Monday, February 9, 2015

''ပါးပါးနပ်နပ် = ခေတ်သစ် ဒက်ဖနေးရှင်း..''


တစ်ခါတစ်လေ ''ပါးပါးနပ်နပ်ကိုင်တွယ်နေတယ်'' လို့  ပြောဆိုတာဟာ အမျှော်အမြင် ရှိ သယောင် ယောင် လို့ ထင်ရပေမယ့်  အမှန်စင်စစ် အတွင်း စိတ်သဘောမှာတော့  အများ အတွက် ကောင်းကျိုးဖြစ်စေမယ့် စေတနာကောင်းကို ဖေါ်ညွှန်းတာထက် ကိုယ့် ရာထူး ကိုယ့် နေရာ မပျောက်ရအောင် အချိန်ယူ ကြံစီနေတာ ဆိုတဲ့ အဓိပ္ပါယ်လည်း ရနိုင်ပါတယ်..နောက်တစ်နည်း ပြောရရင် ကလိမ် ကကျစ်နည်းတွေကို အသေအခြာ တွက်ချက် စဉ်းစားပြီးလုပ်တာမျိုးလို့ ဆိုလို ရာလည်း ရောက်နိုင်ပါတယ်..သဘောက ရမ်းမတိုက်ပဲ အိမ် အခြေအနေကြည့် ပြီး အကွက်ချ ဓားမြတိုက်တဲ့ သဘောမျိုးပေါ့ .......။

''သာဓုလေးတောင်ခေါ်မသွားနိုင်ပါသော...''

အရပ်ပုံပြင် ဇာတ်ပုံပြင်လို့ ပဲဆိုကြပါစို့ ရဲ့ နော်..အဖြစ်အပျက် က တစ်သက်လုံး အရပ်ကော်ဆဲဆိုးမိုက် လူ့ အော့ ကြော်လန်ရင်း အရက်ကို စွဲစွဲမြဲမြဲ သောက်လာတဲ့  သောက်သောက် စားစား ရွှေမန်းသား..အဲ..ရွှေမင်းသားဆိုတဲ့  ကိုပိတ်တာ ဆိုသဟာဆိုတာလည်းတဲ့ သွေးနဲ့ ကိုယ်သားနဲ့ ကိုယ်ဆိုတော့  ဘယ်လောက်ပဲ လူမိုက်ကြီး လူ့ ပြိတ္တာကြီးဘွဲ့ ပဲခံယူထားထား တစ်နေ့ တော့  သေဖိုအချိန်ရောက်လာရောတဲ့ ...ဒါနဲ့ သေငယ်ဇောနဲ့  အိပ်ယာထက် ပက်လက်လေးဖြစ်နေတဲ့ အချိန်တွေဖြစ်လာတော့  သူ့ အိမ်သားတွေက တစ်သက်လုံး အရက်သောက် အရပ်ကော်ဆဲ ဆိုးမိုက် အော့ ကြောလန်ခဲ့ သူဖြစ်ပေမယ့်  ကိုယ့် အိမ်သားပဲလေ ဆိုပြီး နောင်ဘ၀ကို ကုသိုလ်လေးနဲနဲပါးပါး ပဲဖြစ်ဖြစ် ပါသွားပါစေတော့  ငရဲကျလဲ သက်သာတဲ့ လွတ်ရက်စောတဲ့  ငရဲလောက်ဖြစ်ပါစေတော့ ဆိုပြီး ဆြာတော်တွေ့ ပင် သင်္ဃန်းတွေ ဘာတွေကပ် ရေစက်တွေဘာတွေချ မေတ္တာသုတ်တို့ ဘာတို့ အဲ့  ဒီ့ သေအဲ့ ဆဲဆဲ လူမိုက်ကြီးဘေးမှာ ၀ိုင်းသီတင်း သုံးပြီး ရွတ်ဖတ် ပေး တော်မူကြပါသတဲ့ ..