Tuesday, February 3, 2015

မေးခွန်းတစ်ခု( အဖြေတစ်ခု)



မောင်နှစ်မချင်းချင်း ဖာလူဒါတစ်ခွက်ပိုသာက်သွားတာလား အတည်မေးလား စမ်းကြည့် တာလားတော့ သိဘူး...ပီဇာဝိုင်းစားနေရင်း အလတ်မကမေးတယ် (..ခိခိ..စာရေးတာတောင် ရိုးရိုးသားသားမရေး နံပြား ပျော့ ပျော့ စိစိကို ဟင်းတွေ အသားဖတ်တွေ တင်ပြီး အချဉ်ရေဆမ်းစားနေကြောင်း ကပ်ဒိုးလေကြွားလိုက်၏)..

ကိုဂျီးတဲ့ ..ကိုဂျီးရေးနေတဲ့ ဗေဒင်စာတွေကို သူများတွေက သူတို့ ရေးတာဆိုပြီး စာအုပ်တွေထ ရောမွှေရေး ထည့် ထုတ်လိုက်ရင်ဘယ်လိုနေမလဲ ခံနိုင်လား..တဲ့ ...

ဟိုက်ရော..အချင်းချင်းတွေ လက်နက်ကြီး ပစ်ကူကြီးနဲ့ ဟ..ခလိခလိ.။ ..ကျနော်က ပြန်ဖြေလိုက်ပါတယ်...နံပြားပျော့ ဖတ်ဖတ်ကြီးကိုတော့  လက်က မချပါဘူး..အိမ်ကလူတွေ လက်သွက်တယ်လေ...ဟီးးး..ဒါနဲ့ ..

''ဟင့် အင်း..ဘယ်နှယ့် မှ မဖြစ်ဖူးဟ...ငါက ငါရေးချင်တာ ရေးပြီးရင် ပြီးပြီ ကျန်တာ စိတ်မ၀င်စားဘူး..နင်စဉ်းစားကြည့်  ဗေဒင်က လူပြည့် ပဲ သုံးတာ နတ်ပြည်တွေ ငရဲပြည်တွေမှာ သုံးလို့ မရဘူး..သူများက သူများစာယူသွားပြီး သူ့ အမည်တပ် လုပ်လည်း လူတွေ ကောင်းဖို့ အတွက်ပဲ လုပ်မှာလေ ဘယ်ခွေးတွေ နွားတွေမှ လူတွေလို စာမဖတ်ဘူးလေ..ငါကတော့ ဘာမှ အရေးမကြီးဘူး အေးဆေးပဲဟ.....''..လို့ ပြောလဲပြော စားလဲစားပေါ့ လေ..ဟဲဟဲ...

အဲ အဲ ပလုပ်ပလောင်း ပီဇာဝါးရင် ပြန်ဖြေလိုက်တာ နင်တင်တင်က ဖြစ်သွားသေးလို့  ဂလု ဂလု ဆိုပြီး ရှေ့ စားပွဲပေါ်က ကိုယ့် ကိုယ်တာ  ဝေပုံကျ သံဗူးလေး လေသလပ်ပြီး အလိုလို မလျော့ သွားခင် ခပ်မြန်မြန်လေး ကောက်မော့ ပြီး ဂွတ်ဆိုပြန်ချထားလိုက်ရတယ်..ငင့်  အမယ်မယ်....အလတ်မမျက်နှာက မချိုမချဉ်နဲ့   လူကို ဘုရားဖြစ်မယ့် အုပ်နီခဲလိုလို ဘာလိုလို ကြည့် ပုံက...ဟီးးး....( အဲ့ ဒါ စိတ်ရင်းအတိုင်းပါပဲဗျား)

ဒါပေမယ့်  ဒါဟာ တစ်ယောက်ချင်းရဲ့ သူ့ ပိုင်တယ်ထင်တဲ့  သူ့ ပစ္စည်းတွေအပေါ် ကျီးထိုးထိုး ရွှေချချ သဘောရှိ ဆိုပြီး ထားချင်ရင် ထားနိုင်တဲ့ သဘောတရားမျိုးသာဖြစ်ပြီး အများစု ရဲ့ သဘောတရားဖက်ကကြည့် ရင် အဲ့ လိုမျိုးအခြေအနေဖြစ်လာဖို့ မလွယ်ပါဘူးဗျာ...(ဒီလို သဘောရှိဆိုတိုင်းလည်း ရင့် ကျက်သူကြီးတို့  သဘောကောင်းတယ်တို့  လူကောင်းကြီးပါလို့ တွက်လို့ မရနိုင်ပြန်ပါဘူး...လူဆိုတာ စိတ်အပြောင်းအလဲအမျိုးမျိုးဖြစ်တတ်သလို တစ်နေရာမှာ
ကောင်းသလိုလိုဖြစ်ပေမယ့် နောက်တစ်နေရာရာမှာတော့  ပုံစံတစ်မျိုးနဲ့ ဆိုးချင်ဆိုးနေတတ်ကြောင်းပါဗျား..

