Wednesday, April 29, 2015



ဂြိုလ်ကောင်းမရဏ။ ဂြိုလ်ဆိုးမရဏ ၊
--------------------------------------
ပထမအချက်က  မရဏဆိုတာ ကိုယ့် မွေးတဲ့ ခုနှစ်အရ မူလမဟာဘုတ်တစ်ခုတည်ဆောက်လိုက်ပြီး
ရလာတဲ့  မူလမဟာဘုတ်က မရဏအိမ်က ဂဏန်းကို ခေါ်တာပါ ဥပမာ ၁ကြွင်းမဟာဘုတ်နဲ့ မွေးတဲ့ သူရဲ့ မရဏ က ဗုဒ္ဓဟူး ပေါ့ ...ဒီတော့  ၁ကြွင်းမဟာဘုတ်သမားတစ်ယောက် ဗုဒ္ဓဟူးသက်ရောက်ဖြတ်ရင် ရိုးရိုး
ဗုဒ္ဓဟူးသက်ရောက်မဟုတ်တော့  မရဏဗုဒ္ဓဟူးသက်ရောက်လို့ ခေါ်လိုက်တာပါပဲ...

သက်ရောက်ကောင်းတစ်ခုမရဏဖြစ်သွားရင် ကြုံလာတဲ့ တုန့် ပြန်မှု့ နဲ့  သက်ရောက်ဆိုးမရဏဖြစ်သွားရင် ခံရတဲ့  အဆိုးဒဏ်က အင်အားချင်း၊မြန်ဆန်ပုံချင်း၊ပြုပြင်လို့ ရတာ  မရလွယ်တာ..၊ ကြိုကာလွယ်တာ မလွယ်တာတွေ..၊ ပါပ မွေးတွေ သောမ မွေးတွေအပေါ်မူတည်ပြီးလည်း ကွာသွားပါတယ်....

လင်နဲ့ မယားစီးပွားနဲ့ ကံ ဆက်စပ်မှု့ သဘော



လင်နဲ့ မယားစီးပွားနဲ့ ကံ ဆက်စပ်မှု့ သဘော
-----------------------------------------
ပုံ၁မှာ..အိမ်ထောင်ဦးစီးလင်ရဲ့ ကံက သက်ရောက်ကောင်းနေပြီးမယားလုပ်သူအညံ့ ခြမ်းသက်ရောက်မှာ ရှိနေပေမယ့်  ဒီလင်မယားစီးပွားကဖြစ်နေတာပါဘဲသိသိသာသာ  တောင်စီးပွားဖြစ်ပါတယ် ၊မယားက ကျမ္မာရေးမျိုးသူ့ ဟာသူသာ ဖြစ်နေတာမျိုးသဘောသာရှိပါတယ် ၊သဘောက ဒီလင်မယားစီးပွားမထိဘူး
သဘောပေါ့ ..။

ပုံ၂ မှာ မယားက သက်ရောက်ကောင်း ပေမယ့်  အိမ်ထောင်ဦးစီးက သက်ရောက်မကောင်းတော့ စီးပွားမပျက်လွယ်ပေမယ့်  စုဆောင်းဘို့ ခက်ပြီး ပုံမှန်သဘောလောက်သာသွားလေ့  ရှိတယ်.အိနြေ္ဒတော့ မပျက်ဘူး သဘောများပါတယ်..စီးပွားတက်နှေးတဲ့ ကာလမျိုးပါ။

ပုံ၃ စတိုင်ကတော့  လင်ရောမယားရော သက်ရောက်ကောင်း အခြမ်းအတူတူ ရောက်သွားပြီးစုံတဲ့ ကာလဟာ လူတကာမြင်ကွင်းမှာသိသာလောက်အောင်စီးပွားတွေရကြ  ၊လှုကြတန်းကြ ပျော်ပါးကြ တိုက်ဝယ်ကြကားဝယ်ကြထီကထပေါက် ဆိုတဲ့ သဘောဖြစ်လာပါတယ် ဒါကိုပြိုင်တက်လင်မယားလို့ သုံးလိုက်ပါတယ်။

