရဲပဲ အပြင်ဘုရားမှာ ခြေရတာ
ဗေဒင်ဆရာဆီမှာ ဒိုင်လျိုလေး ခြေရတာက သက်သေပါပဲ ကိုယ်တိုင်တော့  အိမ်ဖေါ်တွေ ဖက်စလတီတွေ အပြည့် နဲ့ အလုပ် မလုပ်စားရပါဘူး..
အစ်မကြီးမှာ စားဝတ်နေရေးတွေ ဘာအလုပ်မှ ကိုယ်တိုင်ထမလုပ်ရပဲ အကုန်ပြည့် စုံနေတာလေးကို ကြည့် ရင် အိမ်ထောင်ရေး ကောင်းတယ်လို့ ပြောရမှာပေါ့  ကောင်းလို့ ပဲ အိမ်ထောင်သက် နှစ် ၃၀တောင်ဖြစ်နေပြီး သားသမီးတွေလည်းကျောင်းပြီးသူပြီးနေပြီလေ...စိတ်ပိုင်းသဘောက ကြည့် ရင် အစ်မကြီးက ယောက်ျားကို ကြောက်နေရတယ် သူ့ စကားသာ နာခံရတယ် အခုလိုနှစ်မှာဆို အစ်မကြီး သူ့ ကြောင့် စိတ်ညစ်နေရတယ် ကွဲပစ်ချင်စိတ်တွေတောင်ဖြစ်နေလို့  အိမ်ထောင်ရေး ကောင်းလားလို့ အခုလို အသက် ၆၀ကြီးကြမှ လာမေးခွန်းထုတ်နေတာ မဟုတ်လား ဒါကြောင့်  ၂ပိုင်းခွဲပြောလိုက်တာလို့ ပြောလိုက်တော့ ............။
''အတိုက်အခိုက်တွေ ဘာတွေ ရှိလားဆြာ ''
''အတိုက်အခိုက်တွေ ဘာတွေ ရှိလားဆြာ ''
---
'''အင်း.ရှိတယ် ကိုယ်သိတာ မသိတာပဲကွာတယ် မွေးစကလေးတောင် မနာလိုခံရတာမျိုးရှိတယ်လေ...
ပြီးတော့  လူမှာ အတိုက်အခံ မရှိတဲ့ လူ မရှိဘူးဗျ ရိုးရိုးလူမပြောနဲ့ ဘုရားတောင် ဘုရားမဖြစ်ခင်ကတည်းက အတိုက်အခိုက် ခံရတာ ပရိနိဗ္ဗာန်ပြုပြီးတာတောင် အတိုက်အခိုက်က ခံနေရတုန်းလေ.''
ပိုက်ဆံ ကုမ္ပဏီ အမေးသမား အဖြေသမား
ပိုက်ဆံ ကုမ္ပဏီ အမေးသမား အဖြေသမား
-------------
'''အဲ့ ဒါ သမီးက လစာတိုးတောင်းမလို့ ဟာ သူငယ်ချင်းက သထေးက လစာ တိုးတောင်းရင်
ကိုယ့် ကို ပိုက်ဆံမက်တယ်လို့ ထင်သွားရင် နောက်ဆို မကြည် ဖြူတတ်တော့ ဘူးလို့ ပြောတယ်
သမီးက အခုလုပ်နေရတဲ့ စာရင်းကိုင်အလုပ်က အရမ်း အလုပ်များတယ် ဖော်ရင်နာတွေကလည်း
အရမ်းခိုင်းတာပဲ သမီးတစ်ယောက်ထဲ လုပ်နေရသလိုပဲ အဲ့ ဒါ ကုမ္ပဏီပြောင်းရင်ရောရမလားဆြာ...'''
''' HIVသမားတစ်ယောက် မိသားစု ဆေးဝါးယတြာ နဲ့ ကံသတ္တိ ''''
''' HIVသမားတစ်ယောက် မိသားစု ဆေးဝါးယတြာ နဲ့ ကံသတ္တိ ''''
----------
အဲ့  HIVသမားရဲ့ မိဘတွေက တော်တော့် ကို ချမ်းသာပါတယ် ၊ စီးပွားရေးသာ နင်းလိုက်နေလို့ သူ့ သားတစ်ယောက်ဟာ အရက် မိန်းမ လောင်းကစား နဲ့ ဒုတ် ဆိုတဲ့ ဖစ်ဂျွိုင်းသူတစ်ယောက်ဖြစ်လာပါတယ် ၂ကြွင်း ဘင်္ဂဖွား တနင်္လာသားပါ ၊ လူက အလွန်လည်ပြီး ကိုယ်တိုင် လေးပင်လိမ်တာက လိမ်တာတစ်ပိုင်း
ပိုက်ဆံအရှာကတော့  ၁၀တန်းအောင်ပြီး အသက် ၁၈နှစ်ကျော်ကတည်းက ကျောင်းဆက်မတက်တော့ ပဲ အရှာအဖွေ ထူးချွန်သူဖြစ်လို့  သူ့  မိသားစုရဲ့ ဖူးဖူးမှုတ်ထားတာကို ထပ်ရနေပြန်ပါတယ်  ဒီတော့  မြင်းကို အတာင်တပ်ပေးလိုက်သလို ကဲချင်တိုင်း လွှတ်ကဲနေတော့ တာပါပဲဗျာ