စိတ်ထူးဆန်းလေးပါ. (အတွေး)


ဘယ်လိုပြောရမလဲဆိုတော့ လေ..တစ်ခါတစ်လေ တွေးကြည့် ရင်ရယ်စရာလည်းကောင်းတယ် ထူးလည်း ထူးဆန်းတယ်ပေါ့ ..ဆိုပါတော့  ကိုယ်နဲ့ လည်း တိုက်ရိုက်မဆက်ဆံဘူး မထိတွေ့ ဘူးတဲ့ လူတွေကို သူများအပြောနဲ့ အသေအလဲ မုန်းချင်မုန်းနေတာမျိုး ချစ်ချင်လည်း စွတ်ဆက်ချစ်နေတာမျိုး ဖြစ်နေတတ်တယ်လေ..
တစ်ခါတစ်လေ ကိုယ့် ကိုဒီလောက် ဒုက္ခတွေပေး လူမွှေးလူတောင်မပြောင်လောက်အောင် နှိပ်စက် ကလူပြုနေသူကိုမှ ဘေးလူတွေ အံ့ သြလောက်အောင် သည်းခံ နိုင်လွန်းသူကြီးလိုလို ဘာလိုလိုနဲ့  ခွှင့် လွှတ်ပြချင်ပြ သဘောတွေလှိမ် ကောင်းချင်ကောင်း နေတတ်ပြန်ရောဗျာ...
ပိုထူးဆန်းတာရှိသေးတယ်..သူများတကာတွေက ရှင်သန်ဖို့ ကြိုးစားနေတုန်း အလတ်ကြီးရှိသေးတဲ့ ကိုယ်တွေက တော်ကြာပဲသေတော့ လို မနက်ဖြန်ပဲသေတော့ မလိုလိုနဲ့  ကောင်းကောင်းမွန်မွန်သေဖို့ ချည်းကြိုးစားချင်ကြိုးစားနေပြန်တယ်လေ...
တစ်ခါတစ်ခါ ထူးဆန်းချက်က အခု ရှင်နေတဲ့ ဘ၀မှာ ရှာရဖွေရဆင်းရဲဒုက္ခတွေများနေတာကို ဒီလောက် မခံစားရဘူး သေပြီးမှ ဖြစ်ချင်ဖြစ်လာမယ့်  နောင်ဘ၀မှာ မချမ်းသာမှာ ဆင်းရဲမှာ ဒုက္ခတွေ ရောက်ရမှာကို အခုမသေခင်မှာကိုကြို တွေးတွေးပြီး အသေအလဲ တွေး ကြောက်ချင် ကြောက်နေတတ်တာမျိုး....
တစ်ခါတစ်လေတော့ လည်း ကြောက်ပုံကြောက်နည်းက တစ်မျိုးလေး..ဘာအာဏာရှင် ညာအာဏာရှင်တွေကို ဒီလောက် မကြောက်ဘူး မကောင်းတာလုပ်မိလို့ ရှိရင် ချက်ချင်းပဲ မြေမြိုပြီး ငရဲတို့ အ၀ီစိတို့ ကျရချည်ရဲ့ ဆိုပြီး တွေးတွေးပြီးနေစရာ နေရာမရှိအောင် ကြောက်ချင်ကြောက်နေတာမျိုးလည်းဖြစ်နေတတ်သေးတယ်
..တစ်ခါတစ်ခါတော့  ကိုယ့် မှာ အကြွေးဒလဗျစ်တွေသာ တင်နေသေးတာ လှုချင်ပြီဆိုရင်တော့ မတွန့် ပါဘူး.နောင်ခါလာ နောင်ခါဈေး သဒ္ဒါကကြီမှကြီးပေါ့ ...မသထာဘူးဆိုရင်လည်း သူ့ ဟာသူ ငတ်ငတ်ပြတ်ပြတ် ကိုယ်နဲ့ မဆိုင်သလိုလဲ နေစိမ့် တတ်တာ ထူးဆန်းတဲ့ စိတ်ပေါ့ လေ..
တစ်ခါတစ်ခါ ဘယ်ပညာယှိမှ လိုက်မမီအောင် အမျှော်အမြင်ကြီးချင်ကြီးပြနေတတ်ပြီး တစ်ခါတစ်လေ ဒူချက်က အူသာအူလိုက်ချင်ပါရဲ့ ဗျိုးးးး ဆိုသလိုပါပဲ...
အာ့ ကြောင့်  တစ်ခါတစ်ခါ ကိုယ့် စိတ်ကိုယ်တောင် နားမလည်ပါဘူးလို့ ...ဟီးးး..