ပုံ ၄စတိုင်ကတော့  လင်ရောမယားပါ သက်ရောက်ဆိုးအတူတူဖြတ်တဲ့ အခါ လင်ဟာအလုပ်တွေ ဒုက္ခဖြစ်ကြံသမျှလွဲ အမှု့ တွေတောင်ဖြစ်လွယ်လာချိန် မယားကပါရောဂါတွေထူ  အဆင်မသင့် ရင်ဆေးရုံတက်ငွေတွေကုန်လို့ အရင်စုထားသမျှတွေပါ ကုန်သွားလို့  စီးပွားပျက်ကပ်ဆိုက်တဲ့ ကာလဖြစ်သွားပြီးသေချင်စိတ်တောင်ဖြစ်လာတတ်တဲံ့ အထိ အကျပ်တည်းဆုံး ကာလတွေပါ. ..ဒါကိုပြိုင်ဆင်းလင်မယားလို့ ခေါ်ပြီးတောင်မင်း မြောက်မင်းမကယ်နိုင်ကိန်းဘ၀ပေါ့ ခင်ဗျာ..။

ပုံ၁နဲ့ ပုံ၂ လင်မယားစတိုင်ဟာ ဖြည်းဖြည်းမှန်မှန်သာစီးပွားဖြစ်လေ့ ရှိပြီးကျရင်လည်းအိနြေ္ဒပျက်တဲ့ အထိဖြစ်မသွားပါဘူး တစ်ယောက်ကံတစ်ယောက် ထိမ်းသွားပါတယ်၊အညံ ကြုံလာရင် ထိမ်းရလွယ်ပြီး တည်ငြိမ်တဲ့ မိသားစုသဘောကို ရလွယ်ပါတယ်၊စုစုဆောင်းဆောင်းသွားရတဲ့ မိသားစုမျိုးပါဗျား

ပုံ၃နဲ့ ပုံ၎ လင်မယားစတိုင်ကတော ပြိုင်တက်ပြိုင်ဆင်း လင်မယားဖြစ်ပြီး စီးပွားတက် ရင်လည်းမြန်သလို ကျရင်လည်း ယတြာမမှီလောက်အောင်မြန်ပါတယ် ထိမ်းရခက်တဲ့ သဘောရှိသလို လောကဓံအလှည့် အပြောင်းမြန်ဆန်ပြီးမိသားစု ဘ၀တည်ငြိမ်တဲ့ သဘောနဲပါတယ်ဗျား

သဘောကတော့  လူတစ်ယောက်ကို ကံ စစ်တဲ့  အခါ အိမ်ထောင်သည် ဖြစ်နေမနေဟာ အရေးပါပြီး တစ်ခါတစ်ရံ စီးပွားရေး အဆင်မပြေဘူး၊ စုမိဆောင်းမိမရှိဘူး လုပ်သလောက် စီးပွားတက်နှေးနေတယ် ဆိုတာဟာ ကိုယ့် တစ်ယောက်ထဲကံမှဟုတ်ရဲ့ လား အိမ်ထောင်ဘက်ကံကရော ဘယ် အခြေ အနေဖြစ်နေသလဲကိုပါ ကံချိန်ရတဲ့ အကြောင်းပါ။

ပုံစံ၎မျိုးမှာ လင်နဲ့ မယား မှာ လင်အကောင်းခြမ်းရောက်နေရင်သား လင်က အလုပ်မလုပ်မယားလုပ်စာစား ရင်း ဘိန်းစားဘဲ ဖြစ်ပါစေ လောကရဲ့ ထူးဆန်းတဲ့ မျက်နှာ လိုက်မှု့ အရ အဲ့ လင်မယားစီးပွားရှာ ပိုကောင်းပိုရနေတတ်ပါသဗျား...။


