Wednesday, February 18, 2015

''စောစောကတက်ကြွနေတဲ့  လက်ကြီးက လေထဲတန်းလန်းကြီး.''

''စောစောကတက်ကြွနေတဲ့  လက်ကြီးက လေထဲတန်းလန်းကြီး.''
---------------
နားအကြားနဲ့ မျောခဲ့ ဘူးတာလေးတစ်ခုပြောရရင် မှောင်ခိုဈေးဆိုတဲ စိန်ဂျွန်းဈေးခေတ် နှောင်းလောက်ရောက်ခါနီးလုလုပေါ့  ..ယိုဒယားနယ်စပ်အခြေပြု မာနယ်ပလောတို့ သေဘောဘိုးတို့ မှာ ရန်ကုန်မှာတောင် ဘောစိတွေလောက်ပဲသုံးနိုင်သေးတဲ့ ဖိုးဝှီးလ်ဒရိုက်ကားကြီးတွေ နဲ့ စည်ကားနေပုံကို ယိုးဒယားပစ္စည်းတွေ မှောင်ခိုကုန်ကူးနေတဲ့  အမျိုးတွေတင်စားပြောနေပုံက နတ်ဘုံလောက်နီးနီးပဲ...

အပြောကောင်းချက်က ကိုယ်တွေပါ အိမ်ပစ်ပြီး လိုက်သွား နေချင်စရာ ကောင်းလောက်အောင်ပေါ့  ထိုင်းမှာစည်ကားနေပုံကလည်း ဒူးအော်ဖစ်လို တီလုံးတို့ ဒေးဗစ်တစ်ချမ်းတို့ လို့ ဟောင်ကောင် မင်းသားကားတွေကနေ မြင်နေရလို့  ထိုင်းနယ်စပ်ဆိုတော့  နတ်ပြည် လောက် နီးနီးစည်နေပြီဆိုတာ ဟုတ်လောက်မှာပဲလေ...ပေါ့...

အမျိုးတွေပြောပုံကိုက သူတို့ တွေအင်အားကြီးနေပုံက အစိုးရတပ်တွေတောင် သွားတိုက်ဖို့ မလွယ်သလိုလို....နောက်တော့  အဲ့ စခန်းတွေက ကွိုင်ရော...ကွိုင်တော့  ရှာရဖွေရတာညစ်နေတာ ရိုက်ကွက်ကောင်စီဥက္ကဌကစပြီး နိုင်ငံတော်ကောင်စီဝင်တွေအထိ အာရုံမလာတော့ လောက်အောင် ဗိုလ်ကျနေတာကိုလှိမ့် ခံနေရတာ..အစစရှားပါးနေတော့  အတော်လန်းနေတယ်ဆိုတဲ့ ထိုင်းနယ်စပ် စခန်းကြီးတွေကို  ကိုယ်တွေက နဂိုကကို ကိုယ်တွေထက်ထောနေရပါ့ မလားလို့  မနာလို တိုရှည်တွေဖြစ်နေတုန်းဆိုတော့  လက်ခုပ်တွေတီး သြဘာတွေပေး..ကိုင်းးးဘာတတ်နိုင်သေးတုန်း..ငါတို့ ဗမာ့ တပ်မတော်ကို အချဉ်တွေများ ထင်နေလို့ လားဟေ...ဒါပဲပေါ့ ..ဘာညာနဲ့  လက်သီး လက်မောင်းတန်းပြီး တက်ကြွပြတုန်း.......



''မှန်သောစကားကို ''

နေရာတကာ အမှန်တရားပြောသင့် မသင့်  ဆိုတဲ့ ကိစ္စက ငြင်းရခုန်ရတာ ၀ါသနာကြီးတဲ့ သူတွေကြားမှာ ခေါင်းစဉ်တစ်ခုတင်ပြီး တော်ကီထုလို့ ကောင်းတဲ့ သဘောရှိပါ့ ရဲ့ ဗျာ..ဒါပေမယ့်  အဲ့ လို တော်ကီပွား နေကြလူတွေအများစုက  တကယ့် လက်တွေ့ ဘ၀မှာဆိုရင်တော့  မီးစင်ကြည့် က ပြောလိုက် တတ်ကြတာက အများစုပါလေ ဆိုတာမျိုး တွက်ဆလို့ ရတာကလည်း အံ့ ချက်ပါလေ လို့  ဆိုရမလိုပါပဲဗျာ့ .....

ကိုယ့် ဟာကိုယ်သာ ''ငါတော့ အခြေအနေ အမှန်ကို အမှန်အတိုင်း ပြောလိုက်တယ်အေ..မကြိုက်လည်း မတတ်နိုင်ဘူး''. (အမှန်တရားလက်ကိုင်ထားသူကြီး ငါကွ ) လို့ သာ ခပ်တည်တည်နဲ့  ထင်နေတာ ကိုယ်ပြောလိုက်တယ် ထင်တဲ့  အမှန် ပြောလိုက်တယ်ဆိုတာ အမြင်ကို အထင်ကပ်ပြီး ပြောလိုက်တာလား ?အမှန်လား အမှားလားအဖြေပေါ်ပြီမို့ လို့  ကိုယ်ပြောတာ အမှန်တရားပြောတာလို့ မှတ်လိုက်တာလား? ဆိုတာ ကြားခဲ့ ရသမျှ အတော်များများကိုယ်ပြောခဲ့ တာကို  ကိုယ် ပြန်စဉ်းစားပုံမရတာကလည်း အံ့ တော်မူတစ်ပါးပါလေ...