ပယောဂလော..?..ဟုတ်..အင်းးးးး...မတိပုစ်..ငင့် ...ခိခိ(ဗေဒင်)


ပယောဂလော..?..ဟုတ်..အင်းးးးး...မတိပုစ်..ငင့် ...ခိခိ
-----
ဝတ္ထုရေးသလို ရေးပြလက်စတွေ တန်းလန်းထားပြီး အခုလက်တွေ့ ဖြစ်ရပ်တစ်ခုကို ရေးပြပါမယ်..ဒီနေ့ အဖြစ်အပျက်ပေါ့ ..အဲ့ အမျိုးသမီးက အောက်တိုဘာ ၈၅ ဘွန်း ကြာသာပတေးသမီးပါ...အဲ့ တော့  ၃ကြွင်း သိုက်ဖွားပါ..၊ ဆရာဝန်မလေးပါ..ဗေဒင်လာတွက်ရတဲ့ မူလအကြောင်းက နောက်လမှာ အိန္ဒိယသွားဖို့ ရှိလို့ လာခဲ့ တာပါ။ ကြာသာပတေးသမီး အသက် ၃၀ ဆိုတာ အင်္ဂါသက်ရောက်ပါ...ဒီတော့  အင်္ဂါသက်ရောက်ရဲ့  စိတ်တိုစရာနဲ့ စိတ်ဖိစီးမှု့ တွေအကြောင်းနဲ့  တနင်္လာနံခိုက်လို့  ဖြစ်တတ်တဲ့ သဘာဝတွေ ပြောလိုက်ပါတယ်...ကားမတော်တဆမှု့ ပါဖြစ်တတ်ကြောင်း ပါသွားပါတယ်...(အမှန်က အင်္ဂါသက်ရောက်သူမှန်သမျှ တနင်္လာနံခိုက်သတ္တိကြောင့် ကားသတိထားပါချည်းထည့် သတိပေးတာပါ သူ့ ကိုချည်းကွက်ပြောတာမဟုတ်ပါဘူး ) လစိတ်ချတော့  ပြီးခဲ့ တဲ့   ဇန္န၀ါရီလထဲ နဲ့  အခုဖေဖေါ်ဝါရီလ ဒုတိယပတ်အထိဟာ ဒီအသက် ၃၀ထဲမှာကျနော်ပြောတဲ့  စိတ်တိုစရာစိတ်ဖိအားတွေနဲ့  ကားမတော်တဆမှု့ တွေ စသဖြင့်  အဖြစ်နိုင်ဆုံး ပထမ နေရာဖြစ်တယ်လို့ ထည့် ပြောတာပါသွားတယ်ဗျ..
အဲ့ မှာ အဲ့ ဆရာဝန်မလေးဆီက စကားသံထွက်လာတာက ဒီလပိုင်းထဲမှာပဲ ကားသွားသွားပွတ်မိတာ ၂ ခါရှိပြီလို့ ပြောတော့ တယ်( ဒါလဲကြားဖူးပေါင်းများလို့ ရိုးနေပါပြီ)..