အဲဘာကြောင့် အိမ်ထောင်ပြုတဲ့ အခါ အနဲဆုံးတစ်ယောက်က သက်ရောက်ကောင်းအခြမ်းဖြစ်ဖို့ လိုတယ်ဆိုတာပါ တစ်ခါတည်းရိပ်မိနိုင်ပါတယ်နော်


ယေဘူယျ လင်မယားတွေအများစုဟာ ဒီစတိုင် ၄ မျိုးနဲ့ မိသားစုဘ၀ကိုချီတက်နေပါသဗျား

လမိုက်တဲ့ လမ်း



လမိုက်တဲ့ လမ်း
----------
စိတ္တဇ ညတစ္ဆေ
အလွမ်းတွေ အလွမ်းတွေ 
ပန်းချွေတဲ့ မိုးလို..
သတိရခြင်းတွေ နုသစ်ပျို အပင်အိုက တဖွဲဖွဲကြွေ..။
လေညှင်းကလေး အဝှေ့ အပင့် မှာ 
မင့် ရယ်သံလွင်လွင်လေး လွင့် လာလေသလား...
ယောင်မှားကြား အလွမ်းနက်နက် ညတာရှည်.....
အို...
ကိုယ် တစ်ယောက်ထဲ 
နှောင်ကြိုးဖွဲ့ သံယောဇဉ်တွေနဲ့ 
ဝေဒနာဖွဲ့  ညအိုအိုရဲ့ 
လမိုက်တဲ့ လမ်းတွေမှာ....။

တရားမင်းဘက်ကနေ ......



တရားမင်းဘက်ကနေ ......
----------
သန်ရာ သန်ရာတွေနဲ့ 
အဆံပြည့် အဆံချောင်
အဆံကျပ် အဆံလပ်
အဆံလွတ် အဆံသွပ်
အဆံမဲ့  အဆံပဲ့ 
အဆံငိုက် အဆံစိုက်
အဆံပြုန်း အဆံပုန်း
အဆံလူး အဆံရူး
အဆံပျော် အဆံရှော်
အဆံတစ်ခြမ်းမရ အပါအ၀င်
အဆံ့ ဗရုတ်သုတ်ခတွေကြားမှာ
ဟန်သလို အခြေအနေကြည့် 
မထီသလိုလို ကြည်သလိုလို
ရီသလိုလို ပြီသလိုလို
ကလိတိတိ ငြိတိတိ
ပစိပစပ်တွေ ပြောတဲ့ အခါဝင်ပြော
ကောတဲ့ အခါဝင်ကော
လစ်တဲ့ အခါလစ် ပြေးတဲ့ အခါပြေး
ဝေလေလေတဲ့ အခါ ဝေလေလေလုပ်
အရှုတ်ထုပ်တကာ့ အရှုတ်ထုတ်တွေကြား
တ၀ါးဝါး နဲ့ သရော်တဲ့ အခါသရော်
မော်နေသူတွေကို အပျော်တွေလုပ်ပစ်
ဒါဟာ
အချစ်နဲ့  စစ် လောကတဲ့ လား
ဗျာများ မနေအားဘူး
မတရားမှု့ တွေ အဆင်ပြေသလို ဆန့် ကျင်
တရားမင်းဘက်ကနေ
ဘ၀ဆိုတာ ရေစီးတစ်ခါ ရေသာတစ်လှည့် 
တစ်နေ့ တော့  ငြိမ်းချမ်းမျှတရာလောကဆိုတာ
တို့ အတွက်ဖြစ်ရမည်ပေါ့ ..

'' ရိုးရာ အုပ်မှုတ်ခွက်နင်း လမ်းလျှောက် ဆော့ စရာ..''