အလေ့ အကျင့် .လက်ယဉ်ခြင်း.နဲ့ အစွဲ..


အလေ့ အကျင့် .လက်ယဉ်ခြင်း.နဲ့ အစွဲ..

လက်ယဉ်မှု့  သဘောကို ထည့် တွက်မိရင် လူတစ်ချို့ ဘာလို့ ရက်စက် လွယ်သလဲ လူအများစု ဘာလို့ ရက်စက်ဖို့ တွန့် ဆုတ်နေသလဲ ဆိုတာ ရိုးရိုးလေးပေါ်လာတယ်...

ဆဲနေကြလူမှ လွှတ်ကနဲဆို အသံထွက် ဆဲဖြစ်တယ် ဘုရားတနေကြလူက ရုတ်တရက်မှာ ဘုရားတလေ့ရှိတယ် ဆဲနေမကြရင် အလွယ်နဲ့ မဆဲဖြစ်သလို ထွေလီကာလီတွေလည်းစာဖွဲ့ ပြီး မဆဲတတ်ဖူး စိတ်ထဲမှာ အမေကို တန်ဘိုးထားပြီး အမေတနေကြလူက ရုတ်တရက် ခလုပ်တိုက်ရင် အမေ့  ပဲ..ဘာမှတနေမကြတဲ့ သူက ရုတ်တရက်လန့် ပြီဆို အားကနဲ တို့  ဟ တို့  လောက်ကစယောင်တယ်

ဒီသဘောကို လက်ခံနိုင်ပြီဆိုရင် ဘာလို့  လူတွေကို ခေါင်းဖြတ်တာ ရိုက်နှက်တာ လက်ယဉ်သလဲဆိုတာ တွက်ဆလို့ ရနိုင်သလို သေနတ်နဲ့ ပစ်သတ်တာ ဘာလို့ လွယ်သလဲဆိုတာလည်း ရိပ်မိနိုင်ပြီ..

ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်မှာ စပိုင်တွေ အပြန်အလှန်လွှတ်တယ် ငယ်ငယ်ကတည်းက စပိုင်လွှတ်ထား ၀င်ရောထားစေတယ် နောက်တော့ မိတယ် အနှစ်နှစ်ဆယ်ကျော်လောက် စနစ်တစ်ကျလေ့ ကျင့် ပြီး နိုင်ငံသားလုပ်ထားတော့ တစ်ဖက်နိုင်ငံသားဖြစ်ကြောင်းဖေါ်မရဘူး ရုတ်တရက် လှန့် လိုက်တယ် လန့် ပြီး ယောင်လိုက်တာက မူရင်း မိခင် နိုင်ငံသားဘာသာစကားနဲ့ ယောင်မိတယ် အဲ့ တစ်ချက်တည်းကို နင်းပြီး စစ်တယ် စပိုင်ဖြစ်ကြောင်းဝန်ခံလိုက်ရတယ်
.
အားလုံး သဘာဝကတော့  လုပ်နေကျ အကျင့် ကို လုပ်ဖြစ်ဖို့ လွယ်တယ်လို့ ဆိုတဲ့ သဘောပဲ လူဖြစ်လာပြီးနောက် ဘ၀ရဲ့ ပထမဦးဆုံး အရက် တစ်ပက် အာခံတွင်း ထဲရောက်ဖို့  ဘယ်လောက် ကြိုးစားယူခဲ့ ရသလဲ...သေခြာတာတော့  အရက်သောက်ဖူတဲ့ အကြိမ်ရေ အတော်အသင့် ရှိခဲ့ ပြီဆိုရင် အခုနေ အရက် တစ်ပက်ပြန်သောက်မိဖို့ ဆိုတာ ဘ၀ရဲ့ ပထမဆုံး အရက်တစ်ပက်သောက်ဖူးဖို့ ကြိုးစားတုန်းကလောက် ခက်ခဲမှာ မဟုတ်တော့ ဘူး...

လုပ်နေကျ အပြုအမူ မြင်နေကျ အပြုအမူတွေကို လက်တွေတစ်ကြိမ်လောက် အစ လုပ်မိခဲ့ ပြီ လုပ်ဖူးလိုက်ပြီဆိုရင် လိုက်လုပ်မိဖို့  ဆက်လုပ်မိဖို့  သိပ်ခက်ခဲမနေတော့ ဘူး..ဒါကို တစ်တက်စားလည်း ကြက်သွန်သဘောလို့ စကားပမာဆိုကြတယ်..

ဒီအပြုအမူတွေရဲ့ အလေ့ အကျင့် ဖြစ်နေတဲ့ သဘောမှာ အမှားအမှန်တွေ သဘောထက် လုပ်နေကျ အလေ့ အကျင့်တွေ ရဲ့ သဘာဝကို ပြောတဲ့ သဘောလောက်ပါပဲ...ဒါကြောင့်  မီးဖိုချောင်က အိုးသူကြီးမတွေ အိမ်စားဖို့  ဟင်းချက်တော့  ငါးခေါင်းခုတ်ဖို့  ကြက်ခေါင်းခုတ်ဖို့  ပုဇွန်ခေါင်းချိုး ပုဇွန်ကျောခွံခွာပစ်လိုက်ဖို့  စိတ်ထဲမှာ တစ်ခြားသတ္တ၀ါတွေရဲ့  ဘော်ဒီကို လုပ်နေပါလာဆိုပြီး မတုန်လှုပ် ၀န်မလေးကြတဲ့ သဘော.။ ...။။။