'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, February 25, 2015
''သူဘာလုပ်လို့ ရနိုင်သလဲကို တွေးပြီး ..''
သူဘာလုပ်လို့ ရနိုင်သလဲကို တွေးပြီး သူလုပ်လို့ ရတာတွေ လုပ်သွားနေတာကို အဓိကမြင်နေရတာ...အဲ့ ဒါမျိုးစိတ်လေးကို သဘောကျတာ....
------------
သူက အကယ်ခံဖို့ မိုးသက် မုန်တိုင်းထပြီး လှိုင်းထန်နေတဲ့  မဟာသမုဒ္ဒရာရေပြင်ကျယ်ကြီးကို ဖြတ်ကူးနေတာ မဟုတ်ပဲ...ကိုယ်စီးလာတဲ့ သင်္ဘောကြီး စ နစ်နေတုန်း အခြေ အနေ မကောင်းမှန်းသိကတည်းက သူဘာလုပ်လို့ ရမလဲကို စကြံပြီး လုပ်လို့ ရတာ ရုန်းလို့ ရသလောက် နာရီပိုင်း ရက်ပိုင်းဖြစ်ဖြစ် ရုန်းကန်နေသွားမယ့် သဘော...
ကိုယ်နဲ့ ဘ၀တူတွေလို .ဖြစ်သမျှအကြောင်း ကံမကောင်းလို့ ပါလေတို့  ဒီလောက် အပြောကျယ် လှိုင်းထန်နေတဲ့ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီးထဲ ဘာမှလုပ်လို့ မရတော့ ပါဘူး.ဘာလုပ်လုပ် သေမှာပါပဲလေတို့ ......
စသဖြင့် ပေါ့  အဲ့ လို ရုန်းမှ မရုန်းကြည့် ရသေးဘူး ခွန်အားတွေကြိုကျ ငြီးတွားပြီး ငုတ်တုတ် အသေခံသွားဖို့ စိတ်ကူး မရှိခဲ့ ဘူး...အဲ့ စိတ်ကလေးကို အတော်သဘောကျတာ...ကံကြမ္မာဆိုးရဲ့ အောက်မှာ လူ့ အား မတန်တာတောင်မှ စိတ်ခွန်အားက မလျှော့ ပေးဘူး.....
''ခေတ်ပညာအား နည်းပညာအားတွေ နောက်ကျလေလေ လွပ်လပ်ရေး ဆုံးရှုံးဖို့ နီးစပ်လေလေ...''
''ခေတ်ပညာအား နည်းပညာအားတွေ နောက်ကျလေလေ လွပ်လပ်ရေး ဆုံးရှုံးဖို့ နီးစပ်လေလေ...''
--------------
ခေတ်က ၂၀ရာစုတောင်မဟုတ်တော့ ဘူး.....၂၁ရာစုခေတ် နည်းပညာ တော်လှန်ရေးတွေ နေ့စဉ်လိုလိုဖြစ်နေတဲ့ ခေတ်...၊
ဟိုခေတ်ကတည်းက နည်းပညာနောက်ကျခဲ့ လို့  မဟာဗန္ဓု လအုဗုံးမှန်လို့  ကျနော်တို့ ငယ်ငယ်က ပြက်လုံး အထုတ်ခံခဲ့ ရပြီးပြီ ရှေ့ တန်းစစ်မြေပြင်မှာ ရွှေထီးတ၀င်းဝင်းနဲ့  သွားကွပ်ကဲနေမှတော့  ဒီရွှေထီးအောက် က ဗွီအိုင်ပီက စနိုက်ပါပစ်မှတ်ကြီးဖြစ်နေတာပေါ့ တဲ့ .ခေတ်ပညာကွာသွားရင် ခံရလွယ်တယ်ဆိုပါတော့ ..
ဝေးဝေးမကြည့် နဲ့  အခုလောက်ကိုင်ပဲကြည့် ပါ...မြေပြင်စစ်တိုက်စွမ်းရည်ချင်း တူတယ် ထားဦး. လေကြောင်း ပစ်ကူ ကိုင်ထားနိုင်တဲ့ တပ်က နည်းပညာအရကြည့် ရင် တပမ်းသာတယ် မဟုတ်လား ဒါ..ကလေးတောင် တွေးလို့ ရတယ်...
'''ခေတ်ပညာ ခေတ် စာမတတ်ရင် နေပါစေ ငါတို့ အစဉ်အလာ ယုံကြည့် မှု့ တွေ တော့ အပျက် မခံနိုင်ဘူးဆိုတာ လက်တွေ့ မကျပါဘူး ''' အာရွှီးယုံလောက်ပါ ဆိုတာရဲ့ သက်သေက.. မဟာယာနတွေရဲ့ တိဘက်ပြည်ကြီး ဘာလို့ တရုပ်က လွယ်လွယ်နဲ့ ဝင်သိမ်းပိုက်သွားနိုင်လည်းဆိုရင် ဘာလက်နက်မှ ကောင်းကောင်း ကန်းကန်းမရှိလို့ ပေါ့ 