'' ရိုးရာ အုပ်မှုတ်ခွက်နင်း လမ်းလျှောက် ဆော့ စရာ..''
--------------
ကျနော်တို့ ငယ်ငယ်က ဆော့ စရာ အရုပ်ရှားတယ် ရှိတတ်တာက မ၀ယ်နိုင်ဘူး ဒီတော့ ကီုယ့် ဟာကိုယ် အုန်းလက် နွားလေး စီးခဲ့ မယ်ပေါ့ ...အခု အုပ်မှုတ်ခွက် ၂ ခြမ်းကို ခုံဖိနပ်လို နင်း လမ်းလျှောက် အပြေးပြိုင် ဆော့ တာမျိုးလည်းပါတယ်... အုန်းခွံအမာ ၂ ခြမ်း နဲ့ ဂုံနီကြိုးရှည် ၁ ချောင်းရှိရင်ရပြီပေါ့ ...အုန်ခွံမှာ မျက်စိပေါက် သုံးပေါက် ပါတယ် ၂ ပေါက်က အရာလေးလောက်ပါ မာတယ် လွယ်လွယ်နဲ့  ဖေါက်လို့ မရဘူး..၁ပေါက်ပဲ အပင်ထွက်တဲ့ အပေါက်ဖြစ်လို့  ပျော့ စိစိနဲ့ ၊ အဲ့ အပေါက်ကို ဓားဦးချွန် နဲ့ ထိုးလိုက်ရင် ပြားစေ့ နီးပါးလောက် အပေါက်ကလေး အလွယ်ပေါက်သွားတယ် အဲ့ လိုမျက်စေ့ ပေါက်ပါတဲ့ အခြမ်း ၂ ခြမ်း ပေါ့ ၊ 

တစ်ခြမ်းစီရဲ့ အပေါက်ကို မှောက်လျက် အရင်ထား  ဂုံနီကြိုးစ သွင်း ပက်လက်ပြန်လှန် အပေါက်ကို မှောက်လျက် လျိုသွင်းထားတဲ့ ကြိုးစ ပြန်ထွက်မသွားဖို့ အမာသစ်စတို့  သံချောင်းတို့ မှာ ဂုံနီကြိုးအစကို  ချီလိုက်တော့ အပေါက်ကို ကန့် လန့် ခံနေတဲ အမာစကြောင့်   ကြိုးက အပေါက်ကနေ ပြန် ကျွတ် မထွက်သွားတော့ ဘူး...

အဲ့ လို ၂ခြမ်းလုပ်ပြီးရင် တစ်ခြမ်းစီမှာ တက်ရပ် အုန်းခွံထိပ်က အဲ့ ဂုံနီကြိုးစကို ခြေမနဲ့ ခြေညှိုးကြား ထားညှပ်လိုက် ပြီး မတ်တတ်ရပ် ဂုံနီကြိုးကို ဘယ် ညာ လက်၂ ဖက်နဲ့  တင်းတင်း ဆွဲကိုင်ပြီး ကြိုးကို အသာဆွဲ မ;ပေးလိုက်ရင် ခြေဖျားအောက်က အုပ်မှုတ်ခွက်က ခြေဖ၀ါးအောက်မှာ ဂုံနီကြိုး တင်းတင်းကြောင့်  ကပ်ပြီး ပါလာတယ်..ကြိုးကို မ မ ပြီး တစ်လှမ်းပြီး တစ်လှမ်း လမ်းလျှောက်တာ စက်ရုပ် လမ်းလျှောက်နေတာနဲ့ လည်းတူတယ် ခုံဖိနပ်လိုပဲ တဂွတ်ဂွတ်နဲ့  အသံက.၊  အဲ့ ဒါကိုမှ အုပ်မှုတ်ခွက်ပေါ်ကနေ ခြေပြား ချော် မြေကြီး မကျစတမ်းနဲ့  အပြေးပြိုင်ကြတာ....ကတ္တရာလမ်း ကွန်ကရစ်လမ်း အမာသား  နဲ့  အုပ်မှုတ်ခွက် အမာခံနှုပ်ခမ်းသား နဲ့  တိုက်ပြီး ထိတော့  ခုံဖိနပ်သံနဲ့ ရော ကဆုန်ပေါက် မြင်ြးေးပသံနဲ့ ရော တူချက်က တဂွတ်ဂွတ်အသံတွေ ..