ဒါပေမယ် သူ့ မှာပြဿနာဖြစ်နေတာက...သူဟာ အိန္ဒိယကပြန်လာရင် မေလထဲမှာ မင်္ဂလာဧည့် ခံပွဲလုပ်ဖို့ ရှိတယ်လို့ ဆိုတယ် ( ကျနော်နဲနဲ မျက်လုံးပြူးသွားပါတယ်..အင်္ဂါသက်ရောက်မှာ မင်္ဂလာ ဆောင်မယ်ဆိုတော့ လေ)..ဒါပေမယ့်  လက်မှတ်ထိုးထားတာ သုံးနှစ်လောက်ရှိပြီလို့ ဆိုတယ်
( ငင့် ..အဲ့ ဒါဆို အခုအသက် ၃၀ထဲကနေ ၃ နှစ်ပြန်နှုတ်တော့  သောကြာမရဏမှာ လက်မှတ်ထိုးထားတဲ့ သဘောပေါ့ )..သူ ဘယ်လိုမှ မေတ္တာမရှိတာ ယောက္ခမအိမ်က အိမ်အကူအမျိုးသမီးကြီးကိုပါတဲ့ 
 ...( တိန်...အခုထဲက ယောက္ခမအိမ်တက်နေလို့  ယောက္ခမအိမ်က ဘဏ္ဍာထိမ်းနဲ့ ကွိုင်နေတာလား..ယောက္ခမအိမ် သွားလည်တုန်း ကွိုင်လာတာလားတော့ ဆက်မမေးမိတော့ ပါဘူးဗျာ စကတည်းက ယဉ်သကိုးတော့ ဖြစ်နေပြီပေါ့ လေ့ )...အဲဒါ အဲ့ အမျိုးသမီးကြီးက သူ့ ကို ဘာညာဘာညာများ..?...( ငင့် ...စွပ်စွဲချက်ကလည်း ပြင်းထန်လှချည်လားဝေ့ ....)

အဲ့ တော့  ကျနော်က အဲ့ ဒီ့ အမျိုးသမီးက လုပ်မလုပ်တော့  ကျနော်မသိဘူးဗျ...ကျနော်သိတာ..ဒီဇာတာ အရ အခု ၁လပိုင်းနဲ့ ၂လပိုင်းကြား ၁ကြိမ် မေလလယ်ကနေ ဇွန်လကြားတစ်ကြိမ် ၊ ၃၀ပြည့် ခါနီး ၁လအလို တစ်ကြိမ် အရင်နှစ်တွေထက် အရစ်ခံရမယ်...ဒါပဲဗျာ..အခု ဖြစ်ခဲ့  ဟိုအမျိုးသမီး ပယောဂပါမပါတော့ မသိဘူးဆိုပြီး...သက်ရောက်အကြောင်း နဲနဲ ရှင်းပြလိုက်ပြီးမှ အကာအကွယ် ယတြာတွေ ပြောလိုက်ရတယ်

သဘောက လောကဓံက သူ့ အလုပ် သူလုပ်နေတာကို ကျနော့် ထောင့် က ဒီလိုမြင်တာကို ပြတာပါ ပယောဂ ဟုတ်မဟုတ်ဘာညာတွေက ကျနော့် လိုင်းနဲ့ မဆိုင်လို့  ကျနော်မဝေဖန်နိုင်ပါဘူး ကျနော်ဘာလုပ်ပေးလို့ ရမလဲသာ စဉ်းစားပါတယ်လို့ ပါ...ပြီးတော့  သက်ရောက်တဲ့ လစိတ်ကို ပြောပြတာပါ...ဘယ်လို့ အဆင့် အတန်းဘာပညာရှင်ဖြစ်စေ သူ့ သက်ရောက်နဲ့  သူ့ လစိတ်က လစ်ရင် လစ်တဲ့ နေရာက ရသလောက် တွယ်လွှတ်လိုက်တာပါပဲလို့ ပြောတာပါပဲဗျာ)

ကိုယ့် ရှေ့ မှာ လာပြီး နှပ်ချေးထွက်မျက်ရည်ထွက်ပြီးငိုပြတဲ့ ပထမဆုံးကြုံရတဲ့  တနင်္ဂနွေသမီးလေး အင်္ဂလောင်မလေး အကြောင်း နောက်တော့ ရေးပြပါ့ မယ်..ဘာတွေဖြစ်ခဲ့ ကြတာလဲငင့်  ငင်...ပေါ့ လေ..ကျနော်လည်း ဘိုမလေး လှတပတလေးတျောက် ကိုယ့် ရှေ့ မှာ လာငိုပြတာ မကြုံဘူးလို့  ဗိုက်နာသလိုလို တေးပေါက်ချင်သလိုလို ခါးက၀တ်ထားတဲ့  ခါးပုံစ ပုဆိုးစလေး ရှည်ရှည်လေးဆွဲဖြည် လှမ်းပေးပြေီး ရော့ ရော့  နိုနဲ့  တိတ်တိတ် လို့ ချော့ ရမလိုလို ဖစ်တွားပါတီ...ငိငိ..