''' ဟဲ့ ...ကောင်လေးတွေ တစ်လမ်းလုံး ဆူညံနေတာပဲ ဘယ်လိုတွေ ဖြစ်နေကြတာတုန်း..ဟေ;;;;;.'''...လို့ ..အအော်ခံထိတာပေါ့ လေ..ဟီးဟီး...

ဓမ္မာ သောက အင်းဝ ရာဇာအား..





ဓမ္မာ သောက အင်းဝရာဇာအား..
=====
သူက သုညတနင်္လာသား .သိုက်ဘွားလုပ်ငန်းရှင်..ငါးကန်နဲ့ ငါးဒိုင် ပေါ့ ..၄၂ က စပြီးစီးပွားအီဆင်းလာတာ ၄၄ အထိပဲ...ခေတ်ကောင်းတုံးက ရထားတာတွေသာ လှည့် သုံးနေရတဲ့ သဘော..ကျားကြီးခြေရာကြီးတော့  အသုံးစားရိပ်ကို မလျှော့ ချနိင်တော့ ဘူး..ဘဏ်ကြွေးလည်းရှိနေတယ်..န၀င်းမှန်မှန်ထိုင်ပေးထားပြီး ထိမ်းပေးထားလို့  လူအမြင်သရုပ်တော့ ပျက်မသွားပေမယ့်  သူ့ အတွင်းသရုပ်က အတော်ပျက်နေပြီဆိုတာ ဗေဒင်ဆရာကျနော်နဲ့  သူနဲ့  သူတို့ လင်မယားတွေကတော့  သိတာပေါ့ ...

သူ က သုညကြွင်းပီပီ စိတ်ညစ်ကိုမခံနိုင်ဘူး..အဲ့ ဒါကို လှည့် ပတ်ပြီးတောင်ပြောမြောက်ပြောနဲ့ ယတြာတွေကူလိုက် တော်ကီပွားပေးလိုက်တပွဲတိုးလေးကစ်လိုက်နဲ့ သက်ရောက် အကျကို  ဂျမ်းတုံးယတြာခုပြီးခေါ်လာခဲ့ တယ်...သူကလည်း ဆရာမများဘူး ကိုယ့် မှယုံတော့  တော်သေးတယ်ပဲ ပြောရမယ်..သူ့ အိမ်ခြံ ရောင်းချင်နေတာ  ၄၃ နှစ်ကတည်းက ၊ ဘဏ်ကြွေးမဆပ်နိုင်မှာစိုးလို့ တဲ့ ..နို့ တစ်စာပို့ လို့ လားမေးတော့ မပို့ ပါဘူးတဲ့  မပို့ ရင်မျှောထား တစ်နှစ်ပြည့် ကာနီးရင် ဘဏ်ကြွေးအတွက် ချေးပေးမယ်သူ့ ပေါ်တတ်တယ် အဲ့ ဒါနဲ့ အသွင်းပြ ပြီးတော့ ပြန်ထုတ်ဆပ်လိုက်ပေါ့ ...ခြံရောင်းပြီး ၀ိတ်လျှော့ ချင်ရင် ၄၅ ကိုစောင့် ပါ...အဲ့ တော့ မှလုပ်..လူမထိဘူး. ဖလှယ်ရတောင် ဘေးလွတ်တယ်...အခုက ၇၀၀၀ပဲ ရှိသေးတယ်...( အဲ့ တုံးက) ၊ ၄၅လောက်ရောက်ရင် သောင်းကျော်မှာ  မြေတွေခြံတွေက မပွားဘူးလေလို့ ပြောလိုက်တော့ အားတော့ တက်သွားတယ်...

မဟာဘုတ် ၉၈ မျိုး



မဟာဘုတ် ၉၈ မျိုး
--------------
ဒီလိုတွေ ရှိသေးတဲ့ အကြောင်းပြောပြတာပါ၊ မသုံးမိသလောက်ပါပဲ၊သဘောက မဟာဘုတ်ကလည်း တကယ် လိုက်စားလေလေ ဇာတ်ထုတ်ကရှုတ်လေလေမို့ ဒီပညာရပ်ကလည်း ခေသူမဟုတ်လို့ သိသာယုံလေးပြတာပါ၊ ဗေဒင်ကိုလိုက်စားတဲ့ နေရာမှာ ပညာကို ချစ်တဲ့ သူလိုက်စားပုံက ရေဆုံးရေဖျားလိုက်စားတတ်တယ် ပညာကနေ အကျိုးအမြတ်ကိုအာရုံမထားပါဘူး(အချစ်)သဘောမျိုးဆန်တယ်။ သုတေသီကတော့ အားနဲအားသာချက်တွေကိုလေ့ လာသလိုဆန်တယ် သူလည်း
အကျိုးအမြတ်ပြန်ရှာသဘောမဆန်ဘူး(သမိုင်းဆရာ)သဘောနဲ့ ပိုနီးစပ်မယ်။ ဟောစားတဲ့ ဖက်နီးသွားတဲ့ ကျနော်တို့ လိုကြတော့ အလုပ်ခွင်အတွက်ချိန်ပြီး ကန့် ပစ်လိုက်တာမျိုးပါ ဘ၀ကတိုတယ်ဆိုတော့ လေ၊ အပျော်တို့ အန်တာတိမ့်မန်လောက် ဖတ်ပြီးမေ့ သွားတွေကတော့ ဗေဒင်ကိုခေတ်ပေါ်(၀တ္ထုဖတ်သလို)လောက်ပဲအာရုံလာတာမျိုးများပါတယ်)..။

မရဏအိမ်သတ္တိသဘာဝတွေကိုရေးတဲ့ အခါမှာ ဒိထက်ဒိထက် အနုစိတ်သဘောတွေ အများကြီးရှိသေးလို့  ၁၀ယောက်မှာ ၇ယောက်၈ယောက်လောက် အတွေ့ ရများတဲ့ သဘောတရားကိုတာ ၁ကြွင်းစတိုင်က ဒီလိုရှိတာများတယ်လို့ ရေးကြပါတယ်၊ အဲ့ တော့ ကွဲလွဲနေတယ်လို့ ထင်ရတဲ့ သဘောတွေကိုကြုံရတဲ့ အခါ ဒီလောက်လည်း မဟုတ်ပါဘူးလို့ ထင်ရမှာပါ..ဒါပေမယ့် အဲ့ ဒါကလည်းပြဿနာမဟုတ်ပြန်ပါဘူး..ဘာလို့ ဆိုတော့ ကျနော်ရေးပြခဲ့ သလိုပါပဲ ပညာရပ်စာတမ်းတွေရေးထားတာကိုလျှောက်ဖတ်သလိုမျိုး ဖတ်ပြီး ပြီးသွားသဘောလောက်ပဲမို့ လို့ ပါ၊ အလုပ်ခွင်မှာကြတော့ အဲ့ ဒါမျိုးထွေလီကာလီတွေ ထည့် ဟောနေတာမျိုးကို မရှိသလောက်ပါပဲ ဘာဖြစ်နေလို့ လဲ ဘာဖြစ်လာလဲ ဘာဖြစ်ချင်လို့ လဲ ဒါဆို ဒီလိုလုပ်ပါနဲ့ ပြီးတာက ပိုများပါတယ်၊

သက်ရောက်တွက်နည်း အလွယ်ပါ.



သက်ရောက်တွက်နည်း အလွယ်ပါ.
းးးးးးးးးးးးးးးးးးးးးးး

ဆိုပါတော့  အင်္ဂါ သားသမီး တွေရဲ့  အသက် ၃၃ နှစ် ၊ ၄၁နှစ်၊ ၄၉ နှစ် တွေကို ၈ နဲ့ စားရင် အကြွင်းက ၁ ဖြစ်ပါမယ်...သူ့ မွေးနံ အင်္ဂါထောင့် ကနေ စ ထောက်ရင် အင်္ဂါ ဂြိုလ်မှာပဲ ရှိသေးလို့  အဲ့ ဒိ့ အသက် ၃၃ ၊ ၄၁၊ ၄၉ တွေဟာ အင်္ဂါသက်ရောက် ဖြစ်လာပါမယ်၊ ဒါဆို အသက် ၄၃ နှစ် အင်္ဂါသားသမီးကို ၈ နဲ့ စားလို့  ၃ ကြွင်းရင် လက်ယျာရစ် ပတ်မှာဖြစ်လို့  ရှေ့ ဆက် ထောက်ရင် အင်္ဂါဂြိုလ် (၄၁၊)၊ ဗုဒ္ဓဟူးဂြိုလ် (၄၂) ၊ စနေဂြိုလ် ( ၄၃) နှစ်ဖြစ်လာပါမယ်..ဒီတော့  အသက် ၄၃ နှစ်ရှိတဲ့  အင်္ဂါသားသမီးဟာ စနေသက်ရောက်ဖြတ်မှာ တစ်နှစ်ကြာမယ်လို့  ဗေဒင်တွက်လို့ ရပါပြီး....ဒီတော့  အင်္ဂါသားသမီးတိုင်းရဲ့  အသက် ၁၉၊ ၂၇၊ ၃၅၊ ၄၃၊၅၁၊ ၅၉ ၊စသဖြင့် တွေဟာ စနေသက်ရောက် ကို ရောက်ရောက်နေတဲ့  သဘောလို့ အလွယ်သိနိင်ပါပြီ....ဘယ်နေ့ သားမဆို ဘယ်အသက်ရောက်ရောက် သက်ရောက် ဂြိုလ်တွေ ကို တွက်ရင် ကိုယ့် မွေးနံ ဂြိုလ်အိမ်ကချည်း ၁ လို့  စထောက်ပြီး ရှေ့ ကို အကြွင်းကုန်အောင်သွားရပါတယ်. ...ဒီတော့  အင်္ဂါ သားသမီး အသက် ၄၃ စနေ သက်ရောက်ဆိုတော့  ဘာဖြစ်တတ်ပါသလဲ...ဟုတ်ကဲ့ ပါ..ဗေဒင်ကို လာမစပ်စုဖြစ်ခဲ့ ရင် ဘာတွေဖြစ်နေမှန်းတောင် မသိလိုက်ပါဘူးခင်ဗျာ....ဟီးးး...
=========================
ဆရာ .ရာဟုသက်ရောက်က မရဏဖြစ်နေတယ် ဒါပေမယ့် ဆန်းလာဘ်ပွင့်ဆိုတာ ဘယ်လိုမျိုးလဲဆရာ ..အကောင်းလား အဆိုးလား မရဏလို့လဲဆိုထားလို့လေ


ရာဟုဖြတ်သူတိုင်းကို စန်းသဘောရော လာဘ်သဘောပါ သူ့ အသက်လိုက် ပေးတာချည်း. .စန်းဆိုတာ..အိမ်ထောင်ရေးအချစ်ရေးကို တန်းမပြောဘူး ပီယဓါတ်လေးပြန်ဝင်လာတာ..
ခလေးဆို မုန့် ဖိုးပိုရတာမျိုး..ရဟန်းဆို ဆွမ်းဟင်းပိုရတာ...ကျမ္မာရေးကတော့ ကျယ်ပြန့် တယ်....ယေဘူယျကတော့  လေချုပ်ဝမ်းချုပ်သဘောရော ရေချိုးကြာလို့ အအေးပတ်တာရော အစားမှားလို့  ဒလဟောပန်းတာတွေပါတယ် ၁ ကြွင်းက ပိုအဖြစ်ခံရတတ်တာက မရဏ ဗုဒ္ဒဟူးနံအားကြောင့် ၊ အင်္ဂါ၊ တနင်္ဂနွေ ၊တွေက ရန်သဘောပါလို့ စီးပွားအရကြည့် ရင်အကောင်းပေါ့ ..ကျန်တာက အကောင်းအဆိုးပုံသေပြောရခက်တယ်...ကဲချင်သူအတွက်အကောင်း...အရှက်ကြီးသူက သမုတ်ခံရတော့ သမုတ်ခံရတာကို မကြိုက်ရင် အဆိုးပေါ့ 


 ဆရာ သက်ရောက်တော့မှန်းတတ်ပြီ
(မှန်းတတ်ပြီပြောတာနော် သိပ်မတွက်တတ်သေးပုစ်)
၇ နဲ့ စားတဲ့မရဏတော့မသိသေးဘူး
အာ့ကကော ဘယ်လိုတွက်ရတာလဲဆရာ


Na Win Thi Ha မွေးသက္ကရာဇ်ကို ၇ နဲ့ စားလို့ ရလာတဲ့  မူလမဟာဘုတ်က မရဏအိမ်က ဂဏန်းပါ ၅ကြွင်းဆို တနင်္ဂနွေ က မရဏပေါ့ 


 မရဏအိမ်က ပုံသေလားဆရာ
သက်ရောက်လိုပြောင်းသေးလားဆရာ
လုံးလုံးကို ဗေဒင်နဲ့ ပတ်သတ်ရင်အစိမ်းသက်သက်မို့ မေးတာပါဆရာ စိတ်မရှိပါနဲ့ 


Na Win Thi Ha သဘောက အသက်ကို ၈ နဲ့ စားလို့ ရတဲ့ အကြွင်းအရ ၅ကြွင်းမွေးတစ်ယောက်ဟာ တနင်္ဂနွေ သက်ရောက် ဖြတ်တိုင်း မရဏဂြိုလ် သက်ရောက်ဖြတ်တယ်လို့ ဆိုတာ ဥပမာ..အသက် ၂၅ နှစ် ဖြတ်တဲ့  တနင်္ဂနွေ သားသမီး မရဏဖွား ရဲ့  သက်ရောက်ကို မရဏသက်ရောက်လို့ ခေါ်တာ....တနင်္ဂနွေမရဏဖွားဆိုတာ ၅ကြွင်းနှစ်မွေးကို ဆိုလိုတာပေါ့ 


ဝကြွင်းနေတယ်ဆရာ အဲဒါဆိုဘာလဲဆရာ


Na Win Thi Ha ဥပမာ..အသက် ၄၁ နှစ်ရှိတဲ့  ဗုဒ္ဒဟူးသာုးသမီး ရဲ့  သက်ရောက်က သူ့ မွေးနံ ဗုဒ္ဒဟူးဂြိုလ်မှာပေါ့ ....ဒါကို နောက်တစ်ကွက်ဆုတ်လိုက်ရင် အသက် ၄၀ အင်္ဂါ သက်ရောက်ဖြစ်သွားတယ် အသက် ၄၀ ဆိုတာ ၈ နဲ့ စားရင် အကြွင်းသုညပေါ့ ...ဒါကြောင့်  အသက်ကို ၈ နဲ့ စားလို့  အကြွင်းပြတ်ပြီး သုည ကြွင်းတိုင်း ကိုယ့် မွေးနံဂြိုလ်ကနေ နောက်တစ်ကွက် ဆုတ်လိုက်ရင် အဲ့ နှစ်ရဲ့ သက်ရောက် ရလာတယ်...ဒီတော့  ဗုဒ္ဒဟူး သားသမီး ၃၂ ၊ ၄၀၊ ၄၈ ၊ ၅၆ ၊ ၆၄ နှစ်တွေဟာ အင်္ဂါသက်ရောက်တွေဖြစ်လာတယ